Politics
(653) Destined For War
Thucydides’s Trap ဆိုတာဘာလဲ?China နဲ့ America တို့ဦးတည်နေတဲ့ စစ်ပွဲကဘာဖြစ်မလဲ?အာဏာရှိပြီးသာလူတယောက်ကို စိန်ခေါ်တတ်တဲ့အခါမှာ ဖြစ်လာတတ်တဲ့ ဖိစီးမှုပုံစံဟာ Thucydides’s Trapပဲဖြစ်ပါတယ်…။ ဒီလိုမျိုးဖြစ်စဉ်ဟာ သမိုင်းကြောင်းထဲကလိုပဲ အိုဟောင်းနေပါပြီ…။ဒါ့အပြင် “အိပ်နေတဲ့နဂါးကြီးကို သွားမနှိုးပါနဲ့” ဆိုတဲ့ ဆိုရိုးစကားဟာ ဘယ်လိုမျိုးအဓိပ္ပာယ်ဖြစ်နေမလဲ…? နောက်ပြီးတော့ ကုန်သွယ်ရေးပဋိပက္ခတွေ…တိုက်ခိုက်မှုတွေ ဒါမှမဟုတ် ပင်လယ်ပြင်ထဲက မတော်တဆမှုတစ်ခုကနေလည်း စစ်ပွဲကြီးတခုကို ဖြစ်စေနိုင်တဲ့အကြောင်းတွေကို ဒီ insider note ထဲတွင် စိတ်ဝင်စားဖွယ်လေ့လာနိုင်မှာဖြစ်ပါတယ်…။
(164) How Propaganda Works
ယနေ့ ဒီမိုကရေစီခေတ်ဟာ နိုင်ငံရေး Campaign တွေ၊ လော်ဘီသမားတွေ၊ နိုင်ငံရေး Media နဲ့ သတင်းဌာနတွေဟာ စကားလုံးအမျိုးမျိုး အသုံးပြုပြီး ကျွန်တော်တို့ရဲ့ လူထု ကိစ္စရပ်တွေအပေါ် တွေးတောစဉ်းစားပုံတွေကို လွှမ်းမိုးထားလျက်ရှိတယ်။ ဒါတောင်မှ ဝါဒဖြန့်ချီမှုနဲ့ ကြိုးကိုင်ခြယ်လှယ်မှုတွေက ကျွန်တော်တို့အတွက် ပြဿနာမရှိသလို နေနေတတ်ကြတယ်။ ‘How Propaganda Works’ စာအုပ်ထဲမှာဆိုရင် Jason Stanley ဟာ အာရုံစိုက် သတိထားသင့်တာတွေကို ပုံဖော်ပြသွားခဲ့တယ်။ စာရေးဆရာဟာ ဝါဒဖြန့်ချီရေးတွေ လည်ပတ်ပုံ၊ ဒီမိုကရေစီကို အောက်ခြေက ပြိုလဲအောင် တိုက်ဖျက်နေပုံ၊ အတိတ်က ဒီမိုကရေစီတွေကိုလည်း ပျက်စီးစေခဲ့ပုံကို စူးစမ်းလေ့လာသွားခဲ့တယ်။ ဒီမိုကရေစီ နိုင်ငံတွေရဲ့ အဆင့်မမှီပုံတွေကို ရေးသားသွားခဲ့ပြီး Stanley ဟာ Democratic Political Theory ကို မိတ်ဆက်ရင်း …