Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors

5 AM Club

Leadership နဲ့ စွမ်းဆောင်ရည်နယ်ပယ်မှာ ကျွမ်းကျင်သူ Robin Sharma ဟာသူ့ရဲ့ 5 AM Club သဘောတရားကို မိတ်ဆက်ခဲ့တာ နှစ်ပေါင်း ၂၀ ကြာခဲ့ပြီဖြစ်ပါတယ်။ ဒီသဘောတရားဟာ သူ့ရဲ့ Clients တွေကို စွမ်းဆောင်ရည်မြင့်၊ ကျန်းမာရွှင်လန်းစေပြီး စိတ်တည်ငြိမ်အေးချမ်းစေနိုင်တဲ့ မနက်ခင်း Routine တစ်ခုပေါ်မှာ အခြေခံပါတယ်။

5 AM Club စာအုပ်မှာဆိုရင် မနက်စောစော အိပ်ရာထတဲ့ အလေ့အကျင့်ဟာ သင့်ရဲ့ဘဝကို ပျော်ရွှင်မှု၊ အေးချမ်းမှုနဲ့ ရှင်သန်မှု ခံစားချက်တွေ ပေးစွမ်းနိုင်ပုံကို တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် စာအုပ်ထဲမှာ•ထိတ်ထိတ်ကြဲအောင်မြင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ သူတို့ရဲ့မနက်ခင်းကို ရလဒ်ကောင်းတွေ ရရှိအောင် ဘယ်လိုစတင်ကြလဲ?

•အိပ်ရာထတာနဲ့ ချက်ချင်း စိတ်ဓာတ်တက်ကြွနေအောင်၊ အာရုံစူးစိုက်မှုရရှိအောင်၊ ပြင်းပြတဲ့ စိတ်ခွန်အားတွေ နေ့စဥ်ဖြစ်ပေါ်နေစေမယ့် လူသိနည်းတဲ့ နည်းလမ်းကောင်း

•လေ့ကျင့်ခန်း၊ တိုးတက်ပြောင်းလဲမှုတွေကို တစ်နေ့တာရဲ့ အတိတ်ဆိတ်ဆုံးအချိန်မှာ လုပ်ဆောင်နိုင်ပုံ အဆင့်အဆင့်

•မနက်စောစော အိပ်ရာထခြင်းကို လွယ်ကူနိုင်စေမယ့် သိပ္ပံနည်းကျ နည်းလမ်းကောင်းတွေ

•သင့်ရဲ့ပါရမီ၊ အရည်အချင်းနဲ့ အိပ်မက်တွေကို Digital နှောင့်ယှက်မှုတွေကနေ ကာကွယ်နိုင်ပုံစတဲ့ နည်းလမ်းကောင်းများစွာပါဝင်ပါတယ်။

5 AM Club စာအုပ်ဟာဆိုရင် တစ်ဖက်ကမ်းခပ် ကျွမ်းကျင်မှု၊ Genius အဆင့် အလုပ်ပြီးမြောက်မှုနဲ့ ဘဝကို လှပစွာ ဖြတ်သန်းနေထိုင်မှုတွေအားလုံး ပါဝင်ပေါင်းစည်းထားတာကြောင့် သင့်ရဲ့ဘဝကို အပြီးအပိုင် ပြောင်းလဲပစ်နိုင်မယ့် စာအုပ်ကောင်းတစ်အုပ်လည်း ဖြစ်ပါတယ်။

Leave a Reply

Toe Tet's Logo