science

(490) Why We Sleep

Matthew Walker, PhD ရဲ့ “Why We Sleep” စာအုပ်ဟာ ကျွန်ုပ်တို့ဘဝမှာ အိပ်စက်ခြင်းရဲ့ အရေးပါပုံကို ပြောပြသွားခဲ့ပါတယ်။ အိပ်စက်ခြင်းရဲ့ နောက်ကွယ်ကသိပ္ပံပညာအကြောင်းကို ပြောပြသွားပြီး၊ ကျွန်တော်တို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ကျန်းမာရေးအပေါ် သက်ရောက်မှုရှိနိုင်ပုံကို ရေးသားထားခဲ့ပါတယ်။ အိပ်စက်ခြင်းဆိုင်ရာ သိပ္ပံပညာနှင့် သူ့ရဲ့အရေးပါပုံကို နားလည်လိုပါက ဖတ်ထားသင့်တဲ့ စာအုပ်တစ်အုပ်ပဲဖြစ်ပါတယ်။

(462) The Brain That Changes Itself

ဦးနှောက်က ပြောင်းလဲလို့ရတယ်၊ တိုးတက်အောင် လုပ်လို့ရတယ်ဆိုတဲ့ အပိုင်းတွေကို စိတ်ဝင်စားစရာ Topic တွေနဲ့ ဖော်ပြသွားမယ့် စာအုပ်ကောင်းတစ်အုပ်ပဲ ဖြစ်ပါတယ်။

(412) The Science of Rapid Skill Acquisition

သင်ယူလေ့လာမှုဟာ သင့်ရဲ့လက်ရှိအခြေအနေကို တိုးမြှင့်ဖို့၊ ကိုယ်ဖြစ်ချင်တဲ့သူတစ်ယောက် ဖြစ်လာဖို့ အဓိကသော့ချက်ပဲ ဖြစ်ပါတယ်။ Skills ၊ သတင်းအချက်အလက်နဲ့ အရည်အချင်းတွေဟာ သင့်ထံအလိုလို ရောက်လာမှာမဟုတ်တာကြောင့် ကိုယ်တိုင်ကိုယ်ကျ ရှာဖွေနိုင်ဖို့ လိုပါတယ်။ ဒီအတွက် အကောင်းဆုံးနည်းလမ်းနဲ့ ရှာဖွေနိုင်ပုံကို “The Science of Rapid Skill Acquisition” စာအုပ်က ပြသသွားမှာ ဖြစ်ပါတယ်။ “The Science of Rapid Skill Acquisition” စာအုပ်ဟာ အရည်အချင်းနဲ့ Skill အသစ်တွေကို ကိုယ်‌လို‌ချင်တဲ့နေရာ ရောက်ရှိနိုင်ဖို့ အကောင်းဆုံး အရင်းအမြစ်တစ်ခုပါပဲ။ စာအုပ်ထဲမှာဆိုရင် သတင်းအချက်အလက်တွေကို သင်ယူရာမှာ အဓိကကျတဲ့ အကြောင်းအရာတွေ၊ ကိုယ့်ရဲ့ အားသာချက်အတွက် ထိထိရောက်ရောက် အသုံးချနိုင်ပုံတွေကို စနစ်တကျ ရှင်းပြထားပါတယ်။

(230) Lifespan

အသက်ကြီးပြင်းလာခြင်းဟာ လူတိုင်းရှောင်လွှဲလို့မရတဲ့ အမှန်တရားတစ်ခု ဖြစ်ပါတယ်။ Dr. David Sinclair ရဲ့ ‘Lifespan’ စာအုပ်ထဲမှာဆိုရင် ကျွန်တော်တို့ အသက်ကြီးလာရခြင်းအပေါ်မှာ ပြတ်သားတဲ့ သီအိုရီအသစ်တွေ ထုတ်ပြသွားခဲ့ပါတယ်။ သူဟာ အသက်ကြီးပြင်းလာခြင်းဟာ “ရောဂါတစ်ခုဖြစ်တယ်၊ ရောဂါဆိုတာ ကုသနိုင်တယ်လို့” ရေးသားသွားခဲ့တယ်။ အတွေးအမြင်တွေကိုပြောင်းလဲပေးနိုင်မယ့် ဒီစာအုပ်ဟာ ကျွန်တော်တို့ကို ထင်မြင်ထားတဲ့ သိပ္ပံပညာရဲ့ ကန့်သတ်ချက်တွေ၊ Dr. David Sinclair ရဲ့ ကိုယ်ပိုင်စမ်းသပ်ခန်းထဲက ကြီးမားတဲ့ ရှာဖွေတွေ့ရှိမှုတွေဆီ ခေါ်ဆောင်သွားပေးမှာ ဖြစ်ပြီး အသက်ကြီးပြင်းလာခြင်းကို ‌နှေးကွေး‌၊ နောက်ပြန်ဆုတ်စေနိုင်ပုံကို ပြသသွားခဲ့ပါတယ်။ လျှို့ဝှက်ချက်ကတော့ အသစ်တွေ့ရှိထားတဲ့ သန်မာတဲ့ မျိုးရိုးဗီဇတွေကို နှိုးဆွပေးဖို့ပဲ ဖြစ်ပါတယ်။ စိတ်ဝင်စားဖွယ်ကောင်းတဲ့ အကြောင်းအရာတွေနဲ့အတူ Dr. Sinclair ဟာ သင့်ကို သိပ္ပံရှာဖွေတွေ့ရှိမှုတွေ၊ တိုးတက်လာနေတဲ့ နည်းပညာ၊ …

(230) Lifespan Read More »

(159) Stop the Clock

အသက်အရွယ် ကြီးပြင်းလာခြင်းကို နှေးကွေးစေနိုင်သလို၊ ​​နောက်ပြန်လှည့်သွားအောင်ပါ ပြုလုပ်နိုင်ပါတယ်။ အသက်ကြီးပြင်းလာခြင်း သိပ္ပံပညာ ဟာဆိုရင် ယခုနှစ်တွေမှာ များစွာ တိုးတက်ပြောင်းလဲလာပြီး၊ အသက်ကြီးပြင်းခြင်းကို ကောင်းမွန်အောင် ဝင်ရောက်စွက်ဖက်နိုင်တဲ့ အရာတွေ ပေါ်လာခဲ့ပါပြီ။ `Stop the Clock´ စာအုပ်ထဲမှာဆိုရင် စည်းကမ်းရှိရမယ့် နည်းလမ်းတချို့ကလွဲလို့ အကုန်ကျများစရာ ကိစ္စရပ်တွေ မပါဝင်ဘဲ အသက်ကြီးပြင်းခြင်းကို တားဆီးနိုင်မယ့် သိပ္ပံနည်းကျ စမ်းသပ်ချက်တွေသာ ပါဝင်ပါတယ်။ ကျွန်တော်တို့ ခန္ဓာကိုယ်က မြို့ပြတိုက်တွေလိုပဲ အသစ်တွေ တည်ဆောက်ဖို့ အဟောင်းတွေ ဖြိုချဖျက်ဆီး ပစ်ရတယ်။  လူသားတွေရဲ့ ခန္ဓာကိုယ်က ငယ်ရွယ်တုန်းမှာ ပြန်လည်သစ်လွင်အောင် ပြုပြင်ဖို့ လွယ်ပေမယ့် အသက်ကြီးလာတာနဲ့အမျှ ထိုဖြစ်စဉ်က အားနည်းလာတယ်။ နာရီတွေကို ရပ်တန့်ပြီး ဘဝနေထိုင်မှုပုံစံကို အနည်းငယ် ချိန်ညှိရင်း ပြန်လည်ပြုပြင်နိုင်တဲ့ ဖြစ်စဉ်ကို အားကောင်းအောင် …

(159) Stop the Clock Read More »

Toe Tet's Logo