(61) Sapiens
လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀,၀၀၀ လောက်က ကမ္ဘာပေါ်မှာ အနည်းဆုံး လူသားမျိုးနွယ် ၆ မျိုးရှိခဲ့ပေမဲ့ အခုချိန်မှာတော့ Homo Sapiens ဆိုတဲ့ လူသားမျိုးနွယ်တစ်ခုပဲ ကျန်ရှိပါတော့တယ်။ ဒါပေမဲ့ ကျွန်တော်တို့ Homo Sapiens တွေက ကမ္ဘာကြီးကို အုပ်စိုးနေကြပါတယ်။ ဒါဟာ ဘာကြောင့်ပါလဲ။ အစ္စရေးလူမျိုး ပါမောက္ခ Yuval Noah Harari က Hebrew University မှာ သူ့ရဲ့ ကျောင်းသားတွေကို ၄,၅ နှစ်ကြာ သင်ပေးခဲ့တဲ့ အတွေ့အကြုံကနေ ရေးထားတဲ့ Sapiens စာအုပ်မှာ လူသားမျိုးနွယ်ရဲ့ သမိုင်းကြောင်းအစကနေ အခုချိန်ထိ Evolve ဖြစ်လာပုံတွေကို တွေ့ရမှာပါ။ ဒီစာအုပ်မှာ လူသားမျိုးနွယ် သမိုင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ အပြောင်းအလဲ ဖြစ်စဥ်ကို Cognitive, …