NLP

(682) The Secret Codes

“The Secret Codes” စာအုပ်ကိုတော့ စာရေးဆရာ Alaa Alsadi ရေးသားထားပြီး သူက International Companies ပေါင်းများစွာမှာ Consultant အနေနဲ့ လုပ်ကိုင်ခဲ့ဖူးပါတယ်။ဒီစာအုပ်က သာမန်ရိုးကျစာအုပ်တွေကနေ ကွဲထွက်နေပြီး လူတွေရဲ့စိတ်ကို ဘယ်လိုလွှမ်းမိုးချုပ်ကိုင်ရမလဲ၊ Body Language ကို ဘယ်လို အသုံးချရမလဲ၊ NLP အကြောင်း စသည်ဖြင့် နည်းနာပေါင်း ရာကျော်ပါဝင်ပါတယ်။ မိတ်ဆွေက လူတွေကို လွှမ်းမိုးချင်တယ်၊ ကိုယ့်ရဲ့ စီးပွါးရေးနဲ့ ကိုယ်ရည်ကိုယ်သွေး (Personality) ကို တိုးတက်ချင်တယ်ဆိုရင် ဒီစာအုပ်မှာ ပါဝင်တဲ့ လူသိနည်းတဲ့ နည်းနာတွေက မိတ်ဆွေအတွက် အပြည့်အဝ အကျိုးရှိစေမှာဖြစ်ပါတယ်။

(682) The Secret Codes Read More »

(675) Sleight of Mouth

Sleight of Mouth စာအုပ်ကိုတော့ နာမည်ကျော် NLP Trainer နဲ့ Coach တစ်ဦးဖြစ်တဲ့ Robert Dilts က ရေးသားခဲ့တာဖြစ်ပြီး စကားလုံးတွေရဲ့ စွမ်းအားနဲ့ အသုံးဝင်ပုံကို အဓိကထားပြီး ရေးသားထားပါတယ်။စကားလုံးတွေရဲ့ စွမ်းအား၊ စကားကို ဘယ်လို ထိထိရောက်ရောက်ပြောမလဲ၊ ကျွန်တော်တို့ပတ်ဝန်းကျင်ကို ဘယ်လိုစကားတွေနဲ့ တုံ့ပြန်သင့်လဲ စသည်ဖြင့် စကားပြောနည်းအတတ်ပညာဆိုင်ရာ အကြံဉာဏ်များစွာကို ဖော်ပြထားတဲ့အတွက် လူမှုဆက်ဆံရေးကောင်းချင်တဲ့သူတွေ၊ ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင်လုပ်ချင်တဲ့သူတွေအတွက် ဖတ်သင့်တဲ့စာအုပ်တစ်အုပ်ပါ။

(675) Sleight of Mouth Read More »

(580) NLP Made Easy

Ali Campbell ရေးသားထားတဲ့ “NLP Made Easy: How to Use Neuro-Linguistic Programming to Change Your Life” ဆိုတဲ့ စာအုပ်ကတော့ Neuro-Linguistic Programming (NLP) ရဲ့ သဘောတရားတွေကို နားလည်လွယ်စေရန်နှင့် အသုံးချနိုင်စေရန် ရည်ရွယ်ထားတဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ စာရေးသူက စာဖတ်သူတို့အနေနဲ့ NLP ကို ပုဂ္ဂိုလ်ရေးဆိုင်ရာနဲ့ ပရော်ဖက်ရှင်နယ်အသွင် ပြောင်းနိုင်ဖို့အတွက် အသုံးချနိုင်စေရန် ထိုးထွင်းသိမြင်မှုတွေနဲ့ လက်တွေ့ကျတဲ့နည်းစနစ်တွေကို ဖော်ပြထားပါတယ်။ NLP ဆိုတာကတော့ လူတစ်ဦးရဲ့ အတွေးအမြင်၊ အပြုအမူတွေနဲ့ စိတ်ခံစားမှုတွေကို နားလည်နိုင်ဖို့အတွက်နဲ့ ပြောင်းလဲနိုင်ဖို့အတွက် အစွမ်းထက်တဲ့ကိရိယာတစ်ခုအသွင်ဆောင်ပါတယ်။ NLP က လူတစ်ဦးချင်းစီရဲ့ စိန်ခေါ်မှုတွေကို ကျော်လွှားဖို့အတွက်၊ ဆက်သွယ်မှုတွေ တိုးတက်စေဖို့အတွက်နဲ့ ပန်းတိုင်များချမှတ်ပြီး အောင်မြင်ဖို့အတွက်

(580) NLP Made Easy Read More »

(2) NLP Workbook

Joseph O’Connor ရဲ့ ‘NLP Workbook’ စာအုပ်ဟာဆိုရင် NLP ကိုအခုမှစလေ့လာမယ့်သူတွေ၊ လက်တွေ့အသုံးချချင်တဲ့ သူတွေအတွက် ရေးသားထားတဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ Neuro-Linguistic Programming(NLP)ပညာရပ်ဟာ လူတွေရဲ့စိတ်ဟာ Computer တစ်လုံးအလုပ်လုပ်ပုံနဲ့ တူတယ်ဆိုတဲ့ Idea ပေါ်မှာ အခြေခံပါတယ်။ ကျွန်တော်တို့ရဲ့ စကားသံ၊ Body Language တွေဟာ ကျွန်တော်တို့ရဲ့ အတွေးတွေကို ပြောင်းလဲနိုင်တဲ့ programmes တွေဖြစ်သလို တခြားသူတွေကိုပါ လွှမ်းမိုးနိုင်စွမ်းရှိပါတယ်။ ဥပမာ ခန္ဓာကိုယ်အမူအရာ၊ စကားလုံးတွေသုံးပြီး တစ်ဖက်သူနဲ့ တစ်သားတည်းကျအောင် လုပ်ဆောင်နိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ မသိစိတ်က ဒီနည်းလမ်းတွေကို အသုံးပြုနေပြီးသားဖြစ်တာကြောင့် NLP ကကျွန်တော်တို့ သိထားတာတွေကို ရှင်းလင်းသွားအောင် ကူညီပေးနိုင်ပါတယ်။ ဒီစာအုပ်ဟာဆိုရင် NLP ပညာရပ်ကို အိမ်မှာပဲ လေ့လာလိုသူတွေအတွက် လွယ်လွယ်ကူကူ လိုက်လုပ်နိုင်မယ့်

(2) NLP Workbook Read More »

Toe Tet's Logo