Branding
(464) How to Make People Fall in Love with Your Brand
အမှတ်တံဆိပ်တစ်ခုကို တည်ဆောက်တဲ့နေရာမှာ ကိုယ့်ရဲ့အမှတ်တံဆိပ်ကို လူတွေမှတ်မိစေဖို့အတွက်၊ လူတွေကြိုက်နှစ်သက်နေဖို့အတွက် အရေးကြီးပါတယ်။ Brand လို့ ပြောလိုက်တဲ့အခါမှာ လူတွေရဲ့စိတ်ထဲမှာ ထူးခြားတဲ့စိတ်ခံစားချက်ရရှိအောင် ဆောင်ရွက်ဖို့လိုပါတယ်။ ကိုယ့်ရဲ့အမှတ်တံဆိပ်ကို လူတွေကြိုက်နှစ်သက်နေစေဖို့အတွက် ကိုယ့်ရဲ့ Target Audience ကို အသေးစိတ်သတ်မှတ်ခြင်းတွေ ပြုလုပ်ဖို့အတွက်လိုပါတယ်။ တခြားသူတွေရဲ့စိတ်ထဲမှာ ထူးခြားတဲ့ စိတ်ခံစားချက်ရရှိစေဖို့အတွက် Unique Selling Point တစ်ခုရှိနေဖို့အတွက်လဲ အရေးကြီးပါတယ်။ အမှတ်တံဆိပ်ကောင်းတစ်ခုဖြစ်ဖို့အတွက် ကိုယ့်ကိုလူတွေမှတ်မိနေစေဖို့အတွက်ဆိုရင်လဲ မှတ်မိစေနိုင်တဲ့ ပုံပြင်တွေပြောဖို့အတွက်လိုပါတယ်။ Caroline Doughty ရေးသားထားတဲ့ How to Make People Fall in Love with Your Brand ဆိုတဲ့ စာအုပ်ထဲမှာဆိုရင်တော့ ကိုယ့်ရဲ့ Brand အောင်မြင်စေဖို့အတွက် လိုအပ်တဲ့အချက်တွေ၊ Storytelling ကို အသုံးပြုနိုင်မယ့် နည်းလမ်းတွေ၊ …
(464) How to Make People Fall in Love with Your Brand Read More »
(391) The Brand Gap
“The Brand Gap” စာအုပ်ဟာဆိုရင် Brand တည်ဆောက်ပုံနဲ့ ပတ်သက်လို့ တစ်စုတစ်စည်းတည်း တင်ပြထားတဲ့ ပထမဆုံး စာအုပ်ဖြစ်ပါတယ်။ စာအုပ်အများစုက မဟာဗျူဟာပိုင်းနဲ့ တီထွင်ဖန်တီးမှုပိုင်းကို တစ်ဖက်စီ အာရုံစိုက်နေချိန်မှာ၊ “The Brand Gap” စာအုပ်က ဒီတွေးတောပုံ နည်းလမ်းနှစ်ခုကို ပေါင်းစပ်ပြီး၊ Customer တွေရဲ့ ဘဝအတွက် အရှိမဖြစ်လိုအပ်တဲ့ Charismatic Brand တစ်ခု ထုတ်လုပ်နိုင်ပုံကို ပြသသွားမှာပါ။ “The Brand Gap” စာအုပ်ထဲမှာဆိုရင် Brand ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုပုံအသစ်၊ Brand တည်ဆောက်ခြင်းရဲ့ အဓိကဥပဒေသ ငါးခု၊ Branding က ယှဉ်ပြိုင်မှုဖြစ်စဉ်ကို ပြောင်းလဲစေပုံ၊ Brand တိုင်းအတွက် မေးဖို့လိုအပ်တဲ့ စွမ်းအားပြင်း မေးခွန်းသုံးခု၊ Design တွေက ဖောက်သည်တွေရဲ့ …
(290) Brand New Name
ကုမ္ပဏီ၊ ထုတ်ကုန်၊ ဝန်ဆောင်မှု၊ အိုင်ဒီယာ အစရှိတာတွေကို သင်ဘယ်လိုနာမည်ပေးသလဲက သင့်စီးပွားရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေထဲက အရေးကြီးဆုံးတစ်ခုပဲ ဖြစ်ပါတယ်။ သာလွန်တဲ့ နာမည်တစ်ခုဟာ သင့်စီးပွားရေးလုပ်ငန်းကို သတ်မှတ်ပေးပြီး၊ အနာဂတ်ကို ပုံဖော်ပေးနိုင်ပါတယ်။ “Brand New Name” စာအုပ်ဟာ ဘယ်အရာကိုမဆို နာမည်ပေးပုံ၊ နာမည်ပြောင်းပုံတွေကို ပြသသွားမှာဖြစ်ပါတယ်။ သင့်အနေနဲ့ နာမည်တွေက လူတွေကို ဘယ်လိုဆွဲဆောင်သလဲ၊ စိတ်ထဲမှာ ဘယ်လိုစွဲလမ်းသွားစေသလဲ၊ ထင်ရှားတဲ့ Brands တွေရဲ့ မူလသမိုင်းကြောင်းတွေကို စာအုပ်ထဲမှာ ရှာဖွေလေ့လာရမှာပါ။ “Brand New Name” စာအုပ်ဟာ လက်တွေ့ဆန်တဲ့ How-to နည်းလမ်းတွေကို ဥပမာများစွာ၊ အားတက်စရာ ပုံပြင်များစွာနဲ့ စုစည်းပေးထားတာကြောင့်၊ သင်ပိုင်ဆိုင်ရ ဂုဏ်ယူရစေမယ့် နာမည်တစ်ခု ဖန်တီးနိုင်မှာဖြစ်ပါတယ်။
(287) Lean Branding
နေ့စဉ်ထောင်ပေါင်းများစွာသော Developers တွေဟာ Startup အိုင်ဒီယာ အသစ်တွေ ယူဆောင်လာပေမယ့်၊ စီးပွားရေးလုပ်ငန်းအဖြစ် ကြီးထွားလာစေမယ့် Branding လုပ်ပုံ နည်းစနစ်တွေကို မသိရှိကြပါဘူး။ ဒီအတွက် “Lean Branding” စာအုပ်က ကူညီဖို့ ရောက်ရှိလာပါပြီ။ ဒီစာအုပ်ဟာ သင့်အတွက် အပြောင်းအလဲတွေ ယူဆောင်လာပေးမယ့် ခိုင်မာ၊ လျင်မြန်တဲ့ Brand တွေ တည်ဆောက်စေနိုင်မှာ ဖြစ်ပါတယ်။ “Lean Branding” စာအုပ်ထဲမှာဆိုရင် ဘယ်အရာကို Brand လို့ တိတိကျကျခေါ်သလဲ၊ ဈေးကွက်ထဲမှာ အလားအလာရှိတဲ့ Branding နည်းစနစ်တွေ ဖြစ်တဲ့ Brand ပုံပြင်တွေ၊ သင်္ကေတတွေ၊ မဟာဗျူဟာတွေ တည်ဆောက်နိုင်ပုံ၊ အဓိပ္ပာယ်ပြည့်ဝတဲ့ Metrics တွေ အသုံးပြုပြီး Branding နည်းစနစ်တွေရဲ့ စွမ်းဆောင်ရည်ကို တိုင်းတာနိုင်ပုံ၊ ကိုယ့်ရဲ့ …
(285) Building Strong Brands
စီးပွားရေးနယ်ပယ်တစ်ခုဟာ ရန်လိုလာတာနဲ့အမျှ၊ ရှင်သန်ကြီးထွားဖို့အတွက် အားကောင်းတဲ့ Brand တည်ဆောက်မှု စွမ်းရည်တွေ လိုအပ်လာပါတယ်။ David Aaker ရဲ့ “Building Strong Brand” စာအုပ်မှာဆိုရင် စာရေးဆရာဟာ Saturn, General, Kodak, McDonald’s တို့ရဲ့ Brand တည်ဆောက်ခဲ့ပုံတွေကို ဥပမာယူပြီး အားကောင်းတဲ့ Brands တွေကို ဖန်တီးစီမံနိုင်ပုံကို ဖော်ပြသွားခဲ့ပါတယ်။ Aaker ဟာ Emotional, Self-expressive ရဲ့ အကျိုးကျေးဇူးတွေကို ထည့်သွင်းစဉ်းစားပြီး တစ်မူထူးခြားစွာ တွေးတောနိုင်ပုံကို ပြသသွားခဲ့ပါတယ်။ စီးပွားရေးနယ်ပယ် အမျိုးမျိုးက အကြီးအကဲတွေဟာ သူတို့ရဲ့ Products နဲ့ Services တွေ သာမန်ထုတ်ကုန်တွေ ဖြစ်သွားခြင်းက တားဆီးနိုင်မယ့်နည်းလမ်းတွေကို ရှာဖွေနေကြပြီး၊ Branding ကို စီးပွားရေးမဟာဗျုဟာတွေ အားလုံးရဲ့ …
(284) Brand Portfolio Strategy
“Brand Portfolio Strategy” စာအုပ်ထဲမှာဆိုရင် David Aaker ဟာ မန်နေဂျာတွေအတွက် ကုမ္ပဏီရဲ့ စီးပွားရေး မဟာဗျူဟာတွေကို ထောက်ပံ့ပေးမယ့် Brand ရင်းနှီးမြှုပ်နှံမှု မဟာဗျူဟာတွေ တည်ဆောက်နိုင်ပုံ၊ သက်ဆိုင်မှု၊ မတူကွဲပြားမှု၊ ပြတ်သားမှုတွေ ဖန်တီးယူနိုင်ပုံကို ပြသသွားခဲ့ပါတယ်။ ကမ္ဘာကျော် Brand တွေဖြစ်တဲ့ Dell, Disney, Microsoft, Sony တို့ရဲ့ Case Studies တွေကတဆင့် အားကောင်းတဲ့ Brand မဟာဗျူဟာတွေနဲ့ စီးပွားရေးကြီးထွားမှုကို ထောက်ပံ့နိုင်ပုံ၊ Brand တွေကို ပြန်လည်အသက်သွင်းနိုင်ပုံ၊ ဖောင်းပွမှုတွေကြားမှာ စည်းစနစ်ကျနိုင်ပုံကို ဖော်ပြသွားခဲ့ပါတယ်။ Aaker ဟာ Brand တွေ လွှမ်းမိုးမှုနည်းတဲ့အချိန်၊ မလုံလောက်တဲ့ Brand စွမ်းဆောင်ရည်ကြောင့် စီးပွားရေးမဟာဗျူတွေ Risk ဖြစ်နေတဲ့အချိန်၊ Subcategories …
(282) Brand Relevance
Branding ဂုရုကြီး David Aaker ဟာ ပြိုင်ဘက်တွေကို ဖယ်ရှားပြီး၊ ဈေးကွက်ထဲမှာ ခေါင်းဆောင်နေတဲ့ Brand တစ်ခု ဖြစ်လာနိုင်ပုံကို ရှင်းပြခဲ့ပါတယ်။ သူ့ရဲ့ Brand Relevance စာအုပ်ထဲမှာဆိုရင်လည်း Prius, Whole Food, Westin, Ipad တို့ရဲ့ ဥပမာများစွာကို အသုံးချပြီး Brand Relevance သဘောတရားကို ပြောပြပေးခဲ့သလို၊ Brand Relevance က အပြောင်းအလဲမြန်တဲ့ ဈေးကွက်ထဲမှာ အခွင့်အရေးကောင်းတွေ ရှာဖွေနိုင်ပုံကို ရှင်းပြပေးခဲ့ပါတယ်။ အဓိကအကြောင်းအရာတွေအဖြစ် Product အမျိုးအစားအသစ်တစ်ခုကို ဘယ်လိုစီမံမလဲ၊ ပြိုင်ဘက်တွေဝင်မလာနိုင်အောင် Barriers တွေ ဘယ်လိုတည်ဆောက်မလဲ၊ ဖောက်သည်တွေ လိုချင်တာကို ထုတ်လုပ်ဖို့ ကျရှုံးခြင်းက ကိုယ့် Brand ကို အရှိန်လျော့ကျစေပုံ စတာတွေကို ရေးသားထားခဲ့ပါတယ်။ …
(272) What Great Brands Do
‘What Great Brands Do’ စာအုပ်မှာဆိုရင် မတူကွဲပြားတဲ့ ကုမ္ပဏီတွေဖြစ်တဲ့ IBM, REI, Starbucks, Lululemon တို့ဟာ သူတို့ရဲ့ Brand Platform တွေကို စီမံခန့်ခွဲမှု Tools အနေနဲ့ အသုံးချပြီး၊ သူတို့တာဝန်ယူထားသမျှ Task တိုင်းကို လမ်းပြနိုင်စေပုံ၊ သာမန်ရလဒ်ထက်ပိုအောင် စွမ်းဆောင်နိုင်ပုံတွေကို ပြသသွားမှာ ဖြစ်ပါတယ်။ ဒီ Brands ကြီးတွေမှာ ဘာတွေတူညီသလဲဆိုတာ လေ့လာရမှာ ဖြစ်ပါတယ်။ ‘What Great Brands Do’ စာအုပ်ထဲမှာ Brand ကြီးတွေရဲ့ လမ်းပြမှုဥပဒေသ ခုနှစ်ခုအကြောင်းနဲ့ သူတို့ကို ကိုယ့်လုပ်ငန်းမှာ အကောင်းဆုံးပုံစံနဲ့ အသုံးချနိုင်ပုံကို ရေးသားထားပါတယ်။ ဒီလမ်းပြမှု ခုနှစ်ခုမှာဆိုရင် ကြီးမားတဲ့ Brand တွေဟာ အတွင်းမှာစတင်တယ်၊ ကြီးမားတဲ့ …
(71) Branding Fundamentals
အောင်မြင်တဲ့ လုပ်ငန်းတစ်ခုဖြစ်ချင်တယ်၊ လူတွေမှတ်မိတဲ့ Brand တစ်ခုတည်ဆောက်ချင်တယ်ဆိုရင် Mark Nelson ရေးခဲ့တဲ့ Branding Fundamental စာအုပ်လေးကို ဖတ်သင့်ပါတယ်။ ဒီစာအုပ်ထဲမှာဆိုရင် စာရေးဆရာက Brand ဆိုတာဘာလဲ၊ ဘယ်လိုအလုပ်လုပ်သလဲ ဆိုတာကို ပြောပြထားပါတယ်။ ဒါ့အပြင် Brand တစ်ခုတည်ဆောက်ဖို့ အဆင့်ငါးဆင့်အကြောင်း၊ လူတွေရဲ့စိတ်ထဲမှာ နေရာယူထားတဲ့ Brand တစ်ခုဖြစ်ဖို့ လုပ်ရမယ့်အချက်တွေ၊ ကိုယ့်ရဲ့ brand က ဘယ်အဆင့်ရောက်နေပြီလဲဆိုတာ တိုင်းတာနည်းတွေ စတာတွေကိုလည်း လေ့လာနိုင်မှာဖြစ်ပါတယ်။ ဒီစာအုပ်ကို ဘယ်လိုလူတွေ ဖတ်သင့်လဲ။ Brand တစ်ခုတည်ဆောက်ချင်တဲ့ လုပ်ငန်းရှင်တွေ၊ Marketer တွေအတွက် ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါတယ်။