Professional Development
(714) The Innovator’s DNA
The Innovator’s DNA စာအုပ်က တီထွင်ဆန်းသစ်နိုင်တဲ့ အတွေးအခေါ် ပညာရှင်များနဲ့ ကုမ္ပဏီများမှာ ရှိတတ်တဲ့ စရိုက်၊ အလေ့အကျင့်တွေကို ခွဲခြမ်းစိတ်ဖြာပြီး လေ့လာထားတဲ့ စာအုပ်ကောင်း တစ်အုပ်ပါ။ ဒီစာအုပ်ထဲမှာတော့ တီထွင်ဖန်တီးနိုင်စွမ်းကို မြှင့်တင်ပေးနိုင်မဲ့ Skill (5) မျိုးကို အဓိက လေ့လာရမှာပါ။ ဒါ့အပြင် Steve Jobs, Elon Musk, Thomas Edison တို့လု စွန့်ဦးတီထွင်တွေက ဒီ skill တွေကို အနာဂတ်ကိုပုံဖော်ဖို့ ဘယ်လိုအသုံးချခဲ့လဲဆိုတာ သိနိုင်မှာပါ။ စွန့်ဦးတီထွင် ဖြစ်ချင်တဲ့သူတွေ၊ စီးပွားရေး လုပ်ငန်းရှင်တွေ၊ တီထွင်ဖန်တီးနိုင်စွမ်းကို တိုးမြှင့်ချင်တဲ့သူတွေ အဓိက ဖတ်ရှုသင့်ပါတယ်။
(703) The Diary of a CEO
မိတ်ဆွေက အောင်မြင်တဲ့ စွန့်ဦးတီထွင်သမားတွေရဲ့ အတွေးအခေါ်နဲ့အကြံဉာဏ်တွေကိုသိချင်တယ်၊ ကိုယ့်ဘဝမှာ ကြီးမားတဲ့အပြောင်းအလဲ၊ တိုးတက်မှုတွေ လုပ်ချင်တယ်ဆိုရင် ဒီစာအုပ်ကို ညွှန်းချင်ပါတယ်။ The Diary of a CEO ကိုတော့ နာမည်ကျော် စွန့်ဦးတီထွင်သမားတစ်ဦးဖြစ်တဲ့ Steven Bartlett ကရေးသားထုတ်ဝေတာဖြစ်ပြီး သူ့ရဲ့ အောင်မြင်ကျော်ကြားတဲ့ Podcast ဖြစ်တဲ့ “The Dairy of a CEO” မှာ Interview ဗျူးခဲ့တဲ့ အကြောင်းအရာတွေကိုပါ မှီငြမ်းထားတဲ့ စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။
(695) How to Drive Your Competition Crazy
ကိုယ့်ရဲ့ပြိုင်ဘက်တွေကို ရူးခါသွားအောင် ဘယ်လိုလုပ်မလဲ?နည်းလမ်းပညာတိုးတက်လာတွေကြောင့် အပြောင်းအလဲတွေဟာလည်း ရုတ်ချည်းပြောင်းလဲလာကြပါတယ်…ဒီလိုမျိုးကာလမှာ IBM လိုပြိုင်ဘက်ကြီးကိုApple အနေနဲ့ဘယ်လိုပြိုင်ခဲ့ရလဲ… အပြောင်းအလဲဆိုတွေကို ဘယ်လိုadapt လုပ်ခဲ့လဲ… စောင့်ကြည့်သင့်သလဲဆိုတာတွေကို ဒီinsider noteမှာ စိတ်ဝင်စားဖွယ်လေ့လာနိုင်မှာဖြစ်ပါတယ်…။
(685) Work the System
Sam Carpenter ရေးသားထားတဲ့ Work the System ဆိုတဲ့ စာအုပ်ကတော့ ကိုယ်ဖြတ်သန်းနေတဲ့ ဘဝတစ်လျှောက်မှာ ကိုယ်လုပ်ကိုင်နေတဲ့ အလုပ်နဲ့ အပြန်အလှန်ဆက်သွယ်မှုတွေရှိတဲ့အခါ အလုပ်လုပ်ကိုင်ရတာ လွယ်ကူရိုးရှင်းပြီး စွမ်းဆောင်ရည်ပိုကောင်းစေနိုင်ဖို့အတွက် အကူအညီဖြစ်စေတဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ တကယ်လို့ မိတ်ဆွေက လုပ်ငန်းတာဝန်တွေ ချောမွေ့စွာလုပ်ဆောင်ဖို့အတွက် ထိရောက်မှုရှိပြီး အမှားအယွင်းတွေကို လျော့ချနိုင်တဲ့ အကောင်းဆုံးစနစ်တစ်ခုကို ပုံဖော်လိုတယ်ဆိုရင်၊ ကောင်းမွန်တဲ့ ရလဒ်တွေကိုရဖို့ စည်းကမ်းတွေ၊ အာရုံစူးစိုက်မှုတွေနဲ့၊ ဇွဲရှိမှုတွေ၊ စိတ်သဘောထားတွေကို ကောင်းစွာအသုံးပြုတတ်လိုတယ်ဆိုရင် ဖတ်သင့်တဲ့ စာအုပ်ကောင်းတစ်အုပ်ဘဲဖြစ်ပါတယ်။ “Work the System” ဆိုတဲ့ စာအုပ်ကတော့ စွန့်ဦးတီထွင်သူတွေ၊ စီးပွားရေးခေါင်းဆောင်တွေနဲ့ မိမိရဲ့လုပ်ငန်းခွင်နှင့်ဘဝတွေကို စီမံခန့်ခွဲတဲ့နေရာမှာ စနစ်တကျနဲ့ ထိထိရောက်ရောက် မြှင့်တင်လိုသူတိုင်းအတွက် ၎င်းတို့ရဲ့ ပန်းတိုင်တွေမှာ အောင်မြင်စေရန် ကူညီပေးနိုင်တဲ့ စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။
(632) Root Cause Analysis
ပြဿနာတွေဖြစ်လာပြီဆိုရင် အရေးကြီးဆုံးက ဘယ်လိုဖြေရှင်းမလဲဆိုတာပါ…။ဒီလိုဖြေရှင်းနိုင်ဖို့ဆိုရင် အရင်ဆုံးပြဿနာတွေရဲ့အရင်းအမြစ်ကိုရှာဖို့လိုပါတယ်…။ Root Cause (ပြဿနာအရင်းအမြစ်) ကနေ ပြဿနာကို ဘယ်လိုဖြေရှင်းလို့ရနိုင်သလဲ…။Hypothesis လို့ခေါ်တဲ့ အဆိုပြုချက်တွေကို ထိထိရောက်ရောက် ဘယ်လို address လုပ်မလဲ… အစရှိတဲ့အကြောင်းအရာတွေကို ဥပမာ အမြောက်အမြားနဲ့ နားလည်လွယ်အောင် Root Cause Analysis Step by Step ကို လွယ်ကူရိုးရှင်းစွာပြောပြပေးထားတဲ့ Insider Note လေးပဲဖြစ်ပါတယ်…။