(4) Algorithms to live by
ကျွန်တော်တို့ဘဝတွေဟာ Limited ဖြစ်နေတဲ့ အချိန်၊ နေရာတွေ၊ တချို့သော ပြဿနာတွေကို ဖြစ်ပေါ်လာစေတဲ့ ကန့်သတ်ချက်တွေနဲ့ ပြည့်နှက်နေကြတယ်။ တစ်နေ့တာမှာ ဘယ်အရာတွေကို လုပ်ဆောင်ပြီး၊ ဘယ်အရာတွေကို လစ်လျူရှုထားသင့်လဲ၊ ရှုပ်ထွေးမှုတွေကို ဘယ်လောက်ထိ လက်ခံသင့်သလဲ၊ အသစ်အဆန်းတွေ စမ်းကြည့်သင့်လား၊ လုပ်နေကျအရာတွေပဲ ဆက်လုပ်သင့်လား? ဒီပြဿနာတွေဟာ လူတွေသာ ရင်ဆိုင်နေရတာ မဟုတ်ပဲ Computer တွေမှာလည်း ဒီအတားအဆီးတွေကို ရင်ဆိုင်နေရပါတယ်။ ဒါကြောင့် Computer Scientists တွေက ဒီပြဿနာတွေကို ရာစုနှစ်များစွာ အဖြေရှာပြီးချိန်မှာ သူတို့ရှာတွေ့ခဲ့တဲ့ ဖြေရှင်းချက်တွေကနေ ကျွန်တော်တို့ကို များစွာသင်ပြပေးနိုင်မှာ ဖြစ်ပါတယ်။ `Algorithms to Live By´ စာအုပ်မှာဆိုရင် စာရေးဆရာ Brian Christian နဲ့ Tom Griffiths တို့ဟာ Computer …