Productivity

(590) The Productivity Blueprint

Productivity နဲ့ပတ်သက်ပြီး ကောင်းသထက်ကောင်းလာအောင် Digital Transformation တွေ Modernization တွေကို အကောင်းဆုံး Adapt လုပ်ပြီး ဘယ်လိုကြိုးစားကြမလဲဆိုတဲ့အကြောင်းအရာတွေ ပါဝင်တဲ့ Insider Note ဖြစ်ပါတယ်…။အောင်မြင်ကျော်ကြားလှတဲ့ စီးပွါးရေးလုပ်ငန်းရှင်တွေ… အောင်မြင်နေတဲ့သူတွေရဲ့ Productivity နဲ့ပတ်သက်ပြီး စုပေါင်းထားတဲ့စာအုပ်တစ်အုပ်လည်းဖြစ်ပါတယ်…။ ဘဝမှာ Better Version ဖြစ်လာဖို့…ပိုမိုပျော်ရွှင်လာဖို့….ကိုယ့်အတွက် Productivity ဘာလို့ဖြစ်ချင်တာလဲဆိုတဲ့အကြောင်းအရာတွေကို စိတ်ဝင်စားဖွယ်ဖော်ပြထားပါတယ်…။

(530) Morning Magic

ကျွန်တော်တို့ကို အတားအဆီးလုပ်နေတာက ကျွန်တော်တို့ ကိုယ်တိုင်ပါပဲ။ ကိုယ့်ကိုယ်ကိုယ် မနက်အစောကြီး မထနိုင်ဘူး။ မနက်အစောကြီးထတဲ့အခါ Energy မရှိဘူး။ စသဖြင့် ထင်တတ်ကြပါတယ်။ ကျွန်တော်တို့ရဲ့ ဘဝမှာ ကျွန်တော်တို့ ကိုယ်တိုင်နဲ့ပဲ 100% သက်ဆိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် တာဝန်ယူရမှာ ဖြစ်ပါတယ်။ ဒီလိုမျိုး ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင်, Productive ဖြစ်အောင် လုပ်ဖို့အတွက် မနက်ခင်းရဲ့ Power ကို အသုံးပြုဖို့ လိုပါတယ်။ Dr. Erin Leyba ရဲ့ Morning Magic စာအုပ်ထဲမှာ – တစ်နေ့တာရဲ့ အရေးကြီးဆုံး အချိန်ဖြစ်တဲ့ မနက်ခင်းမှာ Morning Routine ကို လိုအပ်တဲ့အကြောင်း၊ – အလေ့အကျင့်တွေကို နားလည်ဖို့အကြောင်း၊ – Morning Magic ရဲ့ …

(530) Morning Magic Read More »

(529) The Power Of Focus

Frank Knoll ရေးသားထားတဲ့ The Power of Focus ဆိုတဲ့ စာအုပ်လေးကတော့ ဘဝအတွက် ပိုမိုခိုင်မာတဲ့ အသိအမြင်တွေရှိဖို့အတွက်နဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေမှာ အာရုံစူးစိုက်မှု စွမ်းအား ပိုမို ရရှိစေဖို့အတွက် ရေးသားဖော်ပြထားပါတယ်။ ကျွန်တော်တို့အနေနဲ့ တစ်နေ့တာမှာ အာရုံစိုက်ရန်ကိစ္စရပ်တွေ များပြားနေတတ်ပါတယ်။ ဒီလိုအခိုက်အတန့်တွေမှာ အချိန်ကြာမြင့်စွာ အာရုံပြန့်လွင့်မနေဘဲ လုပ်ငန်းဆောင်တာတွေကို ဆက်လက်လုပ်ဆောင်နိုင်ရန်အတွက် စိတ်တွေကိုပြန်လည်စုစည်းနိုင်ဖို့အတွက်လဲ လိုအပ်ပါတယ်။ ဒီစာအုပ်ထဲမှာဆိုရင်တော့ အချိန်ဆွဲခြင်းကနေ အနိုင်ယူနိုင်ဖို့အတွက်၊ နေ့စဉ်ရည်မှန်းချက်တွေကို ဖန်တီးနိုင်ဖို့အတွက်၊ ပိုမိုအောင်မြင်တဲ့ နေရာတစ်ခုကိုလျှောက်လှမ်းနိုင်ဖို့အတွက် အချိန်ကို ကောင်းမွန်စွာ စီမံခန့်ခွဲပုံတွေ၊ အရေးကြီးသည့်အရာများကို ဦးစားပေးနိုင်မယ့် နည်းလမ်းတွေနဲ့ အာရုံစူးစိုက်မှုကို ထိန်းချုပ်နိုင်မယ့် နည်းလမ်းတွေကို နားလည်ရလွယ်ကူပြီး လိုက်ပါလုပ်ဆောင်ရလွယ်ကူစေမယ့် နည်းလမ်းတွေနဲ့ လမ်းညွှန်ဖော်ပြထားပါတယ်။

(505) Essentialism

ပျော်ရွှင်မှုရဲ့ ရန်သူက ရှုပ်ထွေးမှုပဲဖြစ်ပါတယ်။ ရှုပ်ထွေးမှုရဲ့ ဆန့်ကျင်ဖက်ကို ကြည့်လိုက်ရင် ရှင်းလင်းမှုကို မြင်ရပါလိမ့်မယ်။ ရှင်းလင်းမှုကို သိလာတဲ့အခါ ကျွန်တော်တို့ဘဝက ပိုပြီး နေလို့ထိုင်လို့ ကောင်းလာပါလိမ့်မယ်။ ဒီလိုမျိုး ရှင်းရှင်းလင်းလင်း သိဖို့အတွက် ကိုယ့်ဘဝမှာ ဘာကအရေးပါလဲ၊ ဘာကမရှိမဖြစ်လိုအပ်လဲဆိုတာကို သိအောင်လုပ်ဖို့လိုအပ်ပါတယ်။ Greg McKeown ရေးသားထားတဲ့ Essentialism စာအုပ်ထဲမှာတော့ ဘဝကို အဓိပ္ပာယ်ရှိရှိ၊ ရည်ရွယ်ချက်ရှိရှိ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းချင်တဲ့သူတွေအတွက် လက်တွေ့ကျတဲ့ နည်းလမ်းတွေကို ဖော်ပြပေးထားပါတယ်။ ဒီစာအုပ်ထဲမှာ Essentialism ရဲ့ နည်းစနစ်တစ်ခုဖြစ်တဲ့ အရေးပါတဲ့အရာတွေကိုပဲလုပ်ပြီး အရေးမပါတာတွေကို ငြင်းဆန်တဲ့ Mindset တစ်ခုကို ဘယ်လိုပျိုးထောင်ရမလဲဆိုတာကိုလဲ ပြောပြပေးပါတယ်။ ဒါ့အပြင် စာဖတ်သူတွေအနေနဲ့ ကိုယ့်ရဲ့အချိန်တွေစွမ်းအင်တွေကို ဘယ်လိုဦးစားပေးသင့်တယ်ဆိုတာတွေ၊ အနှောင့်အယှက်တွေကို ဘယ်လိုဖယ်ရှားရမလဲဆိုတာတွေ၊ Personal Lives နဲ့ Professional …

(505) Essentialism Read More »

(491) Time is Money

လူတွေဘာလို့ အချိန်ဆွဲကြတာလဲ (Procrastinate) လုပ်ကြတာလဲ? အဲ့လိုဖြစ်ရတာဟာ Stress ကနေဖြစ်လာကြတာများတယ်။ Stress တွေ Anxiety တွေဟာ အများစုက Perfectionist ဖြစ်တာကနေလာပါတယ်။ အချိန်ဆွဲတာကို ကုသဖို့ဆိုရင် အလေ့အကျင့်တွေ၊ ဆုချတာတွေ၊ ဒဏ်ပေးတာတွေ လုပ်လေ့ရှိကြပေမယ့် တကယ်ပဲ ထိရောက်အောင် ဘယ်လိုလုပ်မလဲဆိုတာတွေကို ဒီ Insider Note မှာလေ့လာကြည့်ရှုနိုင်ပါတယ်။ ဒါကြောင့် Productivity နဲ့ ပတ်သက်လာရင် အချိန်ဆွဲနေတာတွေကို ကုသဖို့အတွက်ဆိုရင် ဒီ Insider Note ကနေ ကူညီပေးနိုင်ပါတယ်။

(487) Get it done

Get it done စာအုပ်ကို  Ayelet Fishbach ရေးသားခဲ့တဲ့စာအုပ်ကောင်းလေးတစ်အုပ်ပဲ ဖြစ်ပါတယ်။ Motivation ဆိုတဲ့အရာကို  သိပ္ပံနည်းကျစိတ်ဝင်စားဖွယ် သုတေသနပြုချက်များနှင့် ကိုယ်ကိုကိုယ် လှုံ့ဆော်ရန်  Get It Done စာအုပ်ကကိုယ် သွားလိုသည့်လမ်းကြောင်းအတိုင်း သွားရန်အတွက် တန်ဖိုးမဖြတ်နိုင်သော နည်းဗျူဟာများကို အကောင်ထည်ပေးနိုင်ပေပြီးပန်းတိုင်များကို အောင်မြင်နိုင်အောင်ကူညီပေးနိုင်မယ့်စာအုပ်ကောင်းတစ်အုပ်ပါ။

(435) Eat That Frog

“Eat That Frog” စာအုပ်ဟာ ကိုယ့်ဘဝရဲ့ အရေးကြီးတဲ့ အလုပ်တွေကို ဘယ်လိုလုပ်ဆောင်ရမလဲကို ပြသပြီး ကိုယ့်ရဲ့ တစ်နေ့တာကို စီမံနိုင်စေမှာပါ။ အလုပ်တွေကို ပိုမိုမြန်ဆန်စွာ ပြီးမြောက်ရုံသာမက မှန်ကန်တဲ့ အလုပ်တွေကိုလည်း ပြီးမြောက်စေမှာ ဖြစ်ပါတယ်။ Brian Tracy ဟာ ထိရောက်တဲ့ အချိန်စီမံခန့်ခွဲမှုအတွက် အရေးကြီးတဲ့ အချက်ဖြစ်တဲ့ ဆုံးဖြတ်ချက်၊ စည်းကမ်းနှင့် ပြတ်သားမှုတို့အကြောင်း ပြောပြသွားမှာပါ။ စာရေးဆရာဟာ သင့်ကို အချိန်ဆွဲနေခြင်းကို ရပ်တန့်စေပြီး အရေးကြီးတဲ့ အလုပ်တွေ ပိုမိုလုပ်ဆောင်နိုင်စေမယ့် လက်တွေ့ကျတဲ့ အဆင့်ပေါင်း ၂၀ ကို အသေးစိတ်ဖော်ပြထားပါတယ်။

(422) 12 Months of Work in 12 Weeks

“12 Months of Work in 12 Weeks” စာအုပ်ထဲမှာဆိုရင် စွမ်းဆောင်ရည်မြင့်တဲ့ Coach တစ်ယောက်ဖြစ်တဲ့ Mark Dhamma ဟာ စွန့်ဦးတီထွင်များစွာကို Productivity တိုးစေဖို့ ကူညီပေးနိုင်ခဲ့တဲ့ သူရဲ့နည်းစနစ်တွေကို မျှဝေသွားမှာ ဖြစ်ပါတယ်။ Dhamma ရဲ့ နည်းစနစ်တွေဟာဆိုရင် တာဝန်တွေ၊ ဦးစားပေးတွေကို စုစည်းစီမံတာထက်၊ မဟာဗျူဟာနဲ့ Plan ချမှတ်ခြင်းပိုင်းကို ပိုအာရုံစိုက်ထားပါတယ်။ Dhamma ဟာဆိုရင် သင်ချက်ချင်းပြန်အသုံးချနိုင်မယ့် စွမ်းအားပြင်း နည်းစနစ် ခုနှစ်ခုကို မျှဝေသွားမှာဖြစ်ပြီး၊ ဆယ့်နှစ်လစာအလုပ်ကို ဆယ့်နှစ်ပတ်နဲ့ပြီးဖို့က သင်ထင်ထားတာထက် ဖြစ်နိုင်ခြေရှိစေမှာ ဖြစ်ပါတယ်။

(421) The Science of Powerful Focus

သင်လက်ရှိသုံးနေတဲ့ Focus နဲ့ Productivity နည်းစနစ်တွေက သင့်အတွက် လုံလောက်ကောင်း လုံလောက်လိမ့်မယ်။ ဒါပေမယ့် သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်အရ အတူတကွ အလုပ်လုပ်ပုံကို နားမလည်ထားရင် ဖြစ်နိုင်ခြေတွေ အမြင့်ဆုံးကိုရောက်ရှိနိုင်မှာ မဟုတ်ပါဘူး။ “The Science of Powerful Focus” စာအုပ်ဟာဆိုရင် အကြီးမားဆုံး အလုပ်ပြီးမြောက်မှုနဲ့ ရည်မှန်းချက်တွေကို ရယူနိုင်စေမယ့် နည်းလမ်းတွေကို ပြသသွားမှာ ဖြစ်ပါတယ်။ နေ့စဉ်ဘဝမှာ အာရုံစူးစိုက်မှု ရရှိနိုင်ပုံကို ရှု့ထောင့်မျိုးစုံကနေ သုံးသပ်ပြသသွားမှာပါ။

Toe Tet's Logo