(412) The Science of Rapid Skill Acquisition

သင်ယူလေ့လာမှုဟာ သင့်ရဲ့လက်ရှိအခြေအနေကို တိုးမြှင့်ဖို့၊ ကိုယ်ဖြစ်ချင်တဲ့သူတစ်ယောက် ဖြစ်လာဖို့ အဓိကသော့ချက်ပဲ ဖြစ်ပါတယ်။ Skills ၊ သတင်းအချက်အလက်နဲ့ အရည်အချင်းတွေဟာ သင့်ထံအလိုလို ရောက်လာမှာမဟုတ်တာကြောင့် ကိုယ်တိုင်ကိုယ်ကျ ရှာဖွေနိုင်ဖို့ လိုပါတယ်။ ဒီအတွက် အကောင်းဆုံးနည်းလမ်းနဲ့ ရှာဖွေနိုင်ပုံကို “The Science of Rapid Skill Acquisition” စာအုပ်က ပြသသွားမှာ ဖြစ်ပါတယ်။ “The Science of Rapid Skill Acquisition” စာအုပ်ဟာ အရည်အချင်းနဲ့ Skill အသစ်တွေကို ကိုယ်‌လို‌ချင်တဲ့နေရာ ရောက်ရှိနိုင်ဖို့ အကောင်းဆုံး အရင်းအမြစ်တစ်ခုပါပဲ။ စာအုပ်ထဲမှာဆိုရင် သတင်းအချက်အလက်တွေကို သင်ယူရာမှာ အဓိကကျတဲ့ အကြောင်းအရာတွေ၊ ကိုယ့်ရဲ့ အားသာချက်အတွက် ထိထိရောက်ရောက် အသုံးချနိုင်ပုံတွေကို စနစ်တကျ ရှင်းပြထားပါတယ်။