Psychology
(711) Wired to Create
Columbia University မှာ စာသင်ကြားနေတဲ့ Scott Barry Kaufman နဲ့ Editor တစ်ဦးဖြစ်တဲ့ Carolyn Gregoire တို့ (၂)ယောက် ရေးထားတဲ့ “Wired to Create” စာအုပ်ထဲမှာ “Creativity” တီထွင်ဆန်းသစ်မှုနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို အဓိကထားပြီး ပြောပြထားပါတယ်။ဒီစာအုပ်ထဲမှာ အာရုံကြောသိပ္ပံနှင့် စိတ်ပညာဆိုင်ရာ နောက်ဆုံးတွေ့ရှိချက်တွေကို ထုတ်ဖော်ပြသထားပြီး သမိုင်းတစ်လျှောက် အနုပညာရှင်တွေနဲ့ ဆန်းသစ်တီထွင်သူတွေရဲ့ နမူနာများနှင့်အတူ တီထွင်ဖန်တီးတွေးခေါ်မှုကို မြှင့်တင်ပေးသည့် စိတ်၏အလေ့အကျင့်များနှင့် အလေ့အထများကို ဖော်ပြထားပေးပါတယ်။ဒီစာအုပ်ထဲမှာ Kaufman နှင့် Gregoire တို့က သတိပဋ္ဌာန်နှင့် နေ့ခင်းအိပ်မက်မက်ခြင်း၊ လေးနက်မှုနှင့် ကစားခြင်း၊ ပွင့်လင်းမှုနှင့် အာရုံခံစားနိုင်မှု၊ အထီးကျန်မှုနှင့် ပူးပေါင်းဆောင်ရွက်ခြင်းကဲ့သို့ ဝိရောဓိများကို ဖယ်ထုတ်ခြင်း စတဲ့နည်းလမ်းတွေနဲ့ ကျွန်ုပ်တို့ရဲ့ အနက်ရှိုင်းဆုံး …
(709) Transcend
လူတွေရဲ့ဘဝမှာ အာရုံငါးပါးနဲ့ လုံးဝနက်ရှိုင်းတဲ့အရာတွေကို ခံစားမိတဲ့အချိန်တွေ ရှိဖူးလိမ့်မယ်… တခြားသူတွေနားမလည်တဲ့အရာတွေကို အလွယ်တကူနားလည်နေတဲ့အချိန်တွေ ရှိခဲ့ဖူးလိမ့်မယ်…။ တခြားသူတွေကို အတ္တတွေလျော့ကျကာ မေတ္တာထားနိုင်လာပြီး အားလုံးနဲ့တသားတည်းဖြစ်နေတယ်လို့ ခံစားလာမိတဲ့ Spiritual Experience လည်း ဘဝမှာကြုံကောင်းကြုံဖူးပါလိမ့်မယ်…။ တသားတည်းဖြစ်နေတာ… limitations တွေကျော်ပြီးရှိနေတာကို Transcend လို့ခေါ်ပါတယ်… ဒီ insider note ထဲမှာဆိုရင် Spiritual Perspective ကနေ Peak Experienceအကြောင်းကို ရိုးရိုးရှင်ရှင်းနဲ့စိတ်ဝင်စားဖွယ်တင်ပြထားပါတယ်…
(687) The Winner Effect
“The Winner Effect” စာအုပ်ထဲမှာဆိုရင် Ian H. Robertson က အောင်မြင်မှု၊ ရှုံးနိမ့်မှုနဲ့ ဆက်နွယ်နေတဲ့ Neuroscience အကြောင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ Robertson ဟာဆိုရင် အနိုင်ရရှိမှုတွေက ကျွန်တော်တို့ရဲ့ ဦးနှောက်နဲ့ အမူအကျင့်တွေကို ပြောင်းလဲစေပြီး Winner Effect လို့ ခေါ်တဲ့ စိတ်ပိုင်းဆိုင်ရာဖြစ်စဉ်တစ်ခုဆီ ဦးတည်စေကြောင်း ရှာဖွေဖော်ထုတ်သွားခဲ့တယ်။ ဒီစာအုပ်ဟာဆိုရင် အောင်မြင်မှုတွေရဲ့ နောက်ကွယ်က အာရုံကြောဆိုင်ရာဖြစ်စဉ်တွေ၊ ကျွန်တော်တို့ရဲ့ အနာဂတ် လုပ်ရပ်၊ ဆုံးဖြတ်ချက်တွေအပေါ်မှာ သက်ရောက်မှုရှိနိုင်ပုံတွေကို ရေးသားဖော်ပြထားတဲ့အတွက် အောင်မြင်မှုဖြစ်ပေါ်လာပုံကို သိပ္ပံနည်းကျသိချင်တယ်ဆိုရင် ဖတ်ထားသင့်တဲ့ စာအုပ်တစ်အုပ်ပဲ ဖြစ်ပါတယ်။
(668) The Personal MBA
ရောင်းအားအကောင်းဆုံးစာရင်းဝင်စာအုပ်တစ်အုပ်ဖြစ်တဲ့ “The Personal MBA” စာအုပ်ကိုတော့ Josh Kaufman ရေးသားထားတာဖြစ်ပါတယ်။ ဒီစာအုပ်မှာတော့ သာမန် ကျောင်းတွင်း Business သင်ခန်းစာတွေကနေ ကွဲထွက်နေပြီး လက်တွေ့အသုံးချနိုင်တဲ့ Business Concepts တွေကို စုစည်းထားပါတယ်။“ The Personal MBA “ စာအုပ်ထဲမှာ Marketing, Sales, Operations, System Design, Productivity စတဲ့ အကြောင်းအရာမျိုးစုံပါဝင်တဲ့အပြင် လက်တွေ့ဘဝမှာ တွေ့ကြုံရနိုင်တဲ့ အခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့ သိထားသင့်တဲ့ Business Model တွေကိုပါ ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် လက်တွေ့အသုံးချ စီးပွါးရေးပညာကို လေ့လာချင်သူတွေအတွက် အံကိုက်ပါပဲ။
(639) The Leap
ဒီစာအုပ်လေးကတော့ Spiritual Science အကြောင်း ပြောပြထားခဲ့ဖူးတဲ့ စာရေးဆရာ Steve Taylor ရေးသားထားတဲ့The Leap စာအုပ်လေးအကြောင်းပဲဖြစ်ပါတယ်…။Spiritual Awakening ဖြစ်ပြီ ဆိုရင် ဘယ်လိုကြုံရနိုင်လဲ? အမှန်တရားဆိုတာ ဘာလဲ? ယုံကြည်ချက်အလွှဲတွေဟာ ဘာတွေလဲဆိုတာကို စုံစုံလင်လင်ဖော်ပြထားပါတယ်…။ဖြည်းဖြည်းမှန်မှန် အောင်ပွဲခံတဲ့ Gradual Awakening ဆိုတဲ့အပိုင်းတွေ…၊ Sudden Awakening ဆိုတဲ့ အကြောင်းတွေ…၊ Kundalini Awakening လို့ခေါ်တဲ့ Energy Awakening အကြောင်းတွေ အကုန်ပါဝင်ပါတယ်…။မတူညီတဲ့ Culture တွေ Religion တွေ ရှုထောင့်ကနေ Spiritual Awakening အပေါ် ဘယ်လိုမြင်ကြလဲဆိုတာကို စိတ်ဝင်စားဖွယ်ဖော်ပြထားပါတယ်..။
(539) Dark Psychology 7 Books in 1
မိတ်ဆွေက Dark Psychology ကို လေ့လာချင်တယ်၊ ကောင်းတဲ့ရည်ရွယ်ချက်တဲ့ ပြန်လည်အသုံးချချင်တယ်ဆိုရင် “Dark Psychology 7 in 1” ကတော့ ဖတ်သင့်တဲ့စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ဒီစာအုပ်ထဲမှာတော့ လူတွေကို ဘယ်လိုလွှမ်းမိုးရမလဲ၊ Dark Psychology အကြောင်း စသည်ဖြင့် Topic (၇)ခုကို ရှင်းပြထားပါတယ်။