Leadership
(408) Originals
“Originals” စာအုပ်ထဲမှာဆိုရင် Adam Grant ဟာ ကမ္ဘာကြီးကို တိုးတက်စေဖို့ စိန်ခေါ်မှုတွေကို Original ဖြစ်လာခြင်းရဲ့ ရှု့ထောင့်ကနေ ဖော်ထုတ်သွားခဲ့တယ်။ အကျွမ်းကျင်ဆုံး စွန့်ဦးတီထွင်တွေဆီကနေ အကောင်းဆုံး သင်ခန်းစာတွေကို လေ့လာရမှာ ဖြစ်ပါတယ်။ စီးပွားရေး၊ အားကစားနဲ့ ဖျော်ဖြေရေး နယ်ပယ်တွေက အံ့ဩစရာ လေ့လာတွေ့ရှိမှု၊ ဥပမာတွေကို အသုံးပြုပြီး အကောင်းဆုံး Ideas တွေကို အသိမှတ်ပြုပုံ၊ ပြောရဲဆိုရဲရှိပုံ၊ အချိန်ကောင်းမှာ Action ယူတတ်ပုံ၊ အကြောက်တရားနဲ့ သံသယတွေကို စီမံပုံ စတာတွေကို ရှာဖွေဖော်ထုတ်သွားခဲ့တယ်။ သာမန်ဘဝကို ငြင်းဆန်တဲ့ အတွေးအမြင်တွေကို “Originals” စာအုပ်ထဲမှာ လေ့လာနိုင်မှာ ဖြစ်ပါတယ်။
(405) Leaders eat last
လူတိုင်းက အလုပ်သွားဖို့ အားတက်သရော နိုးထလာနေကြတဲ့ ကမ္ဘာကြီးတစ်ခုကို စိတ်ကူးယဉ်ကြည့်ပါ။ အဲ့ဒီကမ္ဘာကြီးမှာ လူတိုင်းက ကိုယ့်ကို တစ်နေ့တာလုံး ယုံကြည်သလို၊ တန်ဖိုးထားသလို ခံစားရမယ်၊ အိမ်ကို စိတ်ကျေနပ်စွာပြန်လာရမယ်။ ဒီအတွေးတွေက ထူးဆန်းတယ် ထင်ရနိုင်တယ်။ ဒါပေမယ့် ဒီနေ့ခေတ်မှာ အောင်မြင်တဲ့ လုပ်ငန်းအဖွဲ့အစည်းများစွာက အတော်ဆုံးခေါင်းဆောင်တွေဟာ ဝန်ထမ်းတွေ အတူတကွ ပူးပေါင်းပြီး၊ ထူးချွန်တဲ့ အလုပ်တွေ ပြီးမြောက်နိုင်ကြတဲ့ ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးနိုင်နေပြီ ဖြစ်ပါတယ်။ ဒါကို Simon Sinek ရဲ့ “Leaders Eat Last” စာအုပ်ထဲမှာ အတော်ဆုံး Leaders တွေက စွန့်လွှတ်အနစ်နာခံကြပုံကို ဥပမာများစွာနဲ့ စိတ်ဝင်စားစရာ ရေးပြသွားမှာ ဖြစ်ပါတယ်။
(376) First Break All the Rules
မန်နေဂျာကောင်းတွေကို ပုံမှန်သူတွေကနေ ဘာတွေကွာခြားသွားစေသလဲ? သူတို့မှာ မတူညီတဲ့ Styles နဲ့ နောက်ခံ Backgrounds တွေရှိကြတာမှန်တယ်။ ဒါပေမယ့် ဒီလိုကွာခြားချက်တွေ ရှိနေရင်တောင်၊ မန်နေဂျာကောင်းတွေဟာ တူညီတဲ့ Trait တစ်ခုကို ပိုင်ဆိုင်ထားကြတယ်။ သူတို့ဟာ သမားရိုးကျ စည်းမျဉ်းတိုင်းကို ချိုးဖောက်ဖို့ ဝန်မလေးတတ်ကြဘူး။ “First Break All the Rules” စာအုပ်ထဲမှာဆိုရင် အတော်ဆုံး မန်နေဂျာတွေအကြောင်းကို စူးစမ်းလေ့လာထားတဲ့ နက်နဲတဲ့ ရှာဖွေတွေ့ရှိမှုတွေ ပါဝင်နေပါတယ်။ တချို့က ခေါင်းဆောင်မှုရာထူး၊ တချို့က ရှေ့တန်း Supervisors ရာထူး၊ တချို့က Fortune 500 ကုမ္ပဏီမှာ လုပ်ကိုင်နေသူတွေ စသဖြင့် ပါဝင်နေပါတယ်။ ဒီစာအုပ်ဟာဆိုရင် အဆင့်တိုင်းက မန်နေဂျာတိုင်းအတွက် အရေးကြီးတဲ့ စွမ်းဆောင်ရည်နဲ့ လုပ်ငန်းခွင်ဆိုင်ရာ သင်ခန်းစာတွေ …
(265) Tribes
တစ်ယောက်ချင်းဖြစ်စေ၊ ခေါင်းဆောင်တစ်ယောက်၊ Idea တစ်ခုကိုဖြစ်စေ ဆက်သွယ်ထားတဲ့ လူအဖွဲ့စည်းတိုင်းကို Tribe လို့ ခေါ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း မီလီယံများစွာတုန်းက လူတွေဟာ ဘာသာရေးအရ၊ လူမျိုးအရ၊ တေးဂီတအရ Tribes တွေအဖြစ် ဖွဲ့စည်းခဲ့ကြတယ်။ ဒီနေ့ခေတ်မှာတော့ Internet က နေရာဒေသ၊ ကုန်ကျစရိတ်၊ အချိန်တွေရဲ့ အတားအဆီးတွေကို ဖယ်ဖျောက်ပေးတာကြောင့်၊ အရွယ်အစား ပိုမိုကြီးမားများပြားတဲ့ Tribes တွေ ကို မွေးဖွားပေးနိုင်ပါတော့တယ်။ ဘယ်သူတွေက ဒီ Tribes တွေကို ဦးဆောင်မှာလဲ၊ နည်းပညာက အံ့ဩစရာတွေ ဖန်တီးနိုင်ပေမယ့်၊ ခေါင်းဆောင်မှုပိုင်းကိုတော့ မထောက်ပံ့ပေးနိုင်ပါဘူး။ ဒါဟာသင့်လိုပဲ တစ်ခုခုကို Passion ရှိနေသူတွေဆီက ဆင်းသက်လာဖို့ လိုပါတယ်။ အခုချိန်မှာ အပြောင်းအလဲ လုပ်ချင်သူတိုင်းအတွက် Tools တွေက လက်တစ်ကမ်းမှာ …
(250) Dare to Lead
ရဲရင့်သူတွေ၊ ရဲဝံ့တဲ့ခေါင်းဆောင်တွေ ပေါ်ထွက်လာအောင် ဘယ်လိုမွေးမြူမလဲ၊ ရဲစွမ်းသတ္တိရဲ့ တန်ဖိုးကို သင့်လုပ်ငန်းရဲ့ Culture မှာ ဘယ်လို ထည့်သွင်းတည်ဆောက်မလဲ။ ‘Dare to Lead’ စာအုပ်ထဲမှာ Brene Brown ဟာ ရှာဖွေတွေ့ရှိမှုတွေ၊ ပုံပြင်တွေ၊ ဥပမာတွေနဲ့အတူ ဒီမေးခွန်းတွေကို ပွင့်လင်းမြင်သာစွာ ဖြေဆိုသွားခဲ့ပါတယ်။ Brown ဟာ သူမရဲ့ Career တလျှောက်မှာ အရေးကြီးဆုံး ရှာဖွေတွေ့ရှိမှုကတော့ Leadership ဆိုတာ Skill လေးခုရဲ့ ပေါင်းစည်းမှုတစ်ခုဖြစ်ပြီး၊ ဒါကို တစ်ရာရာခိုင်နှုန်း သင်ပြပေးနိုင်စွမ်း၊ စူးစမ်းလေ့လာနိုင်စွမ်း၊ တိုင်းတာနိုင်စွမ်း ရှိတယ်လို့ ဆိုပါတယ်။ သင်ယူမှုနဲ့ စွန့်လွှတ်မှုကသာ ရဲရင့်မှု၊ ခက်ခဲတဲ့ စကားပြောဆိုမှု၊ စိတ်ရောကိုယ်ပါ မြှုပ်နှံမှုတွေ လိုအပ်ပါတယ်။ Comfort ထက် Courage ကို …
(235) What you do is who you are
What You Do is Who You Are’ စာအုပ်ဟာ ကိုယ့်ရဲ့ Culture ကို ရည်ရွယ်ချက်ရှိအောင် Leadership နဲ့ Culture တည်ဆောက်ပုံ Model 4 ခုနဲ့ ပြုလုပ်နိုင်ပုံကို ရှင်းပြသွားခဲ့ပါတယ်။ Ben Horowitz ဟာဆိုရင် ခေတ်သစ် Case-Studies တွေရဲ့ ခေါင်းဆောင်မှု ဥပမာတွေဖြစ်တဲ့ Louverture ရဲ့ ယဉ်ကျေးမှုဆိုင်ရာ နည်းစနစ်တွေကို Netflix က Reed Hastings၊ Uber က Travis Kalanick နဲ့ Hillary Clinton တို့ အသုံးပြုခဲ့ပုံကို ချိတ်ဆက်ပြခဲ့ပါတယ်။ ‘What You Do is Who You Are’ စာအုပ်ဟာ …
(155) A Year With Peter Drucker
Joseph A. Maciariello ဟာ နှစ်နဲ့ချီကြာတဲ့ ခေါင်းဆောင်မှုပိုင်း ဆိုင်ရာ တိုးတက်ရေး Course တွေကို အပတ်စဉ် သင်ခန်းစာတိုလေးတွေ အဖြစ် ပြန်လည်စုစည်း ထားပြီး Peter Drucker ရဲ့ Personal Coaching ပရိုဂရမ် ပေါ်မှာ အခြေခံထားပါတယ်။ `A Year with Peter Drucker´ စာအုပ်ဟာဆိုရင် Peter Drucker ရဲ့ Mentorship Program ကို လိုက်လုပ်ရ လွယ်တဲ့ ၅၂ ပတ်ကြာ Course တစ်ခု အဖြစ် စီစဉ်ထားပြီး Leadership တိုးတက်ဖို့ Drucker အရေးကြီးဆုံးလို့ ထင်တဲ့ Themes တွေကို လေ့လာသွားမှာ ဖြစ်ပါတယ်။စာအုပ်ထဲမှာဆိုရင် – Leaders တွေဟာ …
(121) The Strategist
သင်က Strategist တစ်ယောက်လား? ဒါ Cynthia Montgomery က သူရဲ့ Executive ပညာပေး Course မှာ တက်ရောက်တဲ့ လုပ်ငန်းရှင်တွေနဲ့ Senior Executives တွေကို ပထမဆုံး မေးခဲ့တဲ့ မေးခွန်းပဲ ဖြစ်ပါတယ်။ ဒီမေးခွန်းကို စတင်ဖွင့်တဲ့နေ့မှာ ဘယ်သူကမှ မခန့်မှန်းထားသလို၊ ဂရုလည်း မစိုက်ခဲ့ကြဘူး။ ဒါပေမယ့် Program ပြီးဆုံးသွားချိန်မှာတော့ သူတို့ရဲ့ ကုမ္ပဏီ အောင်မြင်ဖို့ရာ ကိုယ်ကိုယ်တိုင် Strategist တစ်ယောက် ဖြစ်လာဖို့ လိုအပ်ကြောင်း သိရှိသွားကြတယ်။ စာရေးဆရာဟာ Executives တွေကို ဆွေးနွေးပွဲတွေ၊ အတန်းချိန်ပြင်ပ စကားပြောဆိုခြင်းတွေ၊ တက်ရောက်သူတွေရဲ့ Strategy ဒွိဟဖြစ်မှုတွေကို အသုံးပြုပြီး Strategy ဆိုတာဘာလဲ? ဘာကြောင့် အရေးကြီးသလဲ? အားစိုက်ထုတ်ဖို့ ဘာတွေ …