Energy

(520) The Energy of Abundance

“The Energy of Abundance” စာအုပ်ကတော့ Spirituality နဲ့ တီထွင်ဖန်တီးမှု ဖြစ်စဉ်တွေအကြောင်းကို စုံစုံလင်လင် ရှင်းပြထားတဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ Energy Game အကြောင်းကို နားလည်ရလွယ်တဲ့ စကားလုံးတွေနဲ့ ရှင်းပြသွားပြီး၊ ကျွန်တော်တို့ တစ်ယောက်ချင်းစီက ပျော်ရွှင်မှု၊ ချစ်ခြင်းမေတ္တာနဲ့ ကြွယ်ဝမှုတွေ ဘဝထဲကို ယူဆောင်လာနိုင်ပုံကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ ဒီလက်တွေ့ကျတဲ့ စာအုပ်ဟာဆိုရင် လူတစ်ယောက်ချင်းစီရဲ့ တစ်မူထူးခြားမှုတွေကို ထုတ်ဖော်နိုင်စေပြီး Spiriual ရဲ့ စစ်မှန်တဲ့ အနှစ်သာရကို လေ့လာနိုင်မှာ ဖြစ်ပါတယ်။ ကိုယ့်အတွက် Law of attraction က ဘာကြောင့်အလုပ်မဖြစ်လဲ စဉ်းစားရခက်နေရင် The Energy of Abundance စာအုပ်က အကောင်းဆုံး ဖြေရှင်းချက်တစ်ခု ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။

(466) The Clarity Technique

“The Clarity Technique” စာအုပ်ဟာ Master Alignment သင်ကြားမှုအပေါ် အခြေခံထားတဲ့ လောကုတ္တရာကျမ်းစာအုပ် တစ်အုပ်ဖြစ်ပါတယ်။ ဒီစာအုပ်ဟာ သင့်ရဲ့ DNA မှတစ်ဆင့် စွမ်းအင်ပုံစံတွေ ရှင်းလင်းနိုင်ပုံကို ဆွေးနွေးထားပါတယ်။ကျွန်တော်တို့ဟာ နှလုံးသားထက် ဦးခေါင်းကို ဗဟိုပြုထားတဲ့အတွက် ဒီပုံစံတွေဟာ အကန့်အသတ်ရှိပြီး မစုံမလင်တာမျိုးဖြစ်တတ်ပါတယ်။ သူတို့ဟာ စီရင်ဆုံးဖြတ်ခြင်း၊ မျှော်လင့်ခြင်း၊ အပြစ်ရှိခြင်းနှင့် အခြားကန့်သတ်ထားတဲ့ အပြုအမူတွေရဲ့ ရလဒ်တွေသာဖြစ်ပါတယ်။

(413) Endless Energy

သင့်ရဲ့ အကောင်းဆုံး ရည်ရွယ်ချက်တွေအားလုံးဟာ အကောင်အထည်ဖော်ဖို့ Energy မရှိရင် ကျရှုံးကြမှာပဲ။ ဒါကြောင့် ဇီဝကမ္မအရရော၊ စိတ်ပိုင်းဆိုင်ရာအရပါ ပိုပြီး Energetic ဖြစ်ဖို့ လေ့လာဖို့ လိုလာတယ်။ ဒီအတွက် Peter Hollins ရဲ့ “Endless Energy” စာအုပ်က ကူညီနိုင်မှာပါ။ အလေ့အကျင့်အသစ်တွေ တည်ဆောက်ချင်သလား? ပိုပြီးစည်းကမ်းရှိချင်သလား? သင့်ဘဝကို လိုချင်တဲ့အတိုင်း အပြောင်းအလဲလုပ်ချင်သလား? ဒါတွေအားလုံးအတွက် မဟာဗျူဟာက နောက်မှလာတယ်။ အဓိကအရေးကြီးတာ ဒီစိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ Energy လိုတယ်။ သင်က သင်ကိုယ်တိုင်ရဲ့ ခွန်အားဖြစ်လာစေဖို့ “Endless Energy” စာအုပ်ထဲမှာ လေ့လာနိုင်မှာ ဖြစ်ပါတယ်။

Toe Tet's Logo