ခေတ်ရဲ့လိုအပ်ချက်အရ အသေးစား အလတ်စားလုပ်ငန်းတွေမှ အစပြုလို့ ကုမ္ပဏီကြီးတွေ အပါအဝင် လုပ်ငန်းကဏ္ဍအသီးသီးအတွက် Website အမျိုးမျိုးကို ဖန်တီးတည်ဆောက်ပြီး ရပ်တည်ကြရတော့မယ့် အချိန်ကိုရောက်ရှိနေပါပြီ။
Digital ခေတ်ကို ကူးပြောင်းလာတာနဲ့အတူ Website တွေဟာ စီးပွားရေးလုပ်ငန်းတိုင်းအတွက် အဓိကအရေးကြီးတဲ့ Platform တစ်ခု ဖြစ်လာပါတယ်။ သင်ရဲ့လုပ်ငန်းမှာ အခုချိန်ထိ Website တစ်ခု ရှိမနေသေးရင်‌တော့ သင်အခွင့်အရေးများစွာကို လက်လွှတ်နေရမှာပါ။ Website တွေဟာ သင့်ရဲ့လုပ်ငန်း ကြီးထွားလာဖို့ Marketing မဟာဗျူဟာ တစ်ခုအနေနဲ့ အသုံးချနိုင်တဲ့အပြင်၊ ဖောက်သည်တွေအတွက် Online ပေါ်မှာ လုပ်ငန်းရဲ့ ဖြစ်တည်မှု တစ်ခုအနေနဲ့ ရှိနေ‌ပေးနိုင်မှာ ဖြစ်ပါတယ်။
သေသပ်စွာ ဒီဇိုင်းဆွဲထားပြီး၊ သတင်းအချက်အလက် ပြည့်စုံတဲ့ Website တစ်ခုဟာ သင့်လုပ်ငန်းရဲ့ Credibility ကို မြှင့်တင်ပေးနိုင်သလို၊ Brand ကိုလည်း သန်မာစေပါတယ်။ ဒါကြောင့် ဒီနေ့ခေတ်ဈေးကွက်ထဲမှာ သင့်ရဲ့ ကုမ္ပဏီအောင်မြင်ချင်ရင် Professional ကျတဲ့ Website တစ်ခုတော့ မဖြစ်မနေ ဆွဲတတ်ဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။ ဒါကြောင့် ToeTet Live Class ရဲ့ Program တစ်ခုဖြစ်တဲ့ ‘Website Building Bootcamp (WBB)’ နဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ဘာတွေလေ့လာရမလဲ?
– Website တစ်ခုရဲ့အခြေခံဖြစ်တဲ့ Domain နှင့် Hosting အကြောင်း
– Domain နှင့် Hosting များကို ကိုယ်တိုင် Register လုပ်၍ ချိတ်ဆက် အသုံးပြုပုံ
– အခြေခံ WordPress CMS အကြောင်း နှင့် Settings များ ပြင်ဆင်ပုံ
– လက်တွေ့ E-Commerce Website တစ်ခုကို Online တွင် တိုက်ရိုက်ဖန်တီး ရေးဆွဲပုံ
– အချက်အလက် လုံခြုံရေးအတွက် SSL (Secure Sockets Layer) ထည့်သွင်းအသုံးပြုပုံ
– မိမိရဲ့ Website ကို Google ရဲ့ နံပါတ် (၁) Page မှာ ပေါ်လာစေရန် SEO (Search Engine Optimization) ပြုလုပ်ပုံ
– Website Loading ပိုမိုမြန်ဆန်လာအောင် ပြင်ဆင်ထိန်းသိမ်းပုံ
– Webmail ကိုအသုံးပြု၍ မိမိ Domain ဖြင့် Email ဖန်တီးပုံ
– Email Marketing အတွက် Plugin များ ချိတ်ဆက်အသုံးပြုပုံ
– မိမိ Website ကို ဘာသာစကားအမျိုးမျိုးဖြင့် ပြောင်းလဲသုံးဆွဲနိုင်အောင် ပြုလုပ်ပုံ နည်းလမ်းများအပါအဝင်
Online မှာ လွှင့်တင်နိုင်တဲ့အထိ WordPress CMS ကိုအသုံးပြုပြီး သိထား၊ တတ်ထားမှဖြစ်မယ့် အကြောင်းအရာအချက်အလက်များစွာကို အချိန်တိုတိုနဲ့လိုရင်းရောက်အောင် စီစဉ်ထားပါတယ်။

ဘယ်သူတွေအတွက်လဲ?
✔️ Web Design နှင့် Web Development လေ့လာနေသော ကျောင်းသား၊ ကျောင်းသူများ
✔️ အွန်လိုင်းနယ်ပယ်တွင် ကျင်လည်နေသော Digital Marketer များ
✔️ မိမိရဲ့ Portfolio ကို လှပသေသပ်အောင် တည်ဆောက်ချင်သော Photographer များ နှင့် Freelancer များ
✔️ ကိုယ်ပိုင် Website တစ်ခုကို အချိန်တိုအတွင်း တည်ဆောက်လိုသော လုပ်ငန်းရှင်များ
✔️ E-commerce Website တစ်ခုကို ငွေကုန်ကြေးကျ သက်သာစွာဖြင့် ဖန်တီးလိုသူများ
5.0
Rated 5.0 out of 5
5.0 out of 5 stars (based on 2 reviews)
5 star100%
4 star0%
3 star0%
2 star0%
1 star0%

Learning Website တစ်ခုလိုတဲ့အချိန်မှာ ကိုယ်တိုင်ကလည်း Programming အသစ်ကို မလေ့လာချင်ဘဲ အမြန်ဆုံး ရနိုင်မဲ့ Website သင်တန်းတစ်ခု ကိုတွေ့ရှိခဲ့ပါတယ်။ အစပိုင်း ဆရာမြတ်မင်းလူက ငယ်တော့ ကျွမ်းကျင်ပါ့မလား လို့ စိုးရိမ်ခဲ့ပါတယ်။ နောက်ပိုင်း ဆရာမြတ်မင်းလူ ပြသပေးတာ လျှင်မြန်နားလည်လွယ်ကူပြီး ။ ဆရာမြတ်မင်းလူရဲ့ Skill အပိုင်းမှာ ချီးကျူးရတဲ့အထိကို ကျွမ်းကျင်ပိုင်နိုင်ခဲ့တာကို တွေ့ရ ပါတယ်။ ဒီသင်တန်းလေးက နေ ကျွန်တော့်အနေဖြင့် ကိုယ်ပိုင် Website တစ်ခုကို Professional ကျကျ ဖန်တီးနိုင်တဲ့အထိ အကျိုးကျေးဇူးရရှိခဲ့ပါတယ်။

Rated 5.0 out of 5
August 14, 2021

Dr.Kyaw Kyaw Lin (Founder- Myanmar Computer Vision Developer Team)

အရမ်းကောင်းတဲ့(WBB)သင်တန်းလေးပါ။အစပိုင်းကတော့ ခက်လို့မလိုက်နိုင်လောက်တော့ဘူးထင်ခဲ့ပေမယ့် ဆရာကစိတ်ရှည်ပြီး အသင်ပြကောင်းတယ်။websiteနဲ့ပတ်သက်တဲ့ဗဟုသုတလည်းအများကြီးရတယ်။ website နဲ့ပတ်သက်တာတွေလဲ အများကြီးနားလည်သဘောပေါက်သွားတယ်။ ကိုယ်ပိုင်websitတစ်ခုဖန်တီးနိုင်တဲ့အထိသင်ကြားပြသပေးတဲ့ ဆရာ့ကိုအရမ်းကျေးဇူးတင်ပါတယ်

Rated 5.0 out of 5
August 12, 2021

Thida Theint
Current Status
Not Enrolled
Price
Closed
Get Started
This course is currently closed

Course Content

(1) Day 1 (26/July/2021)
(2) Day 2 (27/July/2021)
(3) Day 3 (28/July/2021)
(4) Day 4 (29/July/2021)
(5) Day 5 (30/July/2021)
(6) Day 6 (2/August/2021)
(7) Day 7 (3/August/2021)
(8) Day 8 (4/August/2021)
(9) Day 9 (5/August/2021)
(10) Day 10 (6/August/2021)
Toe Tet's Logo