Marketing

(640) Strategic Storytelling

Business Presentation တွေလုပ်တဲ့အခါ ဘယ်လို ချက်ကျလက်ကျရှင်းပြရမလဲ၊ ပရိသတ်ကို ဘယ်လို လွှမ်းမိုးရမလဲဆိုတာကို လေ့လာချင်ရင် “Strategic Storytelling” က မဖြစ်မနေ ဖတ်သင့်တဲ့ စာအုပ်တစ်အုပ်ပါ။နာမည်ကျော် Management Consulting Firm တွေကို လေ့လာပြီး ထုတ်ဝေထားတဲ့ ဒီစာအုပ်မှာ Presentation မှာ ဘယ်လို Story တည်ဆောက်မလဲ၊ Verbal ရော Non-Verbal Communication ပါ ဘယ်လို အသုံးပြုရမလဲ စတာတွေကို တစ်ဆင့်ချင်းစီ ရှင်းပြထားပါတယ်။

(640) Strategic Storytelling Read More »

(622) The Art of Marketing

Michael Chen ရေးသားထားတဲ့ “The Art of Marketing: Innovative Strategies for Entrepreneurs, Startups, and ECommerce” ဆိုတဲ့ စာအုပ်ကတော့ စွန့်ဦးတီထွင်သူများ၊ Startup များနဲ့ e-commerce လုပ်ငန်းများအတွက် အထူးသင့်လျော်တဲ့ စျေးကွက်ရှာဖွေရေးနည်းဗျူဟာများနဲ့ ချဉ်းကပ်မှုတွေ၊ အမျိုးမျိုးသော စျေးကွက်ရှာဖွေရေးဗျူဟာတွေကို ဖော်ပြထားတဲ့ စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။ ဒီစာအုပ်ထဲမှာဆိုရင်တော့ ဒစ်ဂျစ်တယ် စျေးကွက်ချဲ့ထွင်ခြင်း၊ အကြောင်းအရာ စျေးကွက်ချဲ့ထွင်ခြင်း၊ ဆိုရှယ်မီဒီယာ စျေးကွက်ရှာဖွေခြင်း၊ သြဇာလွှမ်းမိုးမှုရှိသောစျေးကွက်ရှာဖွေခြင်း၊ အီးမေးလ် စျေးကွက်ရှာဖွေခြင်းနှင့် Search Engine Optimization (SEO) အပါအဝင် ကျယ်ပြန့်သော စျေးကွက်ရှာဖွေရေးဗျူဟာများအကြောင်းကို ဖော်ပြထားပါတယ်။ ဒါ့အပြင် အမှတ်တံဆိပ် သိရှိနားလည်မှုတည်ဆောက်ဖို့အတွက်၊ Customer တွေကို ဆွဲဆောင်နိုင်ဖို့အတွက်နဲ့ အရောင်းမြှင့်တင်နိုင်ဖို့ ဗျူဟာတွေကို အသုံးချနိုင်ဖို့

(622) The Art of Marketing Read More »

(608)

(608) Guerrilla Marketing for Dummies

Jonathan Margolis နဲ့ Patrick Garrigan တို့ရဲ့ “Guerrilla Marketing for Dummies” ဆိုတဲ့ စာအုပ်လေးကတော့ အသေးစားစီးပွားရေးလုပ်ငန်းတွေနဲ့ စွန့်ဦးတီထွင်သူတွေအတွက် သမားရိုးကျမဟုတ်တဲ့ ကုန်ကျစရိတ်သက်သာတဲ့ စျေးကွက်ရှာဖွေရေးဗျူဟာတွေအကြောင်းကို ဖော်ပြဆွေးနွေးပေးထားပါတယ် ဘတ်ဂျက်များပြားစွာ အသုံးပြုဖို့မလိုဘဲ၊ အမြင့်ဆုံးရလဒ်တွေရရှိစေဖို့အတွက် သမားရိုးကျမဟုတ်တဲ့ တီထွင်ဖန်တီးမှုတွေ၊ စျေးကွက်ရှာဖွေရေးနည်းဗျူဟာတွေကိုအသုံးပြုနိုင်မယ့်နည်းလမ်းတွေအပြင် Digital Platforms တွေကို အသုံးပြုပြီး guerrilla marketing ပြုလုပ်နိုင်ဖို့အတွက် Online Platform တွေဖြစ်တဲ့ email marketing, websites marketing, content marketing, viral marketing, social media marketing တွေကို ထိထိရောက်ရောက်အသုံးချနိုင်ဖို့အတွက်ကိုလဲ လမ်းညွှန်ပေးထားပါတယ်။ တကယ်လို့ မိတ်ဆွေက တီထွင်ဆန်းသစ်ပြီး ကုန်ကျစရိတ်သက်သာတဲ့ နည်းလမ်းတွေနဲ့ Marketing Strategies

(608) Guerrilla Marketing for Dummies Read More »

(589) Free Marketing 101 Low And No-Cost Ways

Marketer ဒါမဟုတ် စွန့်ဦးတီထွင်ဖြစ်ဖို့အတွက် ယနေ့ထက် ပိုကောင်းတဲ့အချိန် မရှိနိုင်တော့ပါဘူး။ အင်တာနက်ကြောင့် အခမဲ့၊ စရိတ်နည်းပါးတဲ့ ဗျူဟာတွေ အလုပ်ဖြစ်လာတယ်။ သင့်ရဲ့ Message ကို မားကတ်တင်း ဘတ်ဂျက်အနည်းငယ်နဲ့တင် သင့်ဖောက်သည်တွေဆီရောက်ရှိအောင် လုပ်ဆောင်နိုင်နေပြီ ဖြစ်ပါတယ်။ ဒါကြောင့် “Free Marketing” စာအုပ်ထဲမှာဆိုရင် အသေးစားစီးပွားရေးလုပ်ငန်းပိုင်ရှင် ဒါမှမဟုတ် မားကတ်တင်းသမားတွေ ဘတ်ဂျက်အနည်းငယ် ဒါမှမဟုတ် လုံးဝဘတ်ဂျက်မလိုဘဲ ဝင်ငွေအသစ်တွေဖန်တီးနိုင်မယ့် အကြံဉာဏ်ပေါင်း 100 ကျော်ကို ပေးသွားခဲ့ပါတယ်။ .

(589) Free Marketing 101 Low And No-Cost Ways Read More »

(493) Growth Marketing

ကိုယ့်ရဲ့လုပ်ငန်းတိုးတက်ချင်ရင် Growth Marketing လုပ်လို့ပါတယ်…။Don’t judge a book by its cover ဆိုတာဟာ marketing အတွက်ဆိုရင် မှားနေတတ်ပါတယ်လို့ ဖော်ပြထားပါတယ်…။ဒါ့အပြင် ကိုယ် control လုပ်ရတဲ့အရာတွေနဲ့ control လုပ်မရတဲ့အရာတွေကို ကောင်းစွာနားလည်လက်ခံပြီး marketing ကို သေချာလုပ်သင့်ကြောင်းလည်း ဖော်ပြထားပါသေးတယ်…။ဒါ့အပြင် ကိုယ့်ရဲ့ stakeholders တွေ… Operations တွေ… Cash flow တွေ… strategies and tacticsတွေကို ဘယ်လိုManage လုပ်သင့်လဲဆိုတဲ့အကြောင်းအရာတွေကို စိတ်ဝင်စားဖွယ်လေ့လာနိုင်ပါတယ်…။

(493) Growth Marketing Read More »

(467) Advertising Headlines that Make You Rich

Advertising Headlines That Make You Rich စာအုပ်လေးကို David Garfinkel ရေးသားခဲ့တဲ့စာအုပ်လေးပဲဖြစ်ပါတယ် ဒီစာအုပ်လေးက ကြော်ငြာခေါင်းကြီးပိုင်းများနဲ့ စာဖတ်သူများ၏စီးပွားရေးလုပ်ငန်းများအတွက် ပြီးပြည့်စုံသော စံချိန်တင်အရောင်းရလာဒ်များထွက်ပေါ်စေတဲ့အပြင် လျင်မြန်စွာနှင့် လွယ်ကူစွာဖန်တီးနိုင်သော အစွမ်းထက်သော ကြော်ငြာခေါင်းကြီးများကို ဖန်တီးရန်အတွက် ကမ္ဘာ့နံပါတ် ၁ စာအုပ်တစ်အုပ်ဖြစ်တယ် ။

(467) Advertising Headlines that Make You Rich Read More »

(464) How to Make People Fall in Love with Your Brand

အမှတ်တံဆိပ်တစ်ခုကို တည်ဆောက်တဲ့နေရာမှာ ကိုယ့်ရဲ့အမှတ်တံဆိပ်ကို လူတွေမှတ်မိစေဖို့အတွက်၊ လူတွေကြိုက်နှစ်သက်နေဖို့အတွက် အရေးကြီးပါတယ်။ Brand လို့ ပြောလိုက်တဲ့အခါမှာ လူတွေရဲ့စိတ်ထဲမှာ ထူးခြားတဲ့စိတ်ခံစားချက်ရရှိအောင် ဆောင်ရွက်ဖို့လိုပါတယ်။ ကိုယ့်ရဲ့အမှတ်တံဆိပ်ကို လူတွေကြိုက်နှစ်သက်နေစေဖို့အတွက် ကိုယ့်ရဲ့ Target Audience ကို အသေးစိတ်သတ်မှတ်ခြင်းတွေ ပြုလုပ်ဖို့အတွက်လိုပါတယ်။ တခြားသူတွေရဲ့စိတ်ထဲမှာ ထူးခြားတဲ့ စိတ်ခံစားချက်ရရှိစေဖို့အတွက် Unique Selling Point တစ်ခုရှိနေဖို့အတွက်လဲ အရေးကြီးပါတယ်။ အမှတ်တံဆိပ်ကောင်းတစ်ခုဖြစ်ဖို့အတွက် ကိုယ့်ကိုလူတွေမှတ်မိနေစေဖို့အတွက်ဆိုရင်လဲ မှတ်မိစေနိုင်တဲ့ ပုံပြင်တွေပြောဖို့အတွက်လိုပါတယ်။ Caroline Doughty ရေးသားထားတဲ့ How to Make People Fall in Love with Your Brand ဆိုတဲ့ စာအုပ်ထဲမှာဆိုရင်တော့ ကိုယ့်ရဲ့ Brand အောင်မြင်စေဖို့အတွက် လိုအပ်တဲ့အချက်တွေ၊ Storytelling ကို အသုံးပြုနိုင်မယ့် နည်းလမ်းတွေ၊

(464) How to Make People Fall in Love with Your Brand Read More »

Toe Tet's Logo