(514) The Wim Hof Method
ဘဝမှာ ပျော်ရွှင်ဖို့ဆိုရင် စိတ်ရောခန္ဓာကိုယ်ရော ကျန်းမာဖို့က အရေးကြီးပါတယ်။ အများစုကတော့ ဆေးတွေ၊ ဖြည့်စွက်သာတွေ အသုံးပြုကြပါတယ်။ဒီစာအုပ်ထဲမှာတော့ သဘာဝကျကျ ကိုယ့်ရဲ့ ခန္ဓာကိုယ်နဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေမဲ့ နည်းလမ်းတွေကို အဓိက ပြောပြထားပါတယ်။ စိတ်ဖိစီးမှုတွေ လျှော့ချနိုင်ဖို့ အသက်ရှူပုံ နည်းစနစ်တွေ၊ သွေးလတ်ပတ်မှုကောင်းပြီး Energy level တိုးစေနိုင်တဲ့ ရေချိုးတဲ့နည်းလမ်း၊ အာရုံစူးစိုက်မှုကောင်းပြီး ကိုယ်စွမ်းကိုယ်စတွေ ထွက်ပေါ်လာဖို့ တရားထိုင်ပုံ စတာတွေကို လေ့လာရမှာပါ။ဒီစာအုပ်ကိုဝောာ့ စိတ်ရောကိုယ်ရော ကျန်းမာချင်တဲ့သူတွေ၊ Productivity ကောင်းချင်တဲ့သူတွေ အဓိက ဖတ်ရှုသင့်ပါတယ်။