Health
(689) The Obesity Code
The Obesity Code စာအုပ်ကတော့ ဝိတ်ကျချင်တဲ့သူတွေ၊ ခန္ဓာကိုယ် Fit ဖြစ်ချင်တဲ့သူတွေအတွက် ဖတ်သင့်တဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။အစားလျှော့စားပေမယ့် ဝိတ်မကျဘူး၊လှုပ်ရှားမှုများပေမယ့် အဆီတွေရှိနေတဲ့သူတွေအတွက် ရိုးရှင်းပြီး ထိရောက်တဲ့ အဆီကျနည်း၊ ဝိတ်ချနည်း လျှိူ့ဝှက်ချက်တွေကို စာရေးဆရာ Dr Jason Fung က ဒီစာအုပ်ထဲမှာ စုစည်းထားပါတယ်။
(515) The Oxygen Advantage
ကိုယ့်ရဲ့ Performance တိုးတက်ချင်ရင် အသက်ရှုနည်းမှန်ဖို့ လိုပါတယ်…။အသက်ရှုနည်းမှားယွင်းစွာ ရှုကြလို့ Peak Performance တွေမရတာတွေ…၊ ကျန်းမာရေး မကောင်းတာတွေဖြစ်တတ်ကြပါတယ်…။Nasal breathing လုပ်တဲ့အချိန်မှာ Nitric Oxide ကောင်းကောင်းထွက်တာကြောင့် သွေးကြောတွေကိုအကျိုးပြုပုံတွေကို နားလည်လွယ်အောင်ရှင်းပြပေးပါတယ်…။ဒါ့အပြင် အသက်ရှုနည်းမှန်အောင် လုပ်နည်းတွေ… အကျိုးကျေးဇူးတွေကို ဒီ Insider note ထဲမှာ စိတ်ဝင်စားဖွယ် လေ့လာနိုင်ပါတယ်…။
(502) Boundless
“Boundless” စာအုပ်ကို Ben Greenfield ရေးသားခဲ့တဲ့စာအုပ်ပဲဖြစ်ပါတယ်။ ဒီစာအုပ်ထဲမှာအဓိကရေးထားတဲ့အကြောင်းအရာတွေက ကျွန်တော်တို့ခန္ဓာကိုယ်ဖွဲ့စည်းပုံတွေ ကြွက်သားတည်ဆောက်ခြင်းဖြစ်စဥ်တွေ အဆီလောင်ကျွမ်းနှုန်းတွေ အသက်ရှည်ကျန်းမာအောင်နေနည်းထိုင်နည်းတွေ စတဲ့အကြောင်းအရာတွေကို အသေးစိတ်သုတေသနပြုလုပ်ထားတဲ့စာအုပ်ကောင်းလေး တစ်အုပ်ပဲဖြစ်ပါတယ်။
(482) How Not To Die
Dr.Michael Greger ဟာ နှလုံးရောဂါ၊ ကင်ဆာအများစု၊ ဆီးချိုရောဂါ၊ အဝလွန်ခြင်း ၊ လေဖြတ်ခြင်းနှင့် အယ်လ်ဇိုင်းမားကဲ့သို့သော သေဆုံးခြင်းရဲ့ ထိတ်တန်းအကြောင်းရင်းတွေကို ဘယ်လို ကာကွယ်ရမယ်ဆိုတာကို ရေးသားဖော်ပြထားတဲ့ စာအုပ်ကောင်းတစ်အုပ်ပဲ ဖြစ်ပါတယ်။
(241) Super Human
Dave Asprey ဟာ လူငယ်တစ်ယောက်အနေနဲ့ မရေတွက်နိုင်တဲ့ အသက်ကြီးပြင်းမှု လက္ခဏာများစွာကို ခံစားနေရပြီး၊ မွေးနေ့တိုင်းနဲ့အတူ အသက်ငယ်ရွယ်လာလိုတဲ့ ပြင်းပြတဲ့ စိတ်ဆန္ဒက ပေါက်ဖွားလာခဲ့ပါတယ်။ နှစ် 20 ကျော်ကြာမြင့်တဲ့အထိ၊ စာရေးဆရာဟာ လူသားရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို Upgrade လုပ်ဖို့ တီထွင်ဆန်းသစ်ပြီး၊ သိပ္ပံနည်းကျ နည်းလမ်းတွေကို ရှာဖွေရင်း၊ စိတ်နဲ့ ခန္ဓာရဲ့ ကန့်သတ်ချက်တွေကို ပြန်လည်သတ်မှတ်ပေးခဲ့ပါတယ်။ ‘Super Human’ စာအုပ်ထဲမှာဆိုရင် ကျန်းမာရေးနဲ့ စွမ်းဆောင်ရည်တွေရဲ့ ဖြစ်နိုင်ခြေများစွာကို ပြောပြသွားခဲ့တယ်။ သက်လတ်ပိုင်းမှာ Peak ဖြစ်ပြီးရင် ပြန်လည်ကျဆင်းမယ်လို့ ထင်ထားကြပေမယ့်၊ Asprey ရဲ့ လေ့လာတွေ့ရှိမှုတွေက တခြားနည်းလမ်းကို ဖော်ပြနေခဲ့ပါတယ်။ Sub-Cellular အဆင့်မှာ အပြောင်းအလဲတွေ လုပ်ဆောင်ပြီး Life Span ကို ချဲ့ထွင်ဖို့ အပြောင်းအလဲတွေ …
(230) Lifespan
အသက်ကြီးပြင်းလာခြင်းဟာ လူတိုင်းရှောင်လွှဲလို့မရတဲ့ အမှန်တရားတစ်ခု ဖြစ်ပါတယ်။ Dr. David Sinclair ရဲ့ ‘Lifespan’ စာအုပ်ထဲမှာဆိုရင် ကျွန်တော်တို့ အသက်ကြီးလာရခြင်းအပေါ်မှာ ပြတ်သားတဲ့ သီအိုရီအသစ်တွေ ထုတ်ပြသွားခဲ့ပါတယ်။ သူဟာ အသက်ကြီးပြင်းလာခြင်းဟာ “ရောဂါတစ်ခုဖြစ်တယ်၊ ရောဂါဆိုတာ ကုသနိုင်တယ်လို့” ရေးသားသွားခဲ့တယ်။ အတွေးအမြင်တွေကိုပြောင်းလဲပေးနိုင်မယ့် ဒီစာအုပ်ဟာ ကျွန်တော်တို့ကို ထင်မြင်ထားတဲ့ သိပ္ပံပညာရဲ့ ကန့်သတ်ချက်တွေ၊ Dr. David Sinclair ရဲ့ ကိုယ်ပိုင်စမ်းသပ်ခန်းထဲက ကြီးမားတဲ့ ရှာဖွေတွေ့ရှိမှုတွေဆီ ခေါ်ဆောင်သွားပေးမှာ ဖြစ်ပြီး အသက်ကြီးပြင်းလာခြင်းကို နှေးကွေး၊ နောက်ပြန်ဆုတ်စေနိုင်ပုံကို ပြသသွားခဲ့ပါတယ်။ လျှို့ဝှက်ချက်ကတော့ အသစ်တွေ့ရှိထားတဲ့ သန်မာတဲ့ မျိုးရိုးဗီဇတွေကို နှိုးဆွပေးဖို့ပဲ ဖြစ်ပါတယ်။ စိတ်ဝင်စားဖွယ်ကောင်းတဲ့ အကြောင်းအရာတွေနဲ့အတူ Dr. Sinclair ဟာ သင့်ကို သိပ္ပံရှာဖွေတွေ့ရှိမှုတွေ၊ တိုးတက်လာနေတဲ့ နည်းပညာ၊ …
(221) Calisthenics for Beginners
သင့်ရဲ့ ခန္ဓာကိုယ် အလေးချိန်တစ်ခုတည်းနဲ့ ရိူရှင်းတဲ့ လှုပ်ရှားမှုတွေကို အသုံးပြုပြီး ခွန်အား၊ ပျော့ပျောင်းမှု၊ ခုခံနိုင်စွမ်းတွေ ရယူနိုင်ပါပြီ။ ‘Calisthenics for Beginners’ စာအုပ်ဟာ သင့်ရဲ့ အချိန်၊ Energy ၊ ပိုက်ဆံအိတ်ထဲက ကြီးမားတဲ့ စိုက်ထုတ်မှုတွေ မလိုအပ်တဲ့ Training Plan တစ်ခုကို ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။ သင် လေ့ကျင့်ပုံနည်းလမ်းတွေကို နားလည်လာတာနဲ့အမျှ နည်းစနစ်နဲ့ ပြင်းထန်မှုမှာ တိုးတက်လာနိုင်မယ့် Calisthenics Workout Program သုံးခုကို ဖော်ပြထားပါတယ်။ Calisthenics ဟာ Fitness နယ်ပယ်မျိုးစုံက အားကစားသမားတွေရဲ့ ရွေးချယ်မှုပဲ ဖြစ်ပါတယ်။ Calisthenics for Beginners စာအုပ်ထဲမှာဆိုရင် -ချိန်ညှိလွယ်၊ ပြုပြင်လွယ်တဲ့ Levels မျိုးစုံအတွက် Calisthenics လေ့ကျင့်ခန်းတွေ …
(200) Genius Foods
‘Genius Foods’ စာအုပ်ထဲမှာဆိုရင် စာရေးဆရာ Max Lugavere ဟာ ဦးနှောက်ကို အကောင်းဆုံး အလုပ်လုပ်စေဖို့အတွက် နားလည်ရလွယ်တဲ့ လမ်းပြမှုတွေကို ပြသခဲ့ပါတယ်။ စာရေးဆရာဟာ ကျွန်တော်တို့ရဲ့ ဘဝနေထိုင်ပုံ၊ စားသောက်ပုံနဲ့ ဦးနှောက်ရဲ့ Functions တွေကြားက ဆက်စပ်မှုကို ဖော်ထုတ်သွားခဲ့ပါတယ်။ အစားအသောက်တွေက ကျွန်တော်တို့ရဲ့ အာရုံစိုက်နိုင်စွမ်း၊ သင်ယူနိုင်စွမ်း၊ မှတ်မိနိုင်စွမ်း၊ တီထွင်ဖန်တီးနိုင်စွမ်း စတာတွေအပေါ် သက်ရောက်မှု ရှိစေပုံကိုလည်း ရေးသားသွားပြီး ‘Genius Foods’ စာအုပ်မှာဆိုရင် -မှတ်ဉာဏ်နဲ့ စိတ်ကြည်လင်ပြတ်သားမှုကို တိုးမြှင့်နိုင်မယ့် အစာအာဟာရတွေ -သင့်ရဲ့ ဦးနှောက်ကို ခွန်အားဖြည့်တင်းပေးနိုင်မယ့် အစားအစာတွေ -သင့်ရဲ့ ပျော်ရွှင်မှုကို တိုးမြှင့်ပေးနိုင်မယ့် အစားအစာတွေ အစရှိတာတွေ ပါဝင်တာကြောင့် ‘Genius Foods’ စာအုပ်နဲ့ဆိုရင် စိတ်ရှုပ်ထွေးမှုတွေ လျှော့ချနိုင်ပြီး ဦးနှောက် …