Motivation
(513) The Art of Hustling
ဒီစာအုပ်ကတော့ DJ သမားတစ်ယောက်၊ စီးပွားရေးသမားတစ်ယောက် ဖြစ်သလို စွန့်ဦးတီထွင်တွေကိုလဲ သင်ကြားပေးနေတဲ့ DJ SBU ရဲ့ ရောင်းမှာလား? အရှုံးပေးမှာလား? ဆိုတဲ့ The Art of Hustling စာအုပ်အကြောင်း ဖြစ်ပါတယ်။ ဒီစာအုပ်မှာတော့ အလုပ်ကို စမတ်ကျကျနဲ့ ကြိုးစားလုပ်ပြီး ဘဝရဲ့ ဘယ်နယ်ပယ်မှာမဆို အောင်မြင်မှုကို ရယူခြင်း အနုပညာဖြစ်တဲ့ Hustling အကြောင်းကို ပြောပြထားပါတယ်။ The Hustle Mindset, The Hustle Lifestyle, The Hustle Game ဆိုပြီး အပိုင်း ၃ ပိုင်း ခွဲခြားထားပြီး Hustling နဲ့ ပတ်သက်တဲ့ လိုက်နာရမယ့် အချက်တွေကိုလဲ ဖော်ပြပေးထားပါတယ်။ ဒါကြောင့် အလုပ်ကြိုးစားမှု၊ စိတ်ဓာတ်ကြံ့ခိုင်မှု၊ …
(436) Your Best Year Ever- A 5-Step Plan for Achieving Your Most Important Goals
ကျွန်တော်တို့အားလုံးဟာ စွမ်းဆောင်ရည်ကို အပြည့်အဝရရှိလိုကြတယ်။ ဒါပေမယ့် ကျွန်တော်တို့ဟာ နေ့စဉ်နှင့်အမျှ စိတ်မောနေတတ်ကြတယ်။ ကြီးမားတဲ့ ပန်းတိုင်တွေကို မေ့လျော့ထားကြတယ်။ New York Times ရဲ့ အရောင်းရဆုံးစာရေးဆရာ Michael Hyatt ဟာ ဒီနှစ်ဟာ စာဖတ်သူတွေရဲ့ လက်တွေ့ဘဝနဲ့ အိပ်မက်တွေကြားက ကွာဟချက်တွေကို နီးကပ်စေနိုင်မယ်လို့ထင်ခဲ့တယ်။ “Your Best Year Ever” စာအုပ်ထဲမှာဆိုရင် စာဖတ်သူတွေ တစ်နှစ်တာရဲ့ အကောင်းဆုံးပုံစံကို ဘယ်လို ဒီဇိုင်းဆွဲရမလဲ၊ ပန်းတိုင်တွေ အောင်မြင်နိုင်ခြေကို သုံးဆတိုးစေမယ့် ရိုးရှင်းတဲ့ နည်းလမ်းသုံးမျိုး၊ ရပ်တန့်နေတဲ့အခါ ဘယ်လိုလုပ်ဆောင်ရမလဲ စတာတွေကို မျှဝေသွားမှာပါ။ တိုးတက်မှုတွေ မမြင်ရလို့ ငြီးငွေ့လာသူတိုင်း ယခုစာအုပ်ကို ဖတ်ထားသင့်ပါတယ်။
(434) Stillness is The Key
အတော်ဆုံး ခေါင်းဆောင်တွေ၊ အနုပညာရှင်တွေ၊ အမြော်အမြင်ရှိသူတွေမှာ တူညီတဲ့ အရည်အသွေးတစ်ခုရှိတယ်။ အဲ့ဒါကတော့ သူတို့ရဲ့စိတ်ကို ထိန်းချုပ်နိုင်တာပဲ။ အကောင်းဆုံး အတွေးအခေါ်တွေ ရရှိဖို့ သွေးဆောင်မှုတွေကို ရှောင်ရှားကြတယ်။ ပျော်ရွှင်မှုကို ရရှိဖို့ မှန်တဲ့အလုပ်ကို လုပ်ကြတယ်။ Ryan Holiday က ဒါကို အရှုပ်အထွေးတွေကြားမှာ တည်ငြိမ်နိုင်ခြင်းလို့ ခေါ်ဆိုသွားခဲ့တယ်။ “Stillness is The Key” စာအုပ်ထဲမှာဆိုရင် ဒီရှေးကျတဲ့ ဘဝနေထိုင်ပုံကို ရရှိဖို့ ရေးသားသွားခဲ့တယ်။ သမိုင်းရဲ့ အတော်ဆုံး အတွေးအခေါ်ပညာရှင်တွေဖြစ်တဲ့ Confucius, Seneca, Marcus Aurelius နဲ့ Thich Nhat Hanh တို့ကို သင်ခန်းစာယူပြီး၊ ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်ဖို့၊ အာရုံစူးစိုက်မှုမြင့်ဖို့ နည်းလမ်းတွေကို ပြောပြသွားမှာပါ။
(411) Positive Imaging
Positive Thinking ရဲ့ စွမ်းအားဟာဆိုရင် ကမ္ဘာတစ်ဝန်းမှာရှိတဲ့ မရေတွက်နိုင်တဲ့ ဘဝတွေကို Affirmation ရဲ့ စွမ်းအားပြင်းတဲ့ Message နဲ့ အပြောင်းအလဲဖြစ်စေခဲ့တယ်။ Positive Imaging ဟာ ပျော်ရွှင်မှု၊ အောင်မြင်မှုတွေကို ရယူနိုင်ဖို့ လမ်းခရီးမှာ ပိတ်ပင်နေတဲ့ အတားအဆီးမှန်သမျှ တိုက်ဖျက်ဖို့ ကူညီပေးမယ့် နည်းဥပဒေသတွေအပေါ် အခြေခံထားပါတယ်။ ဒီစာအုပ်ထဲမှာဆိုရင် Dr. Peale ဟာ အကောင်းမြင်စိတ်ကို နောက်တစ်ဆင့် ခေါ်ဆောင်သွားခဲ့တယ်။ ‘Imaging’ ဆိုတဲ့ စွမ်းအားပြင်း စိတ်ပိုင်းဆိုင်ရာ ဖြစ်စဉ်တစ်ခုကို အသုံးပြုပြီး ပြဿနာတွေကို ဖယ်ရှားပစ်နိုင်သလို၊ ကိုယ့်ဘဝကို ကိုယ်တိုင်ပြန်လည်ထိန်းချုပ်မှု ရယူနိုင်မှာ ဖြစ်ပါတယ်။
(409) One Word That Will Change Your Life
“One Word That Will Change Your Life” စာအုပ်ဟာဆိုရင် သင့်ဘဝနဲ့ စီးပွားရေးကို တစ်နှစ်အတွင်း စကားလုံးတစ်လုံးတည်းအပေါ် အာရုံစိုက်ရုံနဲ့ ရိုးရှင်းစေနိုင်ပုံကို ရှင်းပြသွားမှာ ဖြစ်ပါတယ်။ စကားလုံးတစ်လုံးတည်းကို ရွေးချယ်ခြင်းရဲ့ ရိုးရှင်းမှုက ဘဝကို အပြောင်းအလဲဖြစ်စေနိုင်တဲ့အထိ စွမ်းအားပြင်းပါတယ်။ ရှုပ်ထွေးမှုတွေဟာ အချိန်ဆွဲခြင်း၊ ရပ်တန့်ခြင်းတွေဆီ ဦးတည်စေပြီး၊ ရိုးရှင်းမှုတွေကတော့ ပြတ်သားမှု၊ အောင်မြင်မှုတွေဆီ ဦးတည်စေတယ်။ “One Word That Will Change Your Life” စာအုပ်ဟာဆိုရင် နောက်နှစ်အတွက် သင်ချမှတ်ထားတဲ့ ရည်မှန်းချက်တွေကို နက်နက်နဲနဲ ပြန်လည်သုံးသပ်စေနိုင်မှာဖြစ်ပါတယ်။
(404) Payoff
နေ့စဉ်နေ့တိုင်း ကျွန်တော်တို့ဟာ ကိုယ်ကိုယ်တိုင်၊ ကိုယ်နဲ့အတူ နေထိုင်သူတွေ၊ အတူတူ အလုပ်လုပ်သူတွေကို Motivate လုပ်ပေးဖို့ ကြိုးစားနေရတယ်။ ဒါကြောင့် ကျွန်တော်တို့ ကိုယ့်ကိုယ်ကို Motivators တွေလို့တောင် ခေါ်လို့ရတယ်။ “Payoff” စာအုပ်ဟာဆိုရင် Motivation ရဲ့ စစ်မှန်တဲ့ Nature ကို စူးစမ်းလေ့လာသွားပြီး၊ သူ့ရဲ့အလုပ်လုပ်ပုံအပေါ် ကျွန်တော်တို့ရဲ့ လျစ်လျူရှုမှုတွေ၊ ဒါတွေကို ဘယ်လို ပြုပြင်နိုင်မလဲ ဆိုတာတွေကို လေ့လာရမှာပါ။ လမ်းတစ်လျှောက်မှာ Motivation နဲ့ ပတ်သက်တဲ့ အငြင်းပွားစရာ၊ စိတ်ဝင်စားစရာ ကောင်းတဲ့ မေးခွန်းတွေကိုလည်း ဖြေဆိုသွားမှာ ဖြစ်ပါတယ်။
(277) Drive
လူအများစုက ငွေကြေးတို့လို ဆုလာဘ်တွေဟာ Motivation ရဖို့ အကောင်းဆုံးနည်းလမ်းလို့ ယုံကြည်ထားကြတယ်။ ဒါကမှားယွင်းမှုတစ်ခုပဲလို့ Daniel H. Pink က ထောက်ပြသွားခဲ့ပါတယ်။ သူ့ရဲ့ ‘Drive’ စာအုပ်ထဲမှာဆိုရင် နေရာတိုင်းမှာ စွမ်းဆောင်ရည်မြင့်ဖို့နဲ့ စိတ်ကျေနပ်မှု ရရှိနိုင်ဖို့ လျှို့ဝှက်ချက်က ကိုယ့်ဘဝကိုယ် ညွှန်ပြနိုင်ဖို့၊ အသစ်တွေ သင်ယူဖို့၊ တိုးတက်ဖို့ လိုအပ်ချက်တွေ ဖြစ်တယ်လို့ ရေးသားထားပါတယ်။ လူသားတွေရဲ့ Motivation ကို စူးစမ်းလေ့လာမှုတွေနဲ့အတူ၊ စာရေးဆရာဟာ စစ်မှန်တဲ့ Motivation ရဲ့ Elements သုံးခုဖြစ်တဲ့ Autonomy, Mastery, Purpose တွေအကြောင်းကို စူးစမ်းသွားပြီး၊ ဘဝကိုအပြောင်းအလဲဖြစ်စေမယ့် Action တွေယူနိုင်မယ့် နည်းစနစ်တွေကို ပြသသွားမှာ ဖြစ်ပါတယ်။
(182) Limitless
တခြားသူတွေ ဘယ်လိုပဲ ပြောပါစေ သင့်ကို ကန့်သတ်ထားတဲ့ အရာတွေ မရှိပါဘူး။ သင့်ရဲ့ ဦးနှောက်ကိုသာ အသုံးချတတ်ခဲ့ရင် သင့်ရဲ့ ဖြစ်နိုင်ချေတွေကို အဆုံးအစမဲ့စေမှာ ဖြစ်ပါတယ်။ 25 နှစ်လုံးလုံး စာရေးဆရာ Jim Kwik ဟာ ထိပ်တန်း သရုပ်ဆောင်တွေ၊ အားကစားသမားတွေ၊ CEO တွေကို သူတို့ရဲ့ စစ်မှန်တဲ့ လုပ်နိုင်စွမ်းတွေ ရယူနိုင်အောင် ကူညီပေးနေခဲ့ပါတယ်။ သူ့ရဲ့ ‘Limitless’ စာအုပ်ထဲမှာဆိုရင် ကမ္ဘာ့ထိပ်တန်း အောင်မြင်သူတွေ ကမ္ဘာ့အဆင့်မှီ ရလဒ်တွေရယူဖို့၊ သင်ယူလေ့လာဖို့ ကျင့်သုံးကြတဲ့ သိပ္ပံနည်းကျ နည်းစနစ်တွေကို သင်ပြပေးသွားမှာ ဖြစ်ပါတယ်။ စာအုပ်ထဲမှာဆိုရင် အလေ့အကျင့်တွေကို ကျွမ်းကျင်စေပုံ၊ Productivity တိုးစေပုံ၊ အတားအဆီးမဲ့ Motivation ရယူပုံ၊ စိတ်ရှုပ်ထွေးမှုတွေ ဖယ်ရှားပုံ၊ အာရုံစူးစိုက်မှုတိုးပြီး အရာရာကို …