ခေတ်ရေစီးကြောင်းဟာ ပြောင်းလဲလာခဲ့ပါပြီ။ မကြာသေးမီက App တွေဟာ ကုမ္ပဏီအကြီးစားတွေနဲ့သာ သက်ဆိုင်ခဲ့ပါတယ်။ ဒါပေမယ့် ယခုချိန်မှာတော့ ဖောက်သည်တွေကို ကောင်းမွန်တဲ့ Service ပေးနိုင်ဖို့၊ အမြတ်ကြေးငွေ မြှင့်တင်ဖို့ အသေးစား၊ အလတ်စားလုပ်ငန်းတွေပါ App အမျိုးမျိုးကို တိုးချဲ့လုပ်ကိုင် လာကြပြီ ဖြစ်ပါတယ်။ စီးပွားရေးလောကဟာ ကြော်ငြာ လက်ကမ်းစာ‌စောင်တွေ ထုတ်ဝေတာ၊ Billboards တွေ ထောင်တာ၊ Customer တွေ မေးသမျှကို ဝန်ထမ်းတွေက ပြန်လည်‌‌ဖြေကြားရတဲ့ခေတ် ကုန်သွားခဲ့ပါပြီ။ တစ်ကမ္ဘာလုံးက Mobile Phone တွေကို တွင်တွင် ကျယ်ကျယ် အသုံးပြုလာကြပြီ ဖြစ်လို့ လူကြီးမင်းတို့လုပ်ငန်းတွေကိုလည်း App တွေနဲ့ တိုးချဲ့တည်ဆောက်ရမယ့်အချိန် ရောက်လာပါပြီ။ လုပ်ငန်းအတွက် App တွေရှိခြင်းဟာ ဖောက်သည်တွေနဲ့ ဆက်သွယ်မှု ပိုကောင်းစေရုံသာမက Brand တစ်ခု ခိုင်ခိုင်မာမာ တည်ဆောက်နိုင်တယ်၊ သုံးရလွယ်တဲ့အတွက် ဝယ်ယူမှုမြင့်တက်လာစေတယ် စတဲ့ အကျိုးကျေးဇူးတွေကြောင့် မကြာတော့တဲ့ အနာဂတ်မှာ App တွေဟာ ကုန်ပစ္စည်း ရောင်းချဖို့၊ ဖောက်သည်တွေ ထိန်းသိမ်းထားဖို့ အဓိက နေရာတစ်ခု ဖြစ်လာတော့မှာပါ။ ဒါကြောင့် အခုချိန်ကတည်းက လူကြိးမင်းတို့ အသင့်ပြင်ထားနိုင်ဖို့ ToeTet Live Class ရဲ့ Program တစ်ခုဖြစ်တဲ့ “Flutter in 10 days” နဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ဘာတွေလေ့လာရမလဲ?
– App တစ်ခုတည်ဆောက်ရန် အခြေခံအကျဆုံး Package Name, Permission, Database နှင့် Storage အကြောင်း
-Tools နှင့် Extension များထည့်သွင်းပုံ
-Widget Tree နှင့် State Management အကြောင်း
-Online/Offline အသုံးပြုနိုင်တဲ့ E-Commerce Mobile App တစ်ခုကို လက်တွေ့ ဖန်တီးတည်ဆောက်ပုံ
– App တွင် Mobile Phone အမျိုးမျိုး၏ Screen Size များကို Responsive ဖြစ်အောင် ပြုလုပ်ပုံ
– Login System နှင့် User Permission များဖန်တီးတည်ဆောက်ပုံ
– App လုံခြုံရေးအတွက် Middleware များထည့်သွင်းအသုံးပြုပုံ
– မိမိရဲ့ App ကို Playstore နှင့် App Store တွင် Published ပြုလုပ်ပုံ
– App Performance ပိုမို‌ကောင်းမွန်လာအောင် ပြင်ဆင်ထိန်းသိမ်းပုံ
– App အတွက် Plugin များ ချိတ်ဆက်အသုံးပြုပုံ
– မိမိ App ကို ဘာသာစကားအမျိုးမျိုး၊ Theme အမျိုးမျိုးဖြင့် ပြောင်းလဲသုံးဆွဲနိုင်အောင် ပြုလုပ်ပုံ နည်းလမ်းများအပါအဝင်
-မိမိကိုယ်ပိုင်လုပ်ငန်းနာမည်နှင့် App တစ်ခုဖန်တီးလိုတဲ့ လူကြီးမင်းတို့အတွက် Developer ခန့်ဖို့စဉ်းစားသင့်တဲ့အချက်အလက်များ
-App အတွက် ကုန်ကျမည့် Time နှင့် Money ပျှမ်းမျှတွက်ချက်ပုံ
စတဲ့အကြောင်းအရာအချက်အလက်များစွာကို 10 ရက်အတွင်းမှာ တိုတိုနှင့်လိုရင်းရောက်အောင် သင်ကြားပေးမှာဖြစ်ပါတယ်။

ဘယ်သူတွေတက်သင့်လဲ?
✔️ Application Development ကို လေ့လာနေသော ကျောင်းသား၊ ကျောင်းသူများ
✔️App Development ပညာရပ်ဖြင့် အသက်မွေးကြောင်းပြုရန် စဉ်းစားထားသူများ
✔️Online နယ်ပယ်တွင်ငွေရှာနေသော Publishers များ
✔️ ကိုယ်ပိုင် App တစ်ခုကို အချိန်တိုအတွင်း တည်ဆောက်လိုသော လုပ်ငန်းရှင်များ
✔️E-Commerce Mobile App တစ်ခုကို ငွေကုန်ကြေးကျ သက်သာစွာဖြင့် ဖန်တီးလိုသူများ
5.0
Rated 5.0 out of 5
5.0 out of 5 stars (based on 2 reviews)
5 star100%
4 star0%
3 star0%
2 star0%
1 star0%

သင်ပြမှုကအရမ်းကောင်းပြီးတော့ နားမလည်တာကိုလည်း စိတ်ရှည်ရှည်နဲ့ သေချာနားလည်အောင် ရှင်းပြပေးပါတယ် သင်တန်းကသင်ခန်းစာတွေကလည်း အကျိုးကျေးဇူးများစွာ ရရှိပါတယ်

Rated 5.0 out of 5
August 22, 2021

ThuThuThar

ရှင်းလင်းလွယ်ကူစွာ သင်ကြားပြသပေးသော သင်တန်းတခုဖြစ်ပါသည် ။

Rated 5.0 out of 5
August 14, 2021

ရဲမျိုးမြင့်
Current Status
Not Enrolled
Price
Closed
Get Started
This course is currently closed

Course Content

(1) Day 1 (9/Aug/2021)
(2) Day 2 (10/Aug/2021)
(3) Day 3 (11/Aug/2021)
(4) Day 4 (12/Aug/2021)
(5) Day 5 (13/Aug/2021)
(6) Day 6 (16/Aug/2021)
Day 7 (17/Aug/2021)
Day 8 (18/Aug/2021)
Day 9 (19/Aug/2021)
Day 10 (20/Aug/2021)
Bonus (21/Aug/2021)
Toe Tet's Logo