fbpx

Book Categories: Business

(417) New Power

ဒီနေ့ခေတ် ချိတ်ဆက်နေတဲ့ ကမ္ဘာကြီးမှာ တချို့လူတွေ ရှေ့ရောက်ကြပြီး၊ တချို့ဘာကြောင့် နောက်ကျကျန်ရစ်ခဲ့ကြသလဲ? ဒါကို Jeremy Heimans နဲ့ Henry Timms တို့ ရေးထားတဲ့ “New Power” စာအုပ်ထဲမှာဆိုရင် ကျွန်တော်တို့ခေတ်ရဲ့ အကြီးမားဆုံး ပုံပြင်တွေဖြစ်တဲ့ Facebook နဲ့ Uber တို့လို Platform တွေ ကြီးထွားလာပုံ၊ Obama နဲ့ Trump တို့ရဲ့ အနိုင်ရပုံ စတာတွေရဲ့ နောက်ကွယ်က အကြောင်းအရာတွေကို ဖော်ထုတ်သွားခဲ့တယ်။ ယနေ့ခေတ် Power တွေနဲ့ ပုံသွင်းတည်ဆောက်ထားတဲ့ ကမ္ဘာကြီးမှာ “New Power” စာအုပ်ဟာ ကမ္ဘာကြီးနဲ့ ကျွန်တော်တို့ တစ်ယောက်ချင်းရဲ့ အခန်းကဏ္ဍတွေကို နားလည်နိုင်မယ့် နည်းလမ်းသစ်တွေကို ပြသသွားမှာ ဖြစ်ပါတယ်။

(415) How to Think Bigger

ကြီးကြီးမားမား တွေးရဲတဲ့သူတွေနဲ့ နိမ့်နိမ့်ပဲ မှန်းရဲတဲ့ သူတွေကို ဘယ်အရာတွေက ကွဲထွက်သွားစေသလဲ စဉ်းစားဖူးသလား? ဘယ်အရာတွေက နိမ့်ကျတဲ့ အဆင့်အတန်းကို  လူတစ်ယောက်အတွက် လက်ခံစေပြီး၊ အခြားတစ်ယောက်အတွက် စဉ်ဆက်မပြတ် မြှင့်တင်စေသလဲ? ဘယ်အရာတွေက လူတစ်ယောက်ကို သူ့ဘဝရဲ့ အဘက်ဘက်ကို အကောင်းဆုံး တိုးတက်စေပြီး၊ ဘယ်အရာတွေက သာမန်ဘဝနဲ့ ကျေနပ်စေသလဲ? ဒါတွေကို “How to Think Bigger” စာအုပ်ထဲမှာ အဖြေရှာနိုင်မှာပါ။ စာအုပ်ထဲမှာဆိုရင် သင့်ကို အိပ်မက်ကြီးကြီးမက်ရဲဖို့ တွန်းအားပေးတဲ့အရာတွေ၊ သင့်အားစိုက်ထုတ်မှုတွေကို ပျက်စီးစေတဲ့ အရာတွေ၊ ပြီးပြည့်စုံတဲ့ Focus ကို ရရှိနိုင်ပုံ စတာတွေကို လေ့လာရမှာ ဖြစ်ပါတယ်။

(410) Clarity – Clear Mind, Better Performance, Bigger Results

ကျွန်တော်တို့ ဘဝမှာ အဖြစ်အပျက်‌ပေါင်းများစွာ ဖြစ်ပျက်နေတယ်။ မီလီယံနဲ့ချီတဲ့ Projects တွေ၊ ရှည်လျားလွန်းတဲ့ to-do lists တွေ စတာတွေကြားမှာ ငွေကြေးတွေ၊ Deadlines တွေအတွက် ကျွန်တော်တို့ စိတ်ပူကြရတယ်။ ခေါင်းထဲက ရှုပ်ထွေးမှုများစွာကြားမှာ တစ်ခုတည်းကို အာရုံစိုက်ဖို့ မဖြစ်နိုင်သလို ခံစားလာရတယ်။ ဒါကြောင့် “Clarity” စာအုပ်မှာဆိုရင် ပြတ်သားတဲ့ အတွေးတွေ တွေးတောနိုင်ပုံကို ပြသသွားမှာ ဖြစ်ပါတယ်။ ကိုယ့်ရဲ့စိတ်ကို ရှင်းလင်းပြီး၊ Stress တွေ နည်းစေဖို့၊ အလုပ်ပြီးမြောက်မှု ပိုမြင့်စေဖို့ နည်းလမ်းတွေကို လေ့လာရမှာဖြစ်ပြီး၊ ရလဒ်အနေနဲ့ ကိုယ့်ရဲ့ အရည်အချင်းအပေါ် ပိုပြီးယုံကြည်မှုရှိလာစေမှာ ဖြစ်ပါတယ်။

(409) One Word That Will Change Your Life

“One Word That Will Change Your Life” စာအုပ်ဟာဆိုရင် သင့်ဘဝနဲ့ စီးပွားရေးကို တစ်နှစ်အတွင်း စကားလုံးတစ်လုံးတည်းအပေါ် အာရုံစိုက်ရုံနဲ့ ရိုးရှင်းစေနိုင်ပုံကို ရှင်းပြသွားမှာ ဖြစ်ပါတယ်။ စကားလုံးတစ်လုံးတည်းကို ရွေးချယ်ခြင်းရဲ့ ရိုးရှင်းမှုက ဘဝကို အပြောင်းအလဲဖြစ်စေနိုင်တဲ့အထိ စွမ်းအားပြင်းပါတယ်။ ရှုပ်ထွေးမှုတွေဟာ အချိန်ဆွဲခြင်း၊ ရပ်တန့်ခြင်းတွေဆီ ဦးတည်စေပြီး၊ ရိုးရှင်းမှုတွေကတော့ ပြတ်သားမှု၊ အောင်မြင်မှုတွေဆီ ဦးတည်စေတယ်။ “One Word That Will Change Your Life” စာအုပ်ဟာဆိုရင် နောက်နှစ်အတွက် သင်ချမှတ်ထားတဲ့ ရည်မှန်းချက်တွေကို နက်နက်နဲနဲ ပြန်လည်သုံးသပ်စေနိုင်မှာဖြစ်ပါတယ်။

(407) Millionaire MBA

“Millionaire MBA” စာအုပ်ထဲမှာဆိုရင် မီလီယံနာနဲ့ စွန့်ဦးတီထွင် လုပ်ငန်းရှင်‌တွေဖြစ်တဲ့ Duncan Bannatyne, Simon Woodroffe နဲ့ Sir Tom Hunter တို့လို သူတွေကို အတွင်းကျကျ Interview ထားတဲ့ အကြောင်းအရာတွေ ပါဝင်နေပါတယ်။ မေးခွန်းတစ်ခုချင်းစီက သူတို့ကို ဘယ်အရာတွေက အောင်မြင်စေခဲ့သလဲ၊ သူတို့ဘာကြောင့် အခုလို စီးပွားရေး ရလဒ်ကောင်းတွေကို ဆွတ်ခူးနိုင်ခဲ့ကြသလဲအထိ နက်နက်နဲနဲ မေးမြန်းထားပါတယ်။ ဒီကနေ‌ အောင်မြင်တဲ့ မီလီယံနာ စွန့်ဦးတီထွင်တစ်ယောက်လို တွေးတတ်စေဖို့ သင်ပြ‌ပေးမယ့် “Millionaire MBA” စာအုပ်ကို ထုတ်လုပ်ထားခြင်းဖြစ်ပါတယ်။

Toe Tet's Logo