communication

(262) Exactly what to say

လူအချင်းချင်း ဆက်သွယ်မှုတိုင်းရဲ့ အောင်မြင်မှုဖြစ်စေ၊ ရှုံးနိမ့်မှုဖြစ်စေ၊ မှန်ကန်တဲ့အချိန်မှာ မှန်ကန်တဲ့ စကားလုံး ရွေးချယ်နိုင်တဲ့ စွမ်းရည်က သက်ရောက်မှုရှိနေပါတယ်။ ကြိုးစားမှု၊ ပါရမီနဲ့ အချိန်ကောင်းတွေ အားလုံးက သင့်ရဲ့အောင်မြင်မှုအပေါ် သက်ရောက်နိုင်ပေမယ့်၊ Conversation တစ်ခု စတင်နိုင်တဲ့ စွမ်းရည်မရှိဘူးဆိုရင် အားထုတ်မှုတွေအားလုံး အလေအလွင့်ဖြစ်သွားနိုင်ပါတယ်။ ‘Exactly What to Say’ စာအုပ်ထဲမှာဆိုရင် Phil ဟာ သူ့ရဲ့ Magic Words တွေကို ပြောပြသွားခဲ့ပြီး၊ သင်အသုံးချနိုင်ပုံကို တိကျတဲ့ ဥပမာတွေ ပေးစွမ်းသွားခဲ့ပါတယ်။ ဒီစာအုပ်ကို ဖတ်ပြီးတာနဲ့ သင်ဟာ စီးပွားရေးမှာ အနိုင်ရယူဖို့၊ အလုပ်ခွင်မှာ လွှမ်းမိုးနိုင်ဖို့၊ လူမှုရေး အခြေအနေအရပ်ရပ်မှာ ဆွဲဆောင်မှုရှိစေဖို့ စိတ်တက်ကြွလာမှာ ဖြစ်ပါတယ်။ သင့်လိုချင်တာမှန်သမျှကို သင့်ရဲ့ ဖောက်သည်တွေ၊ Clients တွေ၊ […]

(262) Exactly what to say Read More »

(248) The Hooneymoon Effect

သင့်ဘဝရဲ့ အမှတ်ရစရာအကောင်းဆုံး အချစ်နဲ့ ပတ်သက်တဲ့ ဖြစ်ရပ်တစ်ခုကို ပြန်တွေးကြည့်ပါ။ အများအားဖြင့် အဲ့ဒီအချိန်ဟာ ရင်ခုန်စရာကောင်းမယ်၊ Energy အပြည့်ဖြစ်နေမယ်။ လောကကြီးက အရမ်းလှပနေလို့ အိပ်ရာကနိုးထပြီး နောက်တစ်နေ့ကို ဖြတ်သန်းဖို့တောင် မစောင့်နိုင်တော့ဘူး။ ဒါကို Honeymoon Effect လို့ ခေါ်ပါတယ်။ ဒါပေမယ့် ကံမကောင်းစွာနဲ့ အများစုမှာ Honeymoon Effect က ရေရှည်တည်မြဲလေ့ မရှိကြဘူး။ Honeymoon Effect ကိုသာ သင့်ဘဝတလျှောက် ထိန်းသိမ်းထားနိုင်ရင် သင့်ရဲ့ကမ္ဘာပေါ်က အတွေ့အကြုံတွေ ဘယ်လောက်ကွာခြားမလဲဆိုတာ စိတ်ကူးယဉ်ကြည့်နိုင်ပါတယ်။ စာရေးဆရာ Bruce H. Lipton ဟာ ‘Honeymoon Effect’ ဟာ တိုက်ဆိုင်မှုမဟုတ်ဘဲ ကိုယ်တိုင်ဖန်တီးယူရခြင်း ဖြစ်ကြောင်း ရှင်းပြသွားခဲ့ပါတယ်။ ‘Honeymoon Effect’ စာအုပ်ဟာ ဘာကြောင့်

(248) The Hooneymoon Effect Read More »

(229) Made To Stick

Mark Twain ကတစ်ခါပြောခဲ့ဖူးတယ် “အမှန်တရားက ဖိနပ်မဝတ်ရသေးခင်မှာ အလိမ်အညာက ကမ္ဘာကြီးရဲ့ နေရာတစ်ဝက်လောက်ကို ရောက်ပြီးနေပြီဖြစ်တယ်” လို့ဆိုတယ်။  ယုံတမ်းပုံပြင်တွေ၊ လုပ်ကြံထားတဲ့ သီအိုရီတွေ၊ ကောလဟာလတွေဟာ အားထုတ်စရာပင်မလိုဘဲ ရှင်သန်လည်ပတ်နိုင်ကြတယ်။ ဒီအချိန်မှာ အရေးကြီး အိုင်ဒီယာတွေရှိတဲ့ စွန့်ဦးတီထွင်တွေ၊ နိုင်ငံရေးသမားတွေ၊ ဂျာနယ်လစ်တွေဟာ အိုင်ဒီယာတွေ စွဲကပ်အောင်လုပ်ဖို့အတွက် ရုန်းကန်နေရတယ်။ ‘Made to Stick’ စာအုပ်ထဲမှာဆိုရင် စာရေးဆရာ Chip နဲ့ Dan Heath တို့ဟာ အိုင်ဒီယာတွေ စွဲကပ်ပုံ ဖြစ်ရိုးဖြစ်စဉ်ကို ရှင်းပြသွားပြီး၊ Idea တွေကို ပိုပြီးစွဲကပ်စေနိုင်တဲ့ နည်းလမ်းတွေဖြစ်တဲ့ Human Scale နည်းဥပဒေသတွေ၊ Velcro Theory of Memeory နဲ့ စူးစမ်းလိုစိတ် ကွာဟချက်တွေ ဖန်တီးနိုင်ပုံကို ပြသသွားခဲ့ပါတယ်။

(229) Made To Stick Read More »

(141) How to win friends and influence people

သင် လိုချင်နေတဲ့ အလုပ်ကို ရယူနိုင်ဖို့၊ သင့်ရဲ့ လက်ရှိအလုပ်ကိုပဲ တိုးတက်စေဖို့၊ ဘယ်လို အခြေအနေမျိုးမှာမဆို သင့်အတွက် အလုပ်ဖြစ်အောင် စွမ်းဆောင်နိုင်ဖို့ ´How to Win Friends and Influence People´ စာအုပ်က ကူညီပေးမှာပါ။Dale Carnegie ရဲ့ ခိုင်မာတဲ့ အကြံဉာဏ်ကောင်းတွေဟာ လူပေါင်းများစွာကို သူတို့ရဲ့ စီးပွားရေးနဲ့ ကိုယ်ရေးကိုယ်တာ ဘဝတွေမှာ အောင်မြင်မှု လှေကားထစ်တွေ တက်လှမ်းနိုင်အောင် ကူညီပေးခဲ့ပါတယ်။ ထိတ်ထိတ်ကြဲ အောင်မြင်ခဲ့ပြီး ယနေ့ချိန်ထိ အရောင်းရဆုံး စာအုပ်တစ်အုပ်ဖြစ်တဲ့ `How to Win Friends and Influence People စာအုပ်ဟာဆိုရင် သင့်ကို – လူတွေကိုယ့်ကို ကြိုက်နှစ်သက်စေမယ့် နည်းလမ်း(6)ခု – သင့်ရဲ့တွေးတောမှုတွေကို လူတွေ

(141) How to win friends and influence people Read More »

(102) The Like Switch

Jack Schafer က စိတ်ပညာရှင်တစ်ဦးဖြစ်ပြီး FBI ရဲ့အထူးအေးဂျင့်တစ်ယောက်လဲ ဖြစ်ပါတယ်။ဒီစာအုပ်လေးက ချက်ချင်းလက်တွေ့ဘဝမှာ ပြန်လည်အသုံးချနိုင်ပြီး လူတွေရဲ့ အပြုအမူအပြောအဆို အနေအထိုင်ကို ကောင်းမွန်စွာ နားလည်သဘောပေါက်စေရန် ရည်ရွယ်ပြီး ရေးသားထားသော စာအုပ်ကောင်း တစ်အုပ်​ဖြစ်ပါတယ်။ ဒီစာအုပ်မှာ Jack ကပေါင်းသင်းဆက်ဆံရေးမှာအရမ်းကို အရေးကြီးတဲ့ Friendship Formula လေးကိုလည်း ပြောပြထားပါသေးတယ်။ ဒီ Formula လေးကတော့-Friendship = proximity(နီးစပ်မှု) + frequency(ကြိမ်နှုန်း) + duration(ကြာချိန်) + intensity(ရင်းနှီးမှု) နောက်တစ်ချက် ဒီစာအုပ်လေးမှာ လူတွေအပေါ် သြဇာလွှမ်းမိုးနိုင်ပုံ၊ လူတွေအပေါ် ဆွဲဆောင်မှုနှင့် အနိုင်ယူနိုင်ပုံတို့အတွက်လည်း နည်းပညာများကို လည်း​​ဖော်ပြထားပါသေးတယ်။ ရေရှည်တ​ည်မြဲတဲ့ ဆက်ဆံရေးတစ်ခုကို တည်ဆောက်ရန်အတွက် ပထဦးဆုံး စတွေ့တွေ့ချင်းမှာ အထင်ကြီးလေးစာအောင် ဘယ်လိုမျိုး body language

(102) The Like Switch Read More »

(83) High-Impact Tools for Teams

‘High-Impact Tools for Teams’ စာအုပ်ဟာဆိုရင် Team ခေါင်းဆောင်တွေနဲ့ အဖွဲ့ဝင်တွေ အံဝင်ဂွင်ကျဖြစ်စေဖို့၊ Team ရဲ့ အရေးကြီးတဲ့ အလုပ်တာဝန်တွေ၊ Projects တွေနဲ့ပတ်သက်ပြီး တာဝန်ယူမှုအပိုင်းမှာ ရှင်းလင်းပြတ်သားစေဖို့ ကူညီပေးနိုင်မယ့် ရိုးရှင်းထိရောက်တဲ့ Tools တွေကို ရှင်းပြပေးသွားမှာပဲ ဖြစ်ပါတယ်။ အဲ့ဒီ Tools တွေဟာဆိုရင် Teams တွေကြားမှာ ယုံကြည်မှုတစ်ခု တည်ဆောက်ပေးပြီး၊ စိတ်ပိုင်းဆိုင်ရာအရ လုံခြုံမှုရှိစေတာကြောင့် အဖွဲ့သားတွေအားလုံးဟာ သူတို့ရဲ့ Ideas တွေ၊ စိုးရိမ်ပူပန်မှုတွေကို မျှဝေဖို့အတွက် ယုံကြည်မှုလည်းရှိလာစေမှာ ဖြစ်ပါတယ်။ ဒီ Tools တွေဟာဆိုရင် နှစ်ပေါင်းများစွာ စူးစမ်းလေ့လာမှုတွေအပေါ် အခြေခံထားပြီး စာအုပ်ထဲမှာဆိုရင်- •Projects တိုင်းမှာ ပိတ်ပင်နေနိုင်တဲ့ အတားအဆီးတွေကို ရှာဖွေဖော်ထုတ်၊ ဖယ်ရှားပစ်ပုံ •Team အဖွဲ့သားတွေရဲ့

(83) High-Impact Tools for Teams Read More »

(82) The Laws of Human Nature

Robert Greene ဟာ ရှေးဟောင်းခေတ် ဉာဏ်ပညာနဲ့ အတွေးအခေါ်တွေကနေ အရေးကြီးတဲ့ အကြောင်းအရာတွေ စစ်ထုတ်ပြီး သူရဲ့စာဖတ်ပရိတ်သတ်တွေကို လမ်းပြပေးတဲ့နေရာမှာ အလွန်ကျွမ်းကျင်ပါတယ်။ သူ့ရဲ့`The Laws of Human Nature´ စာအုပ်မှာ ဆိုရင်လည်း လူတွေရဲ့မသိစိတ်မှာ ဖြစ်ပေါ်နေတဲ့ တွန်းအားတွေ၊ စိတ်အားထက်သန်မှုတွေကို လေ့လာရေးသားခဲ့ပြန်ပါတယ်။ ကျွန်တော်တို့ လူသားတွေဟာ လူနေမှုအသိုင်းအဝိုင်းနဲ့ နေထိုင်တတ်တဲ့ သတ္တဝါတွေ ဖြစ်ကြတယ်။ ကျွန်တော်တို့ ဘဝတွေဟာ တခြားသူတွေနဲ့ ဆက်ဆံရေးတွေအပေါ် မှီခိုနေရတာကြောင့် လူတွေရဲ့ အမူအကျင့်တွေကို နားလည်ထားဖို့ အလွန်အရေးကြီးပါတယ်။ စာရေးဆရာဟာဆိုရင် ကျွန်တော်တို့ရဲ့ စိတ်ခံစားချက်တွေကနေ ကိုယ့်ကိုယ်ကို ရုန်းထွက်စေပြီး တခြားသူတွေအပေါ် ကိုယ်ချင်းစာတရား ထားတတ်လာအောင် လုပ်ဆောင်ပုံ၊ လူတွေရဲ့ မျက်နှာဖုံးနောက်ကွယ်ကို ရှုမြင်နိုင်ပုံ၊ ကိုယ့်ရည်ရွယ်ချက်ကို တိတိကျကျသိနိုင်ဖို့ ပတ်ဝန်းကျင်အမြင်တွေကနေ ရုန်းထွက်နိုင်ပုံတွေကို

(82) The Laws of Human Nature Read More »

Influence

(49) Influence

“လူတွေ ဘယ်လိုမျိုး သက်ဝင်ယုံကြည်ခံစားရလဲ ဆိုတဲ့ ကျွန်တော်တို့ရဲ့ အကောင်းဆုံးသက်သေက စကားလုံးတွေကထက် အတွင်းထဲက လာတာပါ” လို့ Robert Cialdini က ပြောခဲ့ပါတယ်။ ဒီစာအုပ်ထဲမှာဆိုရင် စာရေးဆရာ Cialdini ရဲ့ သုတေသနလုပ်ထားတဲ့ အသုံးပြုမှုတွေအပါအဝင် လွမ်းမိုးနိုင်မယ့် နည်းလမ်းတွေကို သင်ယူရမယ်။ ပိုအရေးကြီးတာက မလိုလားအပ်တဲ့ လွှမ်းမိုးမှုတွေကို သင်ဘယ်လို ကာကွယ်မလဲ ဆိုတာပါ လေ့လာရမှာပဲဖြစ်တယ်။ ဒီနည်းလမ်းတွေကို သိကောင်းသိမယ်။ ဒါပေမဲ့ သေချာနားမလည်ဘူးဆိုရင်တော့ လွှမ်းမိုးနိုင်ဖို့ အခွင့်အလမ်းတွေ အခြားသူတွေဆီ ပေးအပ်ရာရောက်သွားပါလိမ့်မယ်။  ဒီစာအုပ်ထဲက နည်းလမ်းတွေဟာ လွယ်ကူရှင်းလင်းပြီးတော့ စာရေးဆရာရဲ့ (၃၅) နှစ်တာ ကာလ အတွေ့အကြုံတွေပေါ် မီုခိုထားတာဖြစ်တဲ့အတွက်ကြောင့် ဒီစာအုပ်လေးဟာ ပြည့်စုံကျယ်ပြန့်သော လမ်းညွှန်စာအုပ်လေးတစ်အုပ်ဖြစ်မှာ မြေကြီးလက်ခတ်မလွဲပါဘူး။

(49) Influence Read More »

How to analyze people

(44) How To Analyze People

ကျွန်တော်တို့ လူတွေနဲ့ ပြောဆိုဆက်ဆံရတဲ့အခါ Verbal Communication နဲ့ Non-verbal Communication ဆိုပြီး ရှိတယ်။ အဲ့ဒီနှစ်နေရာစလုံးမှာ လိမ္မာပါးနပ်စွာနဲ့ ဆက်သွယ်ပြောဆိုနိုင်ဖို့လိုအပ်နေပြီဆိုရင် James Williams ရဲ့ စာအုပ်ကိုဖတ်ရပါလိမ့်မယ်။Body Language မှာဆိုရင် နိုင်ငံရဲ့ Culture အရ အမျိုးမျိုးပြောင်းကြတာ သိပြီးသားဖြစ်ကြမှာပါ။ Professional တစ်ယောက်ဟာ သူ့ရဲ့ လှုပ်ရှားဟန်တွေ ၊ မျက်လုံးက စကားပြောပုံ၊ အပြုံးအမျိုးမျိုး၊ Signal အပြောင်းအလဲတွေ ပညာသားပီပီ လုပ်တတ်ကြပါတယ်။ ဒါကြောင့် လူတွေနဲ့ ဆက်သွယ်ပြောဆိုတဲ့ အခါ စကားလမ်းကြောင်းစနည်း၊ အသံ Tone အနေအထား၊ Memory ကောင်းခြင်း စတာတွေဟာ Communicate လုပ်တဲ့နေရာမှာ အရေးကြီးတယ်ဆိုတဲ့ အကြောင်းတွေသိလာရမှာ ဖြစ်ပါတယ်။ နောက်တစ်ဆင့်အနေနဲ့ လူတွေနဲ့ Connect

(44) How To Analyze People Read More »

(29) How to talk to anyone

တချို့သောလူတွေဟာ သူတို့ကိုမြင်တာနဲ့ ချက်ချင်းချစ်ခင်၊ လေးစားတဲ့စိတ်တွေ ဖြစ်ပေါ်လာစေတာ ဘာကြောင့်လဲ? လူတွေအားလုံး သူတို့နဲ့ခင်ချင်၊ သူငယ်ချင်းဖြစ်ချင်ပြီး လုပ်ငန်းခွင်မှာဆိုလည်း အောင်မြင်မှုတွေ ရရှိကြတယ်။ ဒါတွေအားလုံးဟာ လူတွေနဲ့ကျွမ်းကျင်စွာ ပေါင်းသင်းဆက်ဆံတတ်ခြင်းကြောင့် ဖြစ်ပါတယ်။ Leil Lowndes ဟာ သူမရဲ့ ဘဝတစ်လျှောက် လူတွေကို ကျွမ်းကျင်စွာ ပေါင်းသင်းဆက်ဆံတတ်စေမယ့် နည်းလမ်းတွေကို သင်ကြားပို့ချခဲ့ပါတယ်။ သူမရဲ့`How To Talk To Anyone´ စာအုပ်မှာဆိုရင် လူတွေနဲ့ စတွေ့တဲ့အချိန်မှာ နှုတ်ဆက်တဲ့ ပုံစံကစလို့ ဘဝမှာ အောင်မြင်တဲ့သူတစ်ယောက် ဖြစ်လာတဲ့အထိ အသုံးချနိုင်မယ့် နည်းလမ်း 92ချက်ကို ရေးသားခဲ့ပါတယ်။ စာအုပ်ထဲမှာဆိုရင်•လူတွေနဲ့ စစတွေ့ချင်း First Impression ကောင်းအောင် ဘယ်လိုလုပ်မလဲ၊ •လမ်းလျှောက်၊ စကားပြောတဲ့အခါ ကိုယ်ဟန်အနေအထား ဘယ်လိုထားမလဲ၊•Celebrity တစ်ယောက်လို လူတွေကြားထဲ

(29) How to talk to anyone Read More »

Toe Tet's Logo