Real Estate

(537) How to create wealth investing in REAL ESTATE

အိမ်ခြံမြေမှာ ရင်းနှီးမြှုပ်နှံပြီးတော့ ချမ်းသာအောင်မြင်လာအောင် ဘယ်လိုလုပ်ကြမလဲ…။Buyer with Power ကို Segmentation လုပ်ထားကြောင်း… ဝယ်သူအသေးစားလေးတွေကျတော့ အကုန်အကျများပြီး အမြတ်နည်းတာကြောင့် Target မထားကြောင်းတွေကို အသေးစိတ်ရှင်းပြထားပါတယ်…။ဒါ့အပြင် “The investment is earth that creates cash flow” လို့လည်း ဖော်ပြထားပါသေးတယ်…။Real estate ကအရေးကြီးကြောင်းပြောပြီးတဲ့နောက် Deal တွေဘယ်လိုလုပ်မလဲ… ဘာ mistake တွေအလုပ်များလည်းဆိုတဲ့အကြောင်းကို စိတ်ဝင်စားဖွယ် လေ့လာနိုင်ပါတယ်…။

(227) Wealth Opportunities in Commercial Real Estate

အိမ်ခြံမြေတွေကို ဝယ်ယူခြင်း၊ စီမံခန့်ခွဲခြင်း၊ ရယူပိုင်ဆိုင်ခြင်းကနေ ငွေကြေးရယူနိုင်စေမယ့် လမ်းပြစာအုပ်တစ်အုပ်ဖြစ်တဲ့ ‘Wealth Opportunities in Commercial Real Estate’ စာအုပ်ဟာ ဈေးကွက်ထဲမှာ အသာရဖို့အတွက် လိုအပ်တဲ့ အရင်းအမြစ်မှန်သမျှကို ပေးစွမ်းသွားမှာ ဖြစ်ပါတယ်။ အိမ်ခြံမြေဈေးကွက်ကို အခုမှ စတင်ဝင်ရောက်သူဖြစ်စေ၊ လုပ်သက်ကြာနေသူဖြစ်စေ ဒီစာအုပ်က အကျိုးရှိနိုင်မှာ ဖြစ်ပါတယ်။ ဈေးကွက်နယ်ပယ်က Case Studies တွေ၊ အိမ်‌ခြံမြေအကျိူးဆောင် ကျွမ်းကျင်သူ Gary Grabel ရဲ့ အကြံဉာဏ်တွေနဲ့အတူ ဒီစာအုပ်ဟာ အလားလာရှိတဲ့ ပိုင်ဆိုင်မှုတစ်ခုကို ဘယ်လိုအကဲဖြတ် သုံးသပ်မလဲ၊ Value တွေ ဘယ်လိုဖန်တီးနိုင်မလဲဆိုတဲ့ အခြေခံအချက်တွေကို သင်ပြပေးသွားမှာ ဖြစ်ပါတယ်။ အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုဟာ ကောင်းမွန်ပြီး အမြတ်များတာကြောင့် ဆုံးဖြတ်ချက်ချတဲ့အခါ မှန်ကန်တဲ့ အမြင်နဲ့ စိတ်ရှည်မှုဟာ အလွန်အရေးကြီးပါတယ်။ …

(227) Wealth Opportunities in Commercial Real Estate Read More »

Toe Tet's Logo