Life

(654) Millionaire University

Audio Book ဖြစ်တဲ့ Millionaire University စာအုပ်ကတော့ ချမ်းသာကြွယ်ဝချင်တဲ့သူတွေအတွက် နားထောင်သင့်တဲ့ Audio Book ပဲဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ဘယ်လို အခြေအနေမှာပဲ ဖြစ်ဖြစ် လူဦးရေ ၈၀% က ငွေကြေးအတွက် ရုန်းကန်ရပြီး ကျန်တဲ့ ၂၀% က ချမ်းသာကြွယ်ဝတဲ့ထဲပါ ပါတယ်။ ဒီလို ချမ်းသာကြွယ်ဝတဲ့ သူတွေ ထဲပါဖို့ Mindset နဲ့ System က အရေးကြီးပါတယ်။ဒီAudio Book မှာလည်း Millionaire Mindset အကြောင်းကို ပြောပြပေးသွားမှာဖြစ်တဲ့အတွက် နားထောင်ကြည့်ဖို့ တိုက်တွန်းပါတယ်။

(654) Millionaire University Read More »

(638) The Pathless Path

Paul Millerd ရဲ့ ”The Pathless Path” စာအုပ်ဟာဆိုရင် ခေတ်သစ်ကမ္ဘာကြီးမှာ ကျွန်ုပ်တို့ရဲ့ အလုပ်ခွင်နဲ့ ဘဝအတွက် ချဉ်းကပ်ပုံကို ပြန်လည်ပုံဖော်ပေးသွားပါတယ်။ Millerd ဟာ အောင်မြင်မှုနှင့် ရည်ရွယ်ချက်ရဲ့ သမားရိုးကျ အယူအဆတွေကို စိန်ခေါ်ပြီး မိမိကိုယ်ကို ရှာဖွေတွေ့ရှိမှုနှင့် တစ်ကိုယ်ရည်ပြောင်းလဲမှုခရီးစဉ်ကို စတင်ဖို့ စာဖတ်သူတွေကို တိုက်တွန်းသွားခဲ့ပါတယ်။ ဒီစာအုပ်ဟာ သမားရိုးကျစံနှုန်းတွေကနေ လွတ်မြောက်ပြီး ကိုယ့်ရဲ့ တန်ဖိုးထားမှုနဲ့ တစ်ထပ်တည်းကျတဲ့ အသက်မွေးဝမ်းကြောင်း၊ ဘဝနေထိုင်မှုကို ရှာဖွေချင်သူတိုင်း ဖတ်ထားသင့်တဲ့ စာအုပ်တစ်အုပ်ပဲ ဖြစ်ပါတယ်။

(638) The Pathless Path Read More »

628

(628) The Four Purposes of Life

Dan Millman ရေးသားထားတဲ့ The Four Purposes of Life ဆိုတဲ့ စာအုပ်လေးကတော့ အစဉ်ပြောင်းလဲနေတဲ့ ကမ္ဘာကြီးထဲမှာ အဓိပ္ပာယ်ရှာနိုင်ဖို့အတွက်နဲ့ ဦးတည်ချက်ကို ရှာဖွေစေနိုင်ဖို့အတွက် လမ်းညွှန်ထားတဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ ဒီစာအုပ်လေးကတော့ ဘဝသင်ခန်းစာတွေကို မျှဝေပေးနိုင်တဲ့အပြင် Career နဲ့ ပတ်သက်ပြီး၊ relationship နဲ့ ပတ်သက်ပြီး မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချနိုင်ဖို့ ကူညီပေးနိုင်မယ့် စာအုပ်လေးဖြစ်ပါတယ်။တကယ်လို့ မိတ်ဆွေက ဘဝရဲ့ သင်ခန်းစာတွေကို လေ့လာလိုတယ်ဆိုရင်၊ ကိုယ်လျှောက်လှမ်းရမယ့် Career ကို ရှာဖွေတွေ့ရှိလိုတယ်ဆိုရင်၊ ကွယ်ဝှက်ထားတဲ့ ဘဝမှာရှိတဲ့ လမ်းကြောင်းတွေကို ရှာဖွေဖော်ထုတ်လိုတယ်ဆိုရင် ဒီစာအုပ်လေးကို ဖတ်ဖို့အကြံပြုပါတယ်။

(628) The Four Purposes of Life Read More »

Toe Tet's Logo