Marketing

(701) Permission Marketing

Seth Godin ရဲ့ “Permission Marketing” စာအုပ်မှာတော့ ဖောက်သည်တွေရဲ့ သဘောတူညီချက်ရရှိဖို့ အရေးကြီးပုံကို အလေးပေးပြောပြထားပါတယ်။ စာအုပ်ထဲမှာဆိုရင် ကြော်ငြာတွေနဲ့ ပြည့်နှက်နေတဲ့ ကမ္ဘာကြီးမှာ စီးပွားရေးလုပ်ငန်းတွေက ဖောက်သည်တွေနဲ့ ယုံကြည်မှု၊ ဆက်ဆံရေးတွေ တည်ဆောက်နိုင်မှ အောင်မြင်နိုင်ကြောင်းကို ရေးသားထားခဲ့တယ်။ သူစိမ်းတွေကို အမာခံပရိတ်သတ်တွေအဖြစ်ပြောင်းဖို့ သူတို့ရဲ့ ခွင့်ပြုချက်ကို တောင်းယူပုံတွေကို လက်တွေ့ကျတဲ့ မဟာဗျူဟာတွေနဲ့ ရှင်းပြထားတဲ့အတွက် Digital ခေတ်မှာ အောင်မြင်ချင်တဲ့ မားကတ်တင်းသမားတိုင်း ဖတ်ထားသင့်တဲ့ စာအုပ်တစ်အုပ်ပဲ ဖြစ်ပါတယ်။

(640) Strategic Storytelling

Business Presentation တွေလုပ်တဲ့အခါ ဘယ်လို ချက်ကျလက်ကျရှင်းပြရမလဲ၊ ပရိသတ်ကို ဘယ်လို လွှမ်းမိုးရမလဲဆိုတာကို လေ့လာချင်ရင် “Strategic Storytelling” က မဖြစ်မနေ ဖတ်သင့်တဲ့ စာအုပ်တစ်အုပ်ပါ။နာမည်ကျော် Management Consulting Firm တွေကို လေ့လာပြီး ထုတ်ဝေထားတဲ့ ဒီစာအုပ်မှာ Presentation မှာ ဘယ်လို Story တည်ဆောက်မလဲ၊ Verbal ရော Non-Verbal Communication ပါ ဘယ်လို အသုံးပြုရမလဲ စတာတွေကို တစ်ဆင့်ချင်းစီ ရှင်းပြထားပါတယ်။

Toe Tet's Logo