success

(710) Trump 101

အမေရိကန်သမ္မတဟောင်းတစ်ယောက်ဖြစ်တဲ့ Donald Trump ရဲ့ အတွေးအခေါ်နဲ့ သူ့ရဲ့ ဗျူဟာတွေကို လေ့လာချင်တယ်ဆိုရင် Trump101 ကတော့ မဖြစ်မနေ ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်းတစ်အုပ်ပါ။မိတ်ဆွေရဲ့ ဘဝ၊ Career ပိုင်းဆိုင်ရာမှာ ပိုမိုတိုးတက်ကောင်းမွန်ချင်တယ်ဆိုရင် Trump101 စာအုပ်တဆင့် Trump က Mentor တစ်ယောက်အနေနဲ့ ပြောပြထားတဲ့ အကြံဉာဏ်တွေ နည်းဗျူဟာတွေကို သိရှိနိုင်မှာဖြစ်ပါတယ်။

(560) Success – Why You Fail Where Others Succeed

သင့်ဘဝမှာ အားကောင်းပြီး လူသိနည်းတဲ့ အယူအဆတွေကို အကောင်အထည်ဖော်ခြင်းဖြင့် ပြိုင်ဘက်တွေထက် သာလွန်နိုင်မယ့်ဘဝကို စိတ်ကူးယဉ်ကြည့်ပါ။ အောင်မြင်မှု၊ ပျော်ရွှင်မှုနှင့် ပြည့်စုံမှုတွေ ဘယ်လောက်ရရှိနိုင်မယ်လို့ သင်ထင်ပါသလဲ။ စာရေးဆရာဟာ တိုးတက်မှုကို အစွဲအလမ်းကြီးစွာဖြင့် လွန်ခဲ့တဲ့ သုံးနှစ်အတွင်း Self-help စာအုပ် 100 ကျော်ကို ဖတ်ခဲ့ဖူးသလို၊ Lifehack, Pick the Brain နှင့် Tiny Buddha ကဲ့သို့သော တစ်ကိုယ်ရည် ဖွံ့ဖြိုးတိုးတက်ရေး ဝဘ်ဆိုဒ်များတွင်လည်း ဆောင်းပါးများကို ထုတ်ဝေခဲ့ဖူးပါတယ်။ ယခု “Success: Why You Fail Where Others Succeed” စာအုပ်မှာဆိုရင် စာရေးဆရာဟာ လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ သင်ယူခဲ့သမျှကို မျှဝေပြီး ပြည့်စုံတဲ့ ဘဝကို နေထိုင်နိုင်ဖို့ လူတိုင်းသိထားသင့်တဲ့ သဘောတရား ၅ …

(560) Success – Why You Fail Where Others Succeed Read More »

(489) Create Space

မြန်ဆန်မှုကို ဦးစားပေးလာတဲ့ ခေတ်ကြီးထဲမှာ  အများစုက Reflection လို့ခေါ်တဲ့ ပြန်လည်သုံးသပ်မှုကို မလုပ်ဖြစ်တော့ပါဘူး။ “Create Space” ဆိုတဲ့ ဒီစာအုပ်ထဲမှာတော့ စာရေးဆရာက ကိုယ့်ကိုယ့်ကိုယ် ပြန်လည်သုံးသပ်ဖို့ Space to think, Space to Connect, Space to Do, Space to Be ဆိုပြီး အပိုင်း (4) ပိုင်းကို အဓိက ဖော်ပြထားပါတယ်။ ဒါ့အပြင် Performance ကောင်း‌စေဖို့ DEEP Model, ကိုယ့်ရဲ့အိပ်မက်‌တွေကို အကောင်အထည်ဖော်ဖို့ Strategy Map စတဲ့ Framework တွေကိုလည်း လေ့လာရမှာပါ။ ဒီစာအုပ်ကိုတော့ ဘဝကို အကျိုးရှိရှိ ဖြတ်သန်းချင်သူတွေ၊ Performance ကောင်းချင်တဲ့သူတွေ၊ အလုပ်နဲ့ ဘဝ balance …

(489) Create Space Read More »

(486) 4 Simple Steps to Massive Success

Beau Norton ရေးသားထားတဲ့ “4 Simple Steps to Massive Success” စာအုပ်ထဲမှာ လေ့လာရမယ့် အကြောင်းအရာတွေက – လူအများစုက ငယ်ရွယ်စဉ်ကတည်းက ကျရှုံးဖို့ “ပရိုဂရမ်” လုပ်ခြင်းခံခဲ့ရတဲ့အတွက် လအနည်းငယ်အတွင်း သင့်ဦးနှောက်ကို ထိရောက်စွာ ပြန်လည် Re-wire လုပ်နည်း။ – ပွင့်လင်းတဲ့ စိတ်ထား ထားရှိပုံနဲ့ သတင်းအချက်အလက်အသစ်တွေနဲ့ သင့်ကိုယ်သင် လှုံ့ဆော်မှုပြုလုပ်နည်း။ – အလုပ်ဖြစ်တဲ့ ပန်းတိုင်သတ်မှတ်နည်း ဗျူဟာတွေကို အသုံးပြုပြီး သင့်ပန်းတိုင်တွေဆီ လွယ်ကူစွာ ရောက်ရှိအောင်ပြုလုပ်နည်း။ – အချိန်ကြာမြင့်စွာ အာရုံစိုက်နိုင်မှုနဲ့ အာရုံစူးစိုက်နိုင်စွမ်း တိုးမြှင့်ခြင်းကို အသုံးပြုပြီး သင့်ရဲ့ Productivity ကို မြှင့်တင်နည်း။ – သင့်ရဲ့ စိတ်ဖိစီးမှုတွေကို လျှော့ချရင်း တီထွင်ဖန်တီးနိုင်စွမ်းကို မြှင့်တင်နည်းနဲ့ …

(486) 4 Simple Steps to Massive Success Read More »

(460) The Law of Success

Napoleon Hill’s ရဲ့ နာမည်ကျော်ကြားတဲ့ စာအုပ်တစ်အုပ်ဖြစ်တဲ့ “Think and Grow Rich” စာအုပ်ကို ပြန်ပြီး အနှစ်ချုပ်ထားတဲ့ The Law of Success” စာအုပ်ကတော့ ကိုယ့်ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ချင်တဲ့သူတွေ၊ လူတွေမမှတ်မိလောက်အောင် တိုးတက်ပြောင်းလဲချင်သူတွေအတွက် အံကိုက်ပါပဲ။ဒါကြောင့် အနှစ်ချုပ်အနေနဲ့ အဆီအနှစ် နည်းနာတွေကိုပဲ စုထားတဲ့ “The Law of Success” ကတော့ မိတ်ဆွေတို့ ဖတ်သင့်တဲ့ စာအုပ်ထဲမှာ တစ်အုပ်အပါအဝင်ပါပဲ။

(458) The Inexplicable laws of success

အောင်မြင်ဖို့က အရေးကြီးလား? အောင်မြင်မှုဆိုတာက ဘယ်လိုမျိုးလဲ? တစ်ယောက်နဲ့ တစ်ယောက် အောင်မြင်မှုအပေါ် အဓိပ္ပါယ်ဖွင့်ဆိုပုံတွေ မတူညီကြပါဘူး။ လောကကြီးမှာ ချိုးဖျက်လို့မရတဲ့ နိယာမတွေ ရှိကြပါတယ်။ Cost and Effect ဆိုတဲ့ အကျိုးနဲ့ အကြောင်းတရားပဲ ဖြစ်ပါတယ်။ ကိုယ်လိုချင်တဲ့ အရာတွေကို ရဖို့ အားစိုက်ထုတ်ရတာတွေ အမြဲတမ်း ရှိပါတယ်။ဒီစာအုပ်ထဲမှာဆိုရင် စကြဝဠာနဲ့ စွမ်းအင်ရဲ့ အလုပ်လုပ်ပုံတွေ, အရေးကြီးပုံတွေကို ဖော်ပြပေးထားသလို အောင်မြင်မှုကို ရရှိဖို့အတွက် ပုံမှန်မဟုတ်ဘဲ နားလည်ရခက်တဲ့ နိယာမတွေ ရှိတဲ့အကြောင်းကို ပြောပြပေးထားတဲ့ စာအုပ်ဖြစ်ပါတယ်။

(446) 1% Success Habits

Tony Robbins၊ Tim Ferriss နဲ့ Jay Shetty တို့လို ကမ္ဘာပေါ်ရှိ ထိပ်တန်းအောင်မြင်သူတွေရဲ့ 1% ဟာ ယနေ့ သူတို့ရောက်ရှိနေတဲ့နေရာကို ဘယ်လိုရောက်ခဲ့ကြသလဲ? အဖြေကတော့ အလေ့အကျင့်တွေပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ ကောင်းမွန်တဲ့ အမူအကျင့်တွေကို အလိုအလျောက်ဖြစ်လာအောင် Habits တွေ အဖြစ်မွေးမြူခဲ့ကြတယ်။ “1% Success Habits” စာအုပ်မှာဆိုရင် ပညာရေးအဖွဲ့အစည်းနဲ့ YouTube ချန်နယ် OnePercentBetter ရဲ့ တည်ထောင်သူ Brandon Nankivell က သူရဲ့ ထိပ်တန်းအောင်မြင်မှုအလေ့အကျင့်ဆယ်ခုကို မျှဝေထားပါတယ်။ ဘဝတစ်သက်တာအတွက် စွဲမြဲစေမယ့် အလေ့အကျင့် ၁၀ ခုကိုလည်း မျှဝေထားပါသေးတယ်။ အများစုက သိပ္ပံပညာ၊ အရောင်းရဆုံးစာအုပ်တွေနဲ့ ကမ္ဘာပေါ်ရှိ အောင်မြင်သူတွေရဲ့ အလေ့အကျင့်တွေပေါ်မှာ အခြေခံထားပါတယ်။

(437) All You can Be

သင့်ဘဝမှာ ကြီးမားတဲ့ အိပ်မက်တွေနဲ့ ပန်းတိုင်တွေရှိမယ်။ သင်က ခေါင်းဆောင်တစ်ယောက်ဖြစ်ချင်တယ်၊ အရာရာကို အပြည့်အဝသဘောပေါက်ချင်တယ်၊ လက်ရှိအနေအထားကိုကျော်လွန်ပြီး တိုးတက်ချင်တယ်။ ဒါပေမယ့် အကြောင်းတစ်ခုခုကြောင့် ရပ်တန့်နေတယ်။ ဘာကြောင့်မှန်းမသိဘဲ ဖြစ်နိုင်ခြေတွေ ကိန်းအောင်းနေတယ်။ အမေရိကန်နိုင်ငံ ခေါင်းဆောင်မှုဆိုင်ရာ ကျွမ်းကျင်သူ John Maxwell ဟာ သင်ဖြစ်တာတွေ ဖြစ်လာစေဖို့ “All You Can Be” စာအုပ်မှာ လိုအပ်တဲ့ နည်းစနစ်တွေကို ပြသသွားမှာပါ။ ချက်ချင်းလက်တွေ့ လုပ်ဆောင်နိုင်မယ့် နည်းလမ်းတွေနဲ့ ပြည့်နှက်နေတဲ့ ဒီစာအုပ်ကောင်းမှာဆိုရင်၊ သင့်ကိုအောင်မြင်ဖို့ အမှန်တကယ်ကူညီနိုင်မယ့် အခြေခံသဘောတရားတွေကို ရှာဖွေတွေ့ရှိနိုင်မှာ ဖြစ်ပါတယ်။

(427) How successful people think

John C. Maxwell ရေးသားထားတဲ့ “How Successful People Think: Change Your Thinking, Change Your Life” ဆိုတဲ့ စာအုပ်လေးကတော့ အောင်မြင်သူတွေရဲ့ အလေ့အထ၊ အတွေးအမြင်၊ တွေးခေါ်ပုံတွေနဲ့ ပတ်သက်ပြီး ဖော်ပြထားတဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ လူတစ်ဦးရဲ့ အောင်မြင်မှုဆိုကတော့ သူ့ရဲ့အတွေးအမြင်တွေ၊ ရှုထောင့်တွေနဲ့ ဘဝကိုစနစ်တကျ ၑုံဖော်ခြင်းတွေကနေ အဓိကအားဖြင့် လွှမ်းမိုးလေ့ရှိပါတယ်။ စာရေးသူအနေနဲ့ အောင်မြင်တဲ့သူအများစု လက်ခံကျင့်သုံးလေ့ရှိတဲ့ အတွေးအခေါ်ပုံစံတွေ၊ အလေ့အကျင့်တွေကို သေချာရှင်းပြထားပြီး အလားတူ တွေးခေါ်ပုံတွေ၊ အလေ့အကျင့်တွေကို ကျင့်သုံးနိုင်ဖို့အတွက် ဒီစာအုပ်လေးထဲမှာ လမ်းညွှန်ပေးထားပါတယ်။ တကယ်လို့ မိတ်ဆွေက ဘဝမှာ အောင်မြင်မှုဆီကိုလျှောက်လှမ်းနိုင်ဖို့အတွက် အ‌ထောက်အကူဖြစ်စေတဲ့ တွေးခေါ်မှုပုံစံတွေ၊ ဘဝမှာရှိသင့်တဲ့ အလေ့အထတွေကို ပိုမိုသိရှိလေ့လာလိုတယ်ဆိုရင်၊ ဘဝမှာ အောင်မြင်ဖို့ လက်တွေ့ကျတဲ့ …

(427) How successful people think Read More »

(263) The Practice of Groundedness

အောင်မြင်မှုတွေဟာ အမြဲပေးဆပ်မှုတွေနဲ့ ရောက်လာစမြဲပါ။ စိတ်ညစ်မှု၊ နေ့ညမနား ကြိုးစားမှု၊ မောပန်းမှုတွေဟာ အကောင်းဆုံး Performance ကို ရယူလိုခြင်းရဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။ အနိုင်ရခြင်းရဲ့ အားတက်မှုက ကိုယ့်ကို ခဏလောက်ထပ်ပြီး ရှေ့ဆက်စေနိုင်ပေမယ့်၊ အချိန်ကြာတာနဲ့အမျှ ပြန်ပေးဆပ်ရမယ့်အရာတွေ ပိုပြင်းထန်လာနိုင်ပါတယ်။ Brad Stulberg ရဲ့ ‘The Practice of Groundedness’ စာအုပ်ထဲမှာဆိုရင် ပိုပြီး Healthy ဖြစ်သလို၊ ရေရှည်သွားနိုင်မယ့် အောင်မြင်မှု Model တစ်ခုကို မျှဝေသွားပါတယ်။ ဒီ Model ရဲ့ သည်းခြေကတော့ Groundedness ဖြစ်ပြီး၊ တင်းကျပ်တဲ့ Productivity ထက် တည်ရှိနေမှုကို ဦးစားပေးဖို့၊ တိုးတက်မှုက တသက်မတ်တည်း မဖြစ်တာကို လက်ခံဖို့၊ ရေရှည် Values နဲ့ …

(263) The Practice of Groundedness Read More »

Toe Tet's Logo