Website Building Bootcamp (WBB)

5.0
Rated 5.0 out of 5

Website Building Bootcamp (WBB)
===========================
ခေတ်ရဲ့လိုအပ်ချက်အရ အသေးစား အလတ်စားလုပ်ငန်းတွေမှ အစပြုလို့ ကုမ္ပဏီကြီးတွေ အပါအဝင် လုပ်ငန်းကဏ္ဍအသီးသီးအတွက် Website အမျိုးမျိုးကို ဖန်တီးတည်ဆောက်ပြီး ရပ်တည်ကြရတော့မယ့် အချိန်ကိုရောက်ရှိနေပါပြီ။

ဒါကြောင့် Toe Tet Live Class ရဲ့ Program တစ်ခုဖြစ်တဲ့ Website Building Bootcamp (WBB) နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Toe Tet Live Class ကတော့ ဆရာနဲ့ တိုက်ရိုက် Zoom အသုံးပြုပြီး သင်ကြားနိုင်မည့်အစီအစဥ်ဖြစ်ပါတယ်။​

ဘယ်သူတွေအတွက်လဲ?

– Web Design နှင့် Web Development လေ့လာနေသော ကျောင်းသား၊ ကျောင်းသူများ
– အွန်လိုင်းနယ်ပယ်တွင် ကျင်လည်နေသော Digital Marketer များ
– မိမိရဲ့ Portfolio ကို လှပသေသပ်အောင် တည်ဆောက်ချင်သော Photographer များ နှင့် Freelancer များ
– ကိုယ်ပိုင် Website တစ်ခုကို အချိန်တိုအတွင်း တည်ဆောက်လိုသော လုပ်ငန်းရှင်များ
– E-commerce Website တစ်ခုကို ငွေကုန်ကြေးကျ သက်သာစွာဖြင့် ဖန်တီးလိုသူများ

ဘာတွေလေ့လာရမလဲ?

– Website တစ်ခုရဲ့အခြေခံဖြစ်တဲ့ Domain နှင့် Hosting အကြောင်း
– Domain နှင့် Hosting များကို ကိုယ်တိုင် Register လုပ်၍ ချိတ်ဆက် အသုံးပြုပုံ
– အခြေခံ WordPress CMS အကြောင်း နှင့် Settings များ ပြင်ဆင်ပုံ
– လက်တွေ့ E-Commerce Website တစ်ခုကို Online တွင် တိုက်ရိုက်ဖန်တီး ရေးဆွဲပုံ
– Desktop, Tablet နှင့် Mobile တွင် Responsive ဖြစ်အောင် ပြုလုပ်ပုံ
– ရိုးရိုး Login System နှင့် Social Media Login System ဖန်တီးတည်ဆောက်ပုံ
– အချက်အလတ် လုံခြုံရေးအတွက် SSL (Secure Sockets Layer) ထည့်သွင်းအသုံးပြုပုံ
– မိမိရဲ့ Website ကို Google ရဲ့ နံပါတ် (၁) Page မှာ ပေါ်လာစေရန် SEO (Search Engine Optimization) ပြုလုပ်ပုံ
– Website Loading ပိုမိုမြန်ဆန်လာအောင် ပြင်ဆင်ထိန်းသိမ်းပုံ
– Webmail ကိုအသုံးပြု၍ မိမိ Domain ဖြင့် Email ဖန်တီးပုံ
– Email Marketing အတွက် Plugin များ ချိတ်ဆက်အသုံးပြုပုံ
– မိမိရဲ့ Location တည်နေရာကို Google Maps ဖြင့် ထည့်သွင်းဖော်ပြပုံများ
– မိမိ Websiteကို ဘာသာစကားအမျိုးမျိုးဖြင့် ပြောင်းလဲသုံးဆွဲနိုင်အောင် ပြုလုပ်ပုံ နည်းလမ်းများအပါအဝင်
Online မှာ လွှင့်တင်နိုင်တဲ့အထိ WordPress CMS ကိုအသုံးပြုပြီး သိထား၊ တတ်ထားမှဖြစ်မယ့် အကြောင်းအရာအချက်အလက်များစွာကို အချိန်တိုတိုနဲ့လိုရင်းရောက်အောင် စီစဉ်ထားပါတယ်။

ဘာတွေလိုအပ်မလဲ?

မိမိတွင် Laptop သို့မဟုတ် Desktop ရှိရန် လိုအပ်ပါသည်။
မူလသင်တန်းကြေး – 120,000
July လ 23 ရက်နေ့အတွင်းအပ်နှံပါက
သင်တန်းကြေးအနေဖြင့် ပထမဆုံးသင်တန်းအပ်သူ ၁၅ ယောက်မှာ 49,000 ကျပ်သာ ကျသင့်မှာဖြစ်ပါတယ်။

သင်တန်းချိန်
26 July to 6 Aug (Mon to Fri)
7:00 PM to 9:00 PM
*သင်တန်းသားဦးရေ အယောက်(၂၀) သာ သတ်မှတ်ထားပါသည်။
သင်တန်းအပ်ရန် www.m.me/toetet.mm တွင် WBB လို့ပို့ပေးပါ။
သို့ 09794461888 ကိုဆက်သွယ်အပ်နှံနိုင်ပါသည်။

Trainer’s Profile

ဆရာ Myat Min Lu VECTOR Online Learning Platform ၏ တည်ထောင်သူ တစ်ဉီးဖြစ်ပါသည်။ အိုင်တီ နယ်ပယ်တွင် အတွေ့အကြုံ(၇)နှစ်ကျော်ရှိသည့်အပြင် Creative Designer တစ်ဉီးလည်းဖြစ်ပါသည်။
၂၀၁၃ ခုနှစ်တွင် ဂျပန်နိုင်ငံမှ စစ်ဆေးသည့် နိုင်ငံပေါင်း (၇)နိုင်ငံမှ အသိအမှတ်ပြုသည့် Information Technology Passport Examination (IP) Exam ကို မြန်မာတစ်နိုင်ငံလုံးမှ အောင်မြင်သူ (၁၈)ယောက်တွင် တစ်ဉီးအပါအဝင်ဖြစ်သည်။
နှစ်စဉ်ကျင်းပလျှက်ရှိသော ရန်ကုန်၊ မန္တလေး BarCamp ပွဲများတွင် Volunteer အဖြစ်ဝင်ရောက်ကူညီပေးခဲ့သလို၊ ထို BarCamp များတွင်လည်း တက်ရောက်ဟောပြော ဆွေးနွေးခဲ့ပါသည်။ ထို့အပြင် ဆရာသည် Saylor Academy မှသင်ကြားပို့ချသည့် အမေရိကန်နိုင်ငံ၏ Computer Science ဘာသာရပ်ကိုလည်း ဂုဏ်ထူးဖြင့် အောင်မြင်ထားသူ ဖြစ်ပါတယ်။
၂၀၁၇ ခုနှစ်တွင် RMIT University မှပေးအပ်သော Digital Marketing Certificate ကို ရရှိထားပြီး ၂၀၁၈ ခုနှစ်တွင် Google ၏ Educator Certification Exam ကို ဖြေဆိုအောင်မြင်ထားသော Google Certified Educator တစ်ဉီးလည်းဖြစ်ပါသည်။
လက်ရှိတွင် ဆရာသည် ပြည်တွင်းရှိ ကုမ္ပဏီကြီး၊ ကုမ္ပဏီငယ်များနှင့် Startup လုပ်ငန်းများအတွက် နည်းပညာပိုင်းဆိုင်ရာအကြံဉာဏ်များ၊ Websites များ၊ Branding နှင့် Creative Designs များ၊ Company Profile Video များ ကိုလည်း ရေးဆွဲဖန်တီး ပေးလျှက်ရှိပါသည်။

Review

5.0
Rated 5.0 out of 5
5.0 out of 5 stars (based on 4 reviews)
5 star100%
4 star0%
3 star0%
2 star0%
1 star0%

အချိန်တိုအတွင်းမှာ အများကြီးလေ့လာခွင့်ရခဲ့လို့ တော်တော်အကျိုးရှိတဲ့သင်တန်းပါ/ စိတ်ရှည်လက်ရှည် သင်ပေး ဖြေပေးလို့လည်း ကျေးဇူးအများကြီးတင်ပါတယ်ဆရာ။

Rated 5.0 out of 5
August 10, 2021

Shwe Yee Linn

ဆရာ့ရဲ့ စေတနာထားမှ​ုကြောင့် အချိန်တိုအတွင်းမှာ ထင်မှတ်ထားတာထက်အများကြီးပိုခရီးရောက်ခဲ့တဲ့ သင်တန်းလေးတစ်ခုပါ။

Rated 5.0 out of 5
August 6, 2021

Ko Ye Naing

WBB

Rated 5.0 out of 5
August 6, 2021

Thein Zaw

အရမ်းကောင်းတဲ့ Program လေးတစ်ခုဖြစ်ပါတယ်။

Rated 5.0 out of 5
August 5, 2021

Lone Win Than

Write Your Review

Toe Tet's Logo