Thinking
(699) The Organized Mind
Daniel Levitin ရေးသားထားတဲ့ “The Organized Mind” ဆိုတဲ့ စာအုပ်ကတော့ ခေတ်မီတိုးတတ်လာတဲ့ ယနေ့ခေတ်အချိန်ခါမှာ ကျွန်တော်တို့တွေကြုံတွေ့နေရတဲ့ သတင်းအချက်အလက်တွေကို စီမံခန့်ခွဲနိုင်ဖို့အတွက်နဲ့ အကျိုးရှိစေဖို့အတွက် ရည်ရွယ်ထားတဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ စာရေးဆရာ Daniel Levitin ကတော့ သိမှုပိုင်းဆိုင်ရာ စိတ်ပညာရှင်တစ်ဦးလဲဖြစ်ပြီး၊ အာရုံကြောသိပ္ပံပညာရှင် တစ်ဦးလဲဖြစ်ပါတယ်။ “The Organized Mind” ဆိုတဲ့ စာအုပ်ထဲမှာဆိုရင်တော့ စာရေးသူက ဆုံးဖြတ်ချက်ချခြင်း၊ အာရုံစူးစိုက်မှုနဲ့ မှတ်ဉာဏ်ကိုထိခိုက်စေတဲ့ သိမြင်မှုဆိုင်ရာ အကြောင်းတွေအပြင်၊ နည်းပညာကို ထိထိရောက်ရောက်အသုံးချစေနိုင်ဖို့ အကြောင်းအရာတွေကိုလဲ ဆွေးနွေးထားပါတယ်။ တကယ်လို့ မိတ်ဆွေက သိမြင်မှုဆိုင်ရာအကြောင်းတွေကို ပိုနားလည်သဘောပေါက်လိုတယ်ဆိုရင်၊ ဘဝမှာ ပိုမိုကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေကို ဦးတည်လိုတယ်ဆိုရင်၊ ဘဝရဲ့ အရည်အသွေးတွေကို ပိုပြီး စနစ်တကျ မြှင့်တင်လိုတယ်ဆိုရင် ဖတ်သင့်တဲ့ စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။
(671) Thinking in Bets
Annie Duke ရေးသားထားတဲ့ Thinking in Bets ဆိုတဲ့ စာအုပ်ကတော့ ဘဝမှာ ပိုပြီးကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေချနိုင်ဖို့အတွက်နဲ့ ကောင်းမွန်စွာ အကဲဖြတ်နိုင်ဖို့အတွက် အပြုအမူဆိုင်ရာ စိတ်ပညာရဲ့ သဘောတရားတွေအကြောင်း ဆွေးနွေးထားတဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ စာရေးဆရာတစ်ဦးဖြစ်တဲ့ Annie Duke က ပရော်ဖက်ရှင်နယ် poker ကစားသမားဟောင်း တစ်ဦးလဲဖြစ်တဲ့အလျောက် သူမရဲ့ အတွေ့အကြုံတွေနဲ့ ကျွမ်းကျင်မှုတွေကို အခြေခံပြီး ဆုံးဖြတ်ချက်ချခြင်းနဲ့ မသေချာမရေရာတဲ့ အရာတွေကနေ အတွေ့အကြုံတွေ၊ ကျွမ်းကျင်မှုတွေကို ဖန်တီးနိုင်အောင် ဖော်ပြထားပါတယ်။ စာဖတ်သူတို့အတွက် ဒီစာအုပ်ကနေ ကြိုတင်ခန့်မှန်းလို့မရတဲ့ အခြေနေ အရပ်ရပ်မှာ မတူညီတဲ့ ရလဒ်တွေအပေါ်မှာ အခြေတည်ပြီး ဖြစ်နိုင်ချေတွေကိုနားလည်သဘောပေါက်ကာ ချိန်ဆခြင်းဖြင့် ထိရောက်တဲ့ ရွေးချယ်မှုတွေပြုလုပ်နိုင်စေမှာပါ။
(652) The Art of Creative Thinking
“The Art of Creative Thinking” စာအုပ်မှာဆိုရင် Rod Judkins ဟာ တီထွင်ဖန်တီးမှုဖြစ်စဉ်တွေကို ရှင်းပြသွားပြီး၊ ကိုယ့်ရဲ့ တီထွင်ဖန်တီးမှု တွေးခေါ်နိုင်စွမ်းကို မြှင့်တင်နိုင်ပုံကို ရေးသားထားခဲ့ပါတယ်။ စာအုပ်ထဲမှာဆိုရင် Judkins ဟာ သမားရိုးကျ စဉ်းစားတွေးခေါ်မှုပုံစံတွေကနေ ဖောက်ထွက်ပြီး တီထွင်ဖန်တီးမှုအလားအလာတွေကို မြှင့်တင်နိုင်မယ့် လေ့ကျင့်ခန်းတွေ၊ အတွေးအခေါ်တွေကို ပြောပြပေးထားပါတယ်။ ဒါကြောင့် သင်ဟာ အနုပညာရှင်၊ စွန့်ဦးတီထွင်၊ ဒါမှမဟုတ် သင့်ရဲ့ဖန်တီးမှုဆိုင်ရာ တွေးခေါ်မှုကို မြှင့်တင်လိုသူဆိုရင် ဒီစာအုပ်က သင်ရဲ့ ဖန်တီးမှုအလားအလာတွေကို ဖွင့်ထုတ်ဖို့၊ စိန်ခေါ်မှုတွေကို အတွေးအမြင်သစ်တွေနဲ့ ချဉ်းကပ်ဖို့ လှုံ့ဆော်ပေးနိုင်မယ့် စာအုပ်တစ်အုပ်ဖြစ်ပါတယ်။