Business

(572) Hit Refresh

4 Feb 2014 မှာ Microsoft ကို ရောက်လာတဲ့ Satya Nadella လက်ထက်မှာ Microsoft မဟာဗျူဟာတွေ တော်တော်မှန်လာတာကိုတွေ့လိမ့်မယ်။Chatgpt ထုတ်တဲ့ OpenAI မှာလဲ 49% ပိုင်သလို၊​ Google ကပဲ သူ့ကို Office Suite နဲ့ အလဲထိုးနေတဲ့အချိန်မှာ Microsoft Edge Browser နဲ့ AI နဲ့မှာ chat function ထည့်လိုက်တော့ တစ်သက်လုံး Bing ကို သုံးဖြစ်မှာ မဟုတ်ဘူးလို့ထင်တဲ့သူတွေပါ သုံးဖြစ်သွားကြတယ်။ သူ့လက်ထက်မှာပြောင်းသွားတာ Bill Gates နဲ့ Steve Baller လက်ထက်ကလို အကုန်သိမ်းမယ်။ တိုက်မယ်၊​ ဖြုတ်မယ်သွားတာမဟုတ်ပဲ Empathy သူများပြောတာနားထောင်ပြီး နားလည်အောင်ကြိုးစားတယ်။​ Humble မာန်မာထောင်လွှားတာမျိုးမရှိဘူး။Acquisition […]

(572) Hit Refresh Read More »

(570) Startups Smart

“Start-Up Smarts” စာအုပ်ကိုတော့ Start-up Specialists တွေဖြစ်တဲ့အပြင် စီးပွါးရေးလုပ်ငန်းပိုင်ရှင်တွေဖြစ်တဲ့ Barry H. Cohen နဲ့ Michael Rybarski တို့ရေးသားထားတာဖြစ်ပါတယ်။ဒီစာအုပ်မှာတော့ ကိုယ်ပိုင်လုပ်ငန်း Start-Up စတင်ချင်သူတွေအနေနဲ့ သိထားသင့်တဲ့ Business Plan တည်ဆောက်နည်း၊ ဖောက်သည်တွေရဲ့ လိုအပ်ချက်ကို ရှာဖွေနည်း၊ ဝန်ထမ်းနဲ့ Business Partner ရွေးချယ်နည်း စသည်ဖြင့် လုပ်ငန်းတစ်ခု အောင်အောင်မြင်မြင်လုပ်နိုင်ဖို့ သိထားရမယ့် နည်းနာတွေကို ဖော်ပြထားပါတယ်။

(570) Startups Smart Read More »

(568) Course Design Formula

သင့်ရည်မှန်းချက်က ဒစ်ဂျစ်တယ်ထုတ်ကုန်တွေကို ရောင်းချရုံသာမက ကမ္ဘာအနှံ့ကို အပြောင်းအလဲဖြစ်စေချင်တဲ့ ဆရာတစ်ဦးဖြစ်လာဖို့ဆိုရင် “Course Design Formula” စာအုပ်က သင့်ကို ကူညီပေးပါလိမ့်မယ်။ စာအုပ်ထဲမှာဆိုရင် တခြားသူတွေထက် သင့်သင်တန်းကို ပိုမိုကောင်းမွန်၊ မြန်ဆန်၊ ထိရောက်အောင် တည်ဆောက်နိုင်ပုံတွေကို ရေးသားထားပါတယ်။ ဒီစာအုပ်မှ ရရှိမယ့် လမ်းညွှန်ချက်တွေက သင်ရဲ့ အွန်လိုင်းသင်တန်းဖန်တီးမှုလုပ်ငန်းစဉ်ကို မြန်ဆန်၊ ထိရောက်ပြီး၊ သင်သင်ကြားမယ့် အကြောင်းအရာ၊ သင့်ပရိတ်သတ်နဲ့ ကိုက်ညီအောင်လည်း အသုံးချရလွယ်ကူစေမှာ ဖြစ်ပါတယ်။

(568) Course Design Formula Read More »

(562) How to Build a Billion Dollar App

Unicorn Company ကိုဖန်တီးဖို့ ဘာတွေလိုအပ်မလဲ?Instagram ကို ဥပမာပေးပြီးတော့ အောင်မြင်တဲ့ စီးပွါးရေးတခုကို ဘယ်လိုဖန်တီးခဲ့သလဲ… ဒီလိုကနေ Valuation တွေ ဘယ်လောက်ထိတက်ပြီး အောင်မြင်ခဲ့သလဲ… Mark Zuckerberg အနေနဲ့ IPO အမြင့်ကြီး ပေးဝယ်တာတွေ စတဲ့အကြောင်းအရာတွေကိုပြောပြထားပါတယ်…။ Instagram တင်မကပါဘူး… Facebook အကြောင်းတွေ Steve Job အကြောင်းတွေပါ ဖော်ပြထားပါသေးတယ်…။လူတွေဟာ တရက်ကို ဖုန်းတွေ ဘယ်လောက်ကြည့်လဲဆိုတဲ့အကြောင်းအရာတွေ… customer behavior တွေ… customer life cycle အကြောင်းတွေကိုလည်း ဖော်ပြထားပါသေးတယ်…။ ဒါကြောင့် ဒီစာအုပ်လေးဟာ Unicorn Company တည်ဆောက်လို့တဲ့ စီးပွါးရေးလုပ်ငန်းရှင်တွေအတွက် မဖြစ်မနေကြည့်ရှုသင့်တဲ့ insider note လေးဖြစ်ပါတယ်…။

(562) How to Build a Billion Dollar App Read More »

(536) Power of Broke

Daymond John ဟာ သူရဲ့ အိမ်ချုပ် T-shirts တွေကို စတင်ရောင်းချကတည်းက မွဲတေခြင်းရဲ့ စွမ်းအားကို အကောာင်းဆုံးအသုံးချနိုင်ခဲ့တယ်။ ဘတ်ဂျက် $40 တည်းနဲ့ Daymond ဟာ သူ့ရဲ့ Product တွေကို ဈေးကွက်ဖောက်နိုင်ဖို့ တစ်မူထူးခြားတဲ့ နည်းလမ်းတွေနဲ့ မဟာဗျူဟာတွေ ချမှတ်ခဲ့ရတယ်။ ဒီအပူတပြင်းလိုအပ်ချက်တွေကပဲ တီထွင်ဆန်းသစ်မှုတွေကို မွေးဖွားစေခဲ့ပြီး၊ နောက်မှာတော့ creative campaign အတွက် အိုင်ဒီယာတွေထုတ်ရင်း $6 ဘီလီယံတန်တဲ့ FUBU ဆိုတဲ့ Brand ကို တည်ဆောက်နိုင်ခဲ့တယ်။ သူသာ Broke ဖြစ်တဲ့အဆင့်ကနေ မစတင်ခဲ့ရင် ဒါတွေဖြစ်လာဖို့ မသေချာနိုင်တဲ့အတွက်၊ သုညကနေ ခိုင်မာတဲ့ မျှော်လင့်ချက်၊ ပြင်းထန်တဲ့ ဆာလောင်မှုနဲ့ စတင်နိုင်ရင် ဘာမဆိုဖြစ်နိုင်ကြောင်းကို “Power of Broke” စာအုပ်ထဲမှာ

(536) Power of Broke Read More »

(535) Outthink the competition

ယနေ့ခေတ်လိုမျိုး အပြောင်းအလဲမြန်ဆန်လွန်းတဲ့ ခေတ်မှာဆိုရင်တော့ ရှေးကျတဲ့ business model တချို့ပျောက်ကွယ်လိုသလို၊ Market Niche တွေလဲများစွာပေါ်ထွက်လာပါတယ်။ မျိုးဆက်သစ်ခေါင်းဆောင်ပေါင်းများစွာ ထွက်ပေါ်လာသလို၊ Outthinkers လို့ ခေါ်ဆိုနိုင်တဲ့ Business strategist တွေလဲ ထွက်ပေါ်လာပါတယ်။ ဒီလိုခေတ်ထဲမှာဆိုရင်တော့ ကျွန်တော်တို့အနေနဲ့ Revolution တစ်ခုကို စတင်နိုင်ဖို့၊ Outthink ဖြစ်ဖို့အတွက် လိုအပ်လာပါတယ်။ Kaihan Krippendorff   ရေးသားထားတဲ့ Outthink the competition ဆိုတဲ့ စာအုပ်ထဲမှာဆိုရင်တော့  Apple တို့လို၊ Google တို့လို  အောင်မြင်ကျော်ကြားတဲ့ လုပ်ငန်းတွေရဲ့ အကြောင်းတွေကိုလဲဖော်ပြထားတဲ့အပြင်၊ Outthinkers တွေအတွက် အနှောင့်အယှက်ဖြစ်စေတဲ့ Dimensions  8 ခုအကြောင်း၊ Outthinker တွေအနေနဲ့ ဘယ်လိုစဉ်းစားတွေးခေါ်လဲဆိုတဲ့အကြောင်းတွေ၊ Outthinker တွေမှာ မွေးမြူသင့်တဲ့အလေ့အကျင့်

(535) Outthink the competition Read More »

(525) Strategic Thinking

အောင်မြင်တဲ့စီးပွားရေးတခုစဖို့ဆိုရင် စတင်တဲ့အဆင့်တိုင်းမှာ မဟာဗျူဟာတွေ (Strategies) တွေလိုအပ်ပါတယ်။ ဥပမာအားဖြင့် Business Model တခုစတင်ဖို့ဆိုရင် 5 S (Start, Speed Up, Systemize, Scale and Sell) လိုအပ်တယ်။ ပတ်ဝန်းကျင်က အပြောင်းအလဲတွေကိုလေ့လာဖို့အတွက် Porter Five Forces Model နဲ့ ဆန်းစစ်နိုင်တဲ့အကြောင်းတွေ အပြင်အခြား Modelတွေကိုပါ သာဓကတွေနဲ့ အလွယ်ကူဆုံးနားလည်အောင် ဖော်ပြပေးထားပါတယ်။ ဒါကြောင့်စီးပွားရေးတခုကို စတင်ဖို့အတွက် လိုအပ်တဲ့အဆင့်တွေကို Step by Step ဖော်ပြပေးထားပြီးတော့ ဘယ်လိုမျိုးမေးခွန်းတွေဟာ တိကျရှင်းလင်းတဲ့ Vision ကို ပြနိုင်မလဲဆိုတာတွေကို ဒီ Insider Note ထဲမှာ စိတ်ဝင်စားဖွယ် သာဓကတွေနဲ့ လေ့လာကြည့်ရှုနိုင်ပဲ ဖြစ်ပါတယ်။

(525) Strategic Thinking Read More »

Toe Tet's Logo