Self-Help

(886) The Power of Regret

နောင်တ မရတဲ့ ဘဝ။လူအများစု နောင်တရတာ ကိုယ်ဖြစ်ချင်တဲ့ စစ်မှန်တဲ့ကိုယ် မဖြစ်ပဲ ပတ်ဝန်းကျင်ဖြစ်စေချင်တဲ့ သူဖြစ်ခဲ့တာ။အစွမ်းအစတွေ အကောင်းဆုံးမသုံးမချခဲ့တာ။အချစ်ရေး၊ မိသားစု၊ ပညာရေး မှာ အချိန်ပေးသင့်သလောက် မပေးခဲ့တာ။ဒါတွေကို သင်ခန်းစာမယူတဲ့အခါ ဆယ်နှစ်ကြာတဲ့အခါ အိမ်ထောင်ရေး၊ စီးပွားရေးပါတနာ၊ တိုးတက်ရေးတွေမှာ နောင်တထပ်ရတတ်တယ်တဲ့။ ဒါကြောင့် တစ်ခုခု မလုပ်ရင်ဖြစ်လာမည့် အဆိုးကို စဉ်းစားပြီး negative emotion စိတ်အနှောင့်အယှက်ဖြစ်တာက ကောင်းမွန်တဲ့ အပြုအမူဖြစ်စေတယ်တဲ့။ ဆေးလိပ်တွေ အလွန်အကျွံသောက်တာ အနာဂတ်မှာ အဆုပ်ရောဂါဖြစ်မှာကြောက်ရင် အပြုအမူကောင်းဖြစ်သွားမယ်။အလားတူပဲ ပညာမတတ်တဲ့အခါ မျက်နှာငယ်မယ်ဆိုတဲ့ စိတ်ဖြစ်တဲ့အခါ ပညာကို သေချာ လေ့လာဖြစ်မယ်။နောင်တမရတဲ့ ဘဝဖြစ်လာဖို့ regret minimization framework ဆိုတဲ့ mental model စဉ်း စားပုံတစ်ခုရှိတယ်။သူကတော့ Amazon ရဲ့ Founder Jeff Bezos […]

(886) The Power of Regret Read More »

(465) Resisting Happiness

ကိုယ့်ကိုပျော်ရွှင်စေဖို့ အဟန့်အထားလုပ်ထားတဲ့အရာတွေကဘာလဲ? ဒီအဟန့်အတားတွေကို ဖယ်ရှားပြီးတော့ ဟန့်တားလို့မရတဲ့ပျော်ရွှင်မှု Resisting Happinessကိုရရှိအောင် ဘယ်လိုလုပ်မလဲ? Resisting Happinessက ကတ်သလစ်ဘာသာရေးရှုထောင့်ကနေရေးသားထားတဲ့ self-help စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။ ကမ္ဘာမှာဆိုရင် Mexico, Argentinaတို့လို ကတ်သလစ်နိုင်ငံတချို့ဟာ ချမ်းသာတဲ့နိုင်ငံတွေဖြစ်တဲ့ ဂျပန်, ကိုရီးယားတို့လို နိုင်ငံတွေထက် ပိုပျော်ရွှင်တာကိုတွေ့ရပါတယ်။ ပျော်ရွှင်မှုကိုမတားဆီးနိုင်ဖို့အတွက် ကိုယ့်မှာရှိလို့ရှိမှန်မသိတဲ့ အတားအဆီးတွေကိုဖယ်ရှားဖို့ self-awarenessရဖို့အရေးကြီးပါတယ်။ ဒီ Self-awarenessကိုရရှိဖို့အတွက် ဘယ်လို့အပြုအမူတွေက အရေးကြီးတယ်, ဖယ်ရှားရမယ်ဆိုတာတွေကို ပိုင်ပိုင်နိုင်နိုင်ရှင်းပြနိုင်တဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ ဘဝမှာ အောင်မြင်မှုတစ်ခုကိုရရှိဖို့, ငြိမ်းချမ်းမှုကိုရရှိဖို့အတွက်ဆိုရင် spirituallyအရ အရေးကြီးတယ်ဆိုတာ, မိမိရဲ့စိတ်ဝိညာဉ်ကို ကြီးထွားရင့်သန်စေလာဖို့ ပြုမူစေလာဖို့ စိတ်ထားတတ်ဖို့လိုတယ်ဆိုတာကို ကောင်းကောင်းနားလည်လာစေတဲ့ စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်

(465) Resisting Happiness Read More »

Toe Tet's Logo