Philosophy
(646) 100 Mental Models
လူတယောက် အောင်မြင်ခြင်း ကျရှုံးခြင်းတွေမှာ အရမ်းအရေးကြီးတဲ့အရာတခုရှိပါတယ်..။ အဲ့တာ Mental Model ပဲဖြစ်ပါတယ်…။ Mental Model ဆိုတာဘာတွေလဲ…။ဘယ်လိုသက်ရောက်မှုတွေရှိလဲ…။Cause & Effect ကိုယုံကြည်တဲ့Mental Modelတွေရှိသလို 80/20 ကိုယုံကြည်တဲ့ Mental Model တွေလည်း ရှိပါတယ်…။Mental Models တွေကနေ လူတယောက်ဟာ ဘယ်လောက်ထိ အပြောင်းအလဲဖြစ်နိုင်လဲ…။ မှန်ကန်တဲ့ဆုံးဖြတ်ချက်ကို ချနိုင်အောင် ဘယ်လောက်အရေးကြီးလဲဆိုတာတွေကို ဒီ insider note တွေ စိတ်ဝင်စားဖွယ်ဖတ်ရှုနိုင်ပါတယ်…။
(577) Everyday Philosophy
မိတ်ဆွေက Philosophy ကို စိတ်ဝင်စားတဲ့သူတစ်ယောက်ဆိုရင် “ Everyday Philosophy Made Easy “ စာအုပ်ကတော့ ဖတ်သင့်တဲ့ စာအုပ်ကောင်းတစ်အုပ်ပါ။ဒီစာအုပ်မှာ Graphics တွေ၊ Diagram တွေ အသုံးပြုပြီး နေ့စဉ်သုံးစကားလုံးတွေနဲ့ အတွေးအခေါ်ဆိုင်ရာပညာရပ်ကို ရှင်းလင်းပြီး နားလည်လွယ်အောင် ရေးထားတဲ့အပြင် ဒီ Philosophy Theories တွေကို နေ့စဉ်ဘဝမှာ ဘယ်လို အသုံးချနိုင်လဲဆိုတာကိုပါ ဖော်ပြထားပါတယ်။
(546) Waking Up
Spirituality နဲ့ Religion နဲ့ မတူပါဘူး။ ဒီအကြောင်းကို Sam Harris ရဲ့ Waking Up စာအုပ်ထဲမှာ အဓိက ပြောပြထားပါတယ်။ Spirituality နဲ့ တရားထိုင်ခြင်းအကြောင်းကိုလဲ ပြောပြထားသလို သိစိတ်နဲ့ ကိုယ့်စိတ်ရဲ့ သဘောသဘာဝအကြောင်းကို ရှင်းပြထားပါတယ်။ – Spirituality ဆိုတာဘာလဲ? – Self-ငါဆိုတာက ဘာလဲ? – Theory of Mind အကြောင်း စတဲ့ ရှုပ်ထွေးတဲ့ အတွေးအခေါ်တွေကို နားလည်လွယ်အောင် ရှင်းပြပေးထားပါတယ်။ ဒါကြောင့် Spirituality နဲ့ တရားထိုင်ခြင်းအကြောင်းကို သိပ္ပံနည်းကျ၊ ယုတ္တိရှိရှိ အမြင်တစ်ခုကနေ ချဥ်းကပ်ချင်သူတွေ အတွက် စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါတယ်။
(538) 30 Second Philosophies
ကျွန်တော်တို့ မေးနေတဲ့ မေးခွန်းတွေက အဖြေတွေပါပဲ။ ဒါကြောင့် မေးခွန်းတွေ မေးဖို့ အရေးကြီးပါတယ်။ Quality ရှိတဲ့ မေးခွန်းတွေ မေးဖို့ လိုသလို ယုတ္တိကျကျ စဥ်းစားတတ်ဖို့လဲ လိုပါတယ်။ 30 Second Philosophies စာအုပ်ထဲမှာ စာရေးဆရာ Stephen Law က Ethics နဲ့ ပတ်သက်တဲ့ အပိုင်း၊ Religon နဲ့ ပတ်သက်တဲ့အပိုင်း၊ Identity နဲ့ ပတ်သက်တဲ့အပိုင်းတွေကို စက္ကန့် ၃၀ အတွင်းမှာ စဥ်းစားပုံ၊ အတွေးအခေါ်တွေကို ပြောပြထားပါတယ်။ အပိုင်း တစ်ပိုင်းချင်းစီမှာ ထင်ရှားတဲ့ အတွေးအခေါ်ပညာရှင်တွေရဲ့ အိုင်ဒီယာတွေ, ပါဝင်ပတ်သက်ပုံတွေကိုလဲ အကျဥ်းချုပ် ဖော်ပြထားပါသေးတယ်။ ဒါကြောင့် Philosophy ကို အခြေခံနားလည်ဖို့နဲ့ Philosophy ရဲ့ အဓိက …
(448) What We Owe The Future
ဒီစာအုပ်ထဲမှာတော့ စာရေးဆရာ William MacAskill က အနာဂတ်ရဲ့ မျိုးဆက်တွေအပေါ်မှာ ရိုက်ခတ်နေတဲ့ ကျွန်တော်တို့ရဲ့ လုပ်ရပ်တွေ အကြောင်းကို ပြောပြထားတာ ဖြစ်ပါတယ်။ သူက ကျွန်တော်တို့အနေနဲ့ ခိုင်မာတဲ့ ပတ်ဝန်းကျင်ကို ချန်ထားခဲ့ဖို့သာမကဘဲ တရားမျှတတဲ့ လူ့အဖွဲ့အစည်းတစ်ခု အကြွေးတင်နေကြောင်းကို ဖော်ပြထားပါတယ်။ အတွေးအခေါ်ပိုင်းဆိုင်ရာ ဆန်းစစ်နိုင်စွမ်းတွေ၊ သမိုင်းကြောင်းရဲ့ အဖြစ်အပျက် သင်ခန်းစာတွေ၊ လူမှုဆက်ဆံရေးနဲ့ သိပ္ပံပညာ သုတေသနတွေကို အသုံးပြုနိုင်တဲ့အတွက် ဒီနေ့ခေတ်ဟာ အနာဂတ်က မျိုးဆက်တွေရဲ့ ဘဝတွေကို ပျော်ရွှင်စေနိုင်ဖို့၊ ပြည့်စုံစေနိုင်ဖို့ အရေးကြီးတဲ့ အခိုက်အတန့်ဖြစ်ကြောင်း ဖော်ပြထားတဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ ဒီစာအုပ်ထဲမှာဆိုရင် – အနာဂတ်က ကျွန်တော်တို့ရဲ့ ဘဝတွေအတွက် အရေးအကြီးဆုံး ဖြစ်တယ်ဆိုတဲ့အကြောင်း – အနာဂတ်အပေါ်ထားတဲ့ ကျွန်တော်တို့ရဲ့ တာဝန်သိစိတ်တွေက ကျွန်တော်တို့ရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ပုံသွင်းပေးတယ်ဆိုတဲ့အကြောင်း …
(429) Stoic Diary
စာရေးဆရာဟာ သူ့ရဲ့ဘဝမှာ လူကောင်းရော၊ လူဆိုးရော ဖြစ်ခဲ့ဖူးတယ်။ အတက်နဲ့ အကျတွေရှိခဲ့တယ်။ တစ်ခုခုအကောင်းဖြစ်ရင် အလွန်ပျော်ခဲ့သလို၊ တခြားလူတွေလိုပဲ ကျရှုံးမှုတချို့လည်း ရှိခဲ့တယ်၊ ဝမ်းနည်း၊ စိတ်ဓာတ်ကျမှုတွေ ခံစားရတယ်။ ဒီအချိန်မှာ စာရေးဆရာ အကြံဉာဏ်တွေ လိုက်ရှာတဲ့ အခါ သူ့ကိုအဆွဲဆောင်နိုင်ဆုံးက Stoicism ဖြစ်ခဲ့တယ်။ ဒါပေမယ့် ရှေးခေတ် Stoic အတွေးအခေါ် ပညာရှင်တွေရဲ့ စကားလုံး အသုံးအနှုန်းတွေကြောင့် Stoicism ရဲ့ ရိုးရှင်းမှု၊ ထိရောက်မှုတွေ ပျောက်ဆုံးသွားနိုင်တယ်။ ယခု “Stoic Diary” က စာရေးဆရာ ရခဲ့သမျှ သင်ခန်းစာတွေကို အရိုးရှင်းဆုံး ပြန်ပြောပြထားတဲ့ စာအုပ်တစ်အုပ်ပဲ ဖြစ်ပါတယ်။