communication

(662) The Art of Communicating

လူတွေနဲ့ ပေါင်းသင်းဆက်ဆံနေရတဲ့အပေါ်မှာ စိတ်ကျေနပ်မှုရှိနေရဲ့လား?ဒါမှမဟုတ်ကိုယ့်ကိုယ်ကို ပေါင်းသင်းဆက်ဆံရေးတွေလုပ်နေတဲ့အပေါ်မှာ ပိုကောင်းတဲ့ better version ကို ရဖို့ ကြိုးစားနေတဲ့သူလား?ဒါဆိုရင်တော့ ဆရာတော် Thich Nhat Hanh  ရေးသားထားတဲ့ ဒီစာအုပ်လေးကို recommendပေးပါရစေ…။ ဒီစာအုပ်လေးကို ဆရာတော် Thich Nhat Hanh ရေးသားခဲ့တာဖြစ်ပြီးတော့ တကယ့် အဆီအနှစ်တွေပါဝင်နေတယ်လို့ ပြောလို့ရပါတယ်…။ဆရာတော် Thich Nhat Hanh ဟာဆိုရင် mindfulness တွေ… Zen ကျင့်စဉ်တွေနဲ့ပတ်သက်ပြီး နာမည်ကြီးတဲ့ ဆရာတော်တစ်ပါးဖြစ်ပါတယ်… ဆရာတော်အနေနဲ့ Mindfulness and meditation တွေနဲ့ပတ်သက်ပြီး စာအုပ်ပေါင်းများစွာကို ရေးသားခဲ့ပြီးလည်းဖြစ်ပါတယ်…။ဒီစာအုပ်ထဲမှာကတော့ Mindful Listening နဲ့ mindful speaking ရဲ့အရေးပါပုံ…၊ deeper connections ရှိဖို့ လိုအပ်ပုံ…၊ လူနှစ်ယောက်ကြားမှာ နားလည်မှုတွေရှိဖို့လိုတဲ့အကြောင်းတွေကို

(662) The Art of Communicating Read More »

629

(629) I can read you like a book

Gregory Hartley ရေးသားထားတဲ့ “I Can Read You Like a Book: How to Spot the Messages and Emotions People are Really Sending with Their Body Language” ဆိုတဲ့ စာအုပ်ကတော့ စကားပြောဆိုခြင်းဖြင့်မဟုတ်ဘဲ ကိုယ်ခန္ဓာဘာသာစကား၊ လူတွေရဲ့ အတွေးတွေ၊ ခံစားချက်တွေ၊ ရည်ရွယ်ချက်တွေကို နားလည်သဘောပေါက်ပြီး ထိထိရောက်ရောက် တုံ့ပြန်ပြောဆိုနိုင်ဖို့အတွက် နည်းစနစ်တွေဖော်ပြထားတဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ စာရေးသူ Gregory Hartley ကတော့ ကိုယ်ခန္ဓာဘာသာစကားကို နားလည်သဘောပေါက်ခြင်းက အခြားသူတွေနဲ့ ပိုမိုကောင်းမွန်တဲ့ ဆက်သွယ်မှုနဲ့ အပြန်အလှန်ဆက်ဆံရေးအတွက် အစွမ်းထက်တဲ့ ကိရိယာတစ်ခုဖြစ်နိုင်တယ်လို့ဆိုပါတယ်။ ဒီစာအုပ်ထဲမှာဆိုရင်လဲ စာရေးသူက မျက်နှာအမူအရာ၊ ကိုယ်ဟန်အမူအရာ၊ ကိုယ်ဟန်အနေအထား၊

(629) I can read you like a book Read More »

626

(626) Conspiracy

“Conspiracy : A True Story of Power, Sex, and a Billionaire’s Secret Plot to Destroy a Media Empire” စာအုပ်ကတော့ စာရေးသူ Ryan Holiday ရဲ့ non-fiction တစ်ပုဒ်ဖြစ်ပါတယ်။ဒီစာအုပ်မှာတော့ ငွေကြေးကြွယ်ဝမှုရဲ့ အကျိူးသက်ရောက်မှုနဲ့ လွှမ်းမိုးမှု၊ Media တွေရဲ့ အရေးပါမှု စတာတွေကို ထင်ဟပ်စေတဲ့ စာအုပ်တစ်အုပ်ပါ။

(626) Conspiracy Read More »

(605) How to Win Every Argument: The Use and Abuse of Logic

“How to Win Every Argument : The Use and Abuse of Logic” စာအုပ်ကိုတော့ Madsen Pirie ရေးသားခဲ့တာဖြစ်ပြီး လူတွေနဲ့ ဆက်ဆံတဲ့အခါ စကားအရာအနိုင်ရရှိဖို့ နည်းနာတွေကို ဖော်ပြထားပါတယ်။စာရေးသူက ကိုယ့်ရဲ့ ကိုယ်ပိုင်အတွေးအခေါ်ကို ဘယ်လို Strong ဖြစ်အောင် လုပ်ရမလဲဆိုတာအပြင် တခြားသူရဲ့ အဆိုပြုချက်မှာ ဘယ်လိုအားနည်းချက်ကိုရှာမလဲ စသည်ဖြင့် ချက်ကျလက်ကျ တွေးခေါ်ပြောဆိုတတ်အောင် ဖော်ပြထားတဲ့အတွက် ဖတ်သင့်တဲ့ စာအုပ်ကောင်းတစ်အုပ်ပါ။

(605) How to Win Every Argument: The Use and Abuse of Logic Read More »

(548) Get to the point

ခုလိုမျိုး သတင်းအချက်အလက်တွေ များပြားနေတဲ့ကမ္ဘာကြီးမှာ သင့်ရဲ့အတွေးအမြင်တွေကို ရှင်းရှင်းလင်းလင်းနဲ့ ပြတ်ပြတ်သားသား ဖော်ပြဖို့က အရင်ကထက်ပိုပြီး အရေးကြီးပါတယ်။ ဒီစာအုပ်ထဲမှာ စာရေးသူက လူရှေ့မှာစကားပြောတာပဲဖြစ်ဖြစ်၊ Email ရေးတဲ့အခါမှာပဲဖြစ်ဖြစ်၊ လူတွေနဲ့ဆက်သွယ်ဆက်ဆံတဲ့အခါမှာပဲ ဖြစ်ဖြစ် ကိုယ်ပေးချင်တဲ့ Message ကို ကိုယ့်ကိုကိုယ့်ယုံကြည်မှုရှိရှိနဲ့ ဘယ်လိုပြောရမလဲဆိုတဲ့ အကြံဉာဏ်တွေကို ပေးထားပါတယ်။ သူပေးထားတဲ့ အကြံဉာဏ်တွေက လူကြားထဲမှာ ကိုယ့်အကြံဉာဏ်တွေကို ဖော်ထုတ်ပြချင်တဲ့သူတွေအတွက် ကောင်းမွန်တဲ့ အကူအညီဖြစ်စေမှာ ဖြစ်ပါတယ်။ Joel Schwartzberg ရေးထားတဲ့ Get To the Point စာအုပ်က လူတွေနဲ့ Communicate လုပ်ရတဲ့သူတွေတိုင်းအတွက် ပိုပြီးထိထိရောက်ရောက်ပြောနိုင်ဖို့ လက်တွေ့ကျတဲ့နည်းစနစ်တွေကို ပြောပြပေးထားတဲ့အတွက် မဖြစ်မနေဖတ်သင့်တဲ့ စာအုပ်တစ်အုပ်ပဲဖြစ်ပါတယ်။

(548) Get to the point Read More »

(456) 21 Days of Effective Communication

ဘဝခရီးလမ်းကို ဖြတ်သန်းလာတဲ့တလျှောက်မှာ ကျွန်တော်တို့ဟာ မှားယွင်းတဲ့ ဆက်သွယ်မှုအလေ့အကျင့်တွေကို ခံယူမိကြတယ်။ ဒါပေမယ့် အဆိုပါအလေ့အကျင့်တွေက သင်အမှန်တကယ်ရသင့်ရထိုက်တဲ့ ကျန်းမာရေး၊ ပျော်ရွှင်မှု၊ လွတ်လပ်မှုအခြေအနေတွေကို မခံစားနိုင်အောင် တားဆီးထားနိုင်ပါတယ်။ “21 Days of Effective Communication” စာအုပ်မှာဆိုရင် သင်ပြောဆိုဆက်ဆံပုံက သင့်အောင်မြင်မှုအတွက် ခြားနားမှုဖြစ်စေနိုင်ရုံသာမက၊ ဆိုးရွားတဲ့ ဆက်သွယ်မှုအလေ့အကျင့်တွေကို ဖယ်ရှားဖို့၊ ကန့်သတ်ချက်တွေကို ကျော်လွန်ဖို့နဲ့ ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေးတွေ တည်ဆောက်ဖို့ အင်မတန်လွယ်ကူကြောင်းကို လေ့လာရမှာ ဖြစ်ပါတယ်။

(456) 21 Days of Effective Communication Read More »

Toe Tet's Logo