Technology
(667) Possible Minds
ဒီစာအုပ်လေးဟာဆိုရင် Artificial Intelligence အပေါ် စာရေးသူ နှစ်ဆယ့်ငါးယောက်ရဲ့အမြင်ကို ဖော်ပြထားတဲ့စာအုပ်ဖြစ်ပါတယ်…။Artificial intelligence နဲ့ပတ်သက်လို့ နယ်ပယ်အသီးသီးမှာ အောင်မြင်ထူးချွန်တဲ့သူတွေပါဝင်ထောက်ပြထားတာဖြစ်တဲ့အပြင် Artificial intelligence ဟာအလွန် သက်ရောက်မှုအားကြီရလို့ ဘယ်လို Mechanisms တွေရှိသလဲ… Social Life မှာ သက်ရောက်မှုရှိမလဲ ဆိုတဲ့အကြောင်းအရာလေးတွေ ဖော်ပြထားပါတယ်…။အကယ်၍ လူသားတွေထက် ပိုမိုဉာဏ်ကောင်းတဲ့ တော်တဲ့ Artificial intelligence တွေ ပေါ်လာခဲ့ရင်လည်း ဘယ်လိုလုပ်မလဲဆိုတဲ့အကြောင်းတွေကို ရှုထောင့်မျိုးစုံကနေ မြင်ပြထားတဲ့ Insider Note ပဲဖြစ်ပါတယ်…။
(633) Attention Factory
2012 ခုနှစ်မှာ ByteDance Company က စတင်တည်ထောင်ခဲ့တဲ့ Tiktok က အခုဆိုရင် ကမ္ဘာမှာ နာမည်ကြီး Platform တစ်ခုဖြစ်လာပါပြီ။ Tiktok ရဲ့ Company နဲ့ Tik Tok အကြောင်းကို အသေးစိတ်သိချင်တယ်ဆိုရင်တော့ “ Attention Factory ” စာအုပ်ကို ညွှန်းပေးချင်ပါတယ်။ လွန်ခဲ့တဲ့ (၁၀)စုနှစ်က America နဲ့ China ရဲ့ အင်တာနက်လောက နဲ့ Idea တွေအကြောင်း၊ Tiktok ရဲ့ Story အပြည့်အစုံကို သိရှိချင်တဲ့သူတွေအတွက် ဖတ်သင့်တဲ့ စာအုပ်တစ်အုပ်ပါပဲ။
(572) Hit Refresh
4 Feb 2014 မှာ Microsoft ကို ရောက်လာတဲ့ Satya Nadella လက်ထက်မှာ Microsoft မဟာဗျူဟာတွေ တော်တော်မှန်လာတာကိုတွေ့လိမ့်မယ်။Chatgpt ထုတ်တဲ့ OpenAI မှာလဲ 49% ပိုင်သလို၊ Google ကပဲ သူ့ကို Office Suite နဲ့ အလဲထိုးနေတဲ့အချိန်မှာ Microsoft Edge Browser နဲ့ AI နဲ့မှာ chat function ထည့်လိုက်တော့ တစ်သက်လုံး Bing ကို သုံးဖြစ်မှာ မဟုတ်ဘူးလို့ထင်တဲ့သူတွေပါ သုံးဖြစ်သွားကြတယ်။ သူ့လက်ထက်မှာပြောင်းသွားတာ Bill Gates နဲ့ Steve Baller လက်ထက်ကလို အကုန်သိမ်းမယ်။ တိုက်မယ်၊ ဖြုတ်မယ်သွားတာမဟုတ်ပဲ Empathy သူများပြောတာနားထောင်ပြီး နားလည်အောင်ကြိုးစားတယ်။ Humble မာန်မာထောင်လွှားတာမျိုးမရှိဘူး။Acquisition …