စွန့်ဦးတီထွင်နဲ့ ခေါင်းဆောင်တွေဟာ နေ့စဉ်ကြီးမားတဲ့ မေးခွန်းတွေနဲ့ ရင်ဆိုင်နေရပါတယ်။ သင့်ရဲ့ အားစိုက်ထုတ်မှုကို Focus လုပ်ဖို့ ဘယ်နေရာက အရေးကြီးဆုံးလဲ၊ သင့်ရဲ့ Ideas တွေက လက်တွေ့ဘဝမှာ ဘယ်လိုပုံစံ ဖြစ်လာမလဲ? သင့်မှာမှန်ကန်တဲ့ ဖြေရှင်းချက် ရှိနေပြီဆိုတာ သေချာစေဖို့ Meetings တွေ၊ ဆွေးနွေးပွဲတွေ ဘယ်နှခုလောက် လိုအပ်မလဲ? စသဖြင့် ဖြစ်ပါတယ်။
အခုမှာတော့ ဒီမေးခွန်းတွေကို ဖြေဖို့အတွက် သေချာတဲ့နည်းလမ်းတွေ ထွက်ပေါ်လာပါပြီ။ ‘Sprint’ စာအုပ်ထဲမှာဆိုရင် Designer Jake Knapp ဟာ Sprints ကို Google မှာ Google Search ကနေ Google X အထိ အသုံးပြုစေတဲ့ 5 ရက်ကြာ Process တစ်ခုကို ဖန်တီးခဲ့ပါတယ်။ Google Ventures က Braden Kowitz နဲ့ John Zeratsky တို့နဲ့ ပူးပေါင်းခဲ့ပြီး Mobile ဖုန်းတွေ၊ E-commerce ကုမ္ပဏီတွေ၊ ကျန်းမာရေးနဲ့ ငွေးကြေးဆိုင်ရာ လုပ်ငန်းတွေထက် Sprints ပေါင်းရာကျော် ပိုပြီးခဲ့ပါတယ်။
အရေးကြီးတဲ့ စီးပွားရေးမေးခွန်းတွေကို ဖြေဆိုနိုင်ဖို့ လက်တွေ့ဆန်တဲ့ ‘Sprint’ စာအုပ်ဟာဆိုရင် လုပ်ငန်းငယ်တွေကနေ Fortune 100 လုပ်ငန်းတွေ၊ ဆရာတွေကနေ ပရဟိတ လုပ်ငန်းတွေအထိ အကျိုးရှိစေနိုင်မယ့် စာအုပ်တစ်အုပ်ဖြစ်ပါတယ်။