Time Management

632

(632) Root Cause Analysis

ပြဿနာတွေဖြစ်လာပြီဆိုရင် အရေးကြီးဆုံးက ဘယ်လိုဖြေရှင်းမလဲဆိုတာပါ…။ဒီလိုဖြေရှင်းနိုင်ဖို့ဆိုရင် အရင်ဆုံးပြဿနာတွေရဲ့အရင်းအမြစ်ကိုရှာဖို့လိုပါတယ်…။ Root Cause (ပြဿနာအရင်းအမြစ်) ကနေ ပြဿနာကို ဘယ်လိုဖြေရှင်းလို့ရနိုင်သလဲ…။Hypothesis လို့ခေါ်တဲ့ အဆိုပြုချက်တွေကို ထိထိရောက်ရောက် ဘယ်လို address လုပ်မလဲ… အစရှိတဲ့အကြောင်းအရာတွေကို ဥပမာ အမြောက်အမြားနဲ့ နားလည်လွယ်အောင် Root Cause Analysis Step by Step ကို လွယ်ကူရိုးရှင်းစွာပြောပြပေးထားတဲ့ Insider Note လေးပဲဖြစ်ပါတယ်…။

(491) Time is Money

လူတွေဘာလို့ အချိန်ဆွဲကြတာလဲ (Procrastinate) လုပ်ကြတာလဲ? အဲ့လိုဖြစ်ရတာဟာ Stress ကနေဖြစ်လာကြတာများတယ်။ Stress တွေ Anxiety တွေဟာ အများစုက Perfectionist ဖြစ်တာကနေလာပါတယ်။ အချိန်ဆွဲတာကို ကုသဖို့ဆိုရင် အလေ့အကျင့်တွေ၊ ဆုချတာတွေ၊ ဒဏ်ပေးတာတွေ လုပ်လေ့ရှိကြပေမယ့် တကယ်ပဲ ထိရောက်အောင် ဘယ်လိုလုပ်မလဲဆိုတာတွေကို ဒီ Insider Note မှာလေ့လာကြည့်ရှုနိုင်ပါတယ်။ ဒါကြောင့် Productivity နဲ့ ပတ်သက်လာရင် အချိန်ဆွဲနေတာတွေကို ကုသဖို့အတွက်ဆိုရင် ဒီ Insider Note ကနေ ကူညီပေးနိုင်ပါတယ်။

(489) Create Space

မြန်ဆန်မှုကို ဦးစားပေးလာတဲ့ ခေတ်ကြီးထဲမှာ  အများစုက Reflection လို့ခေါ်တဲ့ ပြန်လည်သုံးသပ်မှုကို မလုပ်ဖြစ်တော့ပါဘူး။ “Create Space” ဆိုတဲ့ ဒီစာအုပ်ထဲမှာတော့ စာရေးဆရာက ကိုယ့်ကိုယ့်ကိုယ် ပြန်လည်သုံးသပ်ဖို့ Space to think, Space to Connect, Space to Do, Space to Be ဆိုပြီး အပိုင်း (4) ပိုင်းကို အဓိက ဖော်ပြထားပါတယ်။ ဒါ့အပြင် Performance ကောင်း‌စေဖို့ DEEP Model, ကိုယ့်ရဲ့အိပ်မက်‌တွေကို အကောင်အထည်ဖော်ဖို့ Strategy Map စတဲ့ Framework တွေကိုလည်း လေ့လာရမှာပါ။ ဒီစာအုပ်ကိုတော့ ဘဝကို အကျိုးရှိရှိ ဖြတ်သန်းချင်သူတွေ၊ Performance ကောင်းချင်တဲ့သူတွေ၊ အလုပ်နဲ့ ဘဝ balance …

(489) Create Space Read More »

(487) Get it done

Get it done စာအုပ်ကို  Ayelet Fishbach ရေးသားခဲ့တဲ့စာအုပ်ကောင်းလေးတစ်အုပ်ပဲ ဖြစ်ပါတယ်။ Motivation ဆိုတဲ့အရာကို  သိပ္ပံနည်းကျစိတ်ဝင်စားဖွယ် သုတေသနပြုချက်များနှင့် ကိုယ်ကိုကိုယ် လှုံ့ဆော်ရန်  Get It Done စာအုပ်ကကိုယ် သွားလိုသည့်လမ်းကြောင်းအတိုင်း သွားရန်အတွက် တန်ဖိုးမဖြတ်နိုင်သော နည်းဗျူဟာများကို အကောင်ထည်ပေးနိုင်ပေပြီးပန်းတိုင်များကို အောင်မြင်နိုင်အောင်ကူညီပေးနိုင်မယ့်စာအုပ်ကောင်းတစ်အုပ်ပါ။

(253) Four Thousands Week

လူသားတွေရဲ့ ပျမ်းမျှသက်တမ်းဟာ တိုတောင်းလွန်းပါတယ်။ အသက် 80 အထိ နေထိုင်မယ်လို့ မှတ်ယူရင်တောင်၊ သင့်မှာ ရက်သတ္တပတ်ပေါင်း လေးထောင်ကျော်မျှသာ ပိုင်ဆိုင်မှာ ဖြစ်ပါတယ်။ လူတိုင်းဟာ သူတို့မှာ လုံလောက်တဲ့ အချိန်မရှိမှန်း သိမြင်နေကြတယ်။ ရှည်လျားတဲ့ To-do-list တွေ၊ ပြည့်နှက်နေတဲ့ Inboxes တွေ၊ အလုပ်နဲ့ ဘဝမျှတမှု၊ အာရုံလွင့်မှုတွေကြားမှာ ပိုပြီး Productive ဖြစ်ဖို့ ကြိုးစားနေပေမယ့် အရာမထင်ကြဘူး။ ဒီစိုးရိမ်စိတ်တွေကနေ အလျင်လိုမှုတွေဟာ ပိုပိုပြီးပဲ ပြင်းထန်လာကြတယ်၊ အဓိပ္ပာယ်ရှိတဲ့ ဘဝဆိုတာ ကျွန်တော်တို့ လက်လှမ်းမမီတဲ့ နေရာမှာ ရှိလို့နေတယ်။ ဒီနေ့စဉ်ရုန်းကန်နေရမှုတွေဟာ အချိန်စီမံခန့်ခွဲမှု ပြဿနာ‌တွေနဲ့ အချိတ်အဆက်မိဖို့ အားနည်းလွန်းနေပါတယ်။ အတွေးအခေါ် ပညာရှင်၊ စိတ်ပညာရှင်တွေရဲ့ အတွေးအခေါ်တွေကတဆင့် အတွေးအမြင်တွေကို ရေးသားခဲ့တဲ့ Oliver Burkeman …

(253) Four Thousands Week Read More »

Toe Tet's Logo