(319) Make Your Bed
စာရေးဆရာ William H. McRaven ဟာ ရေတပ်လေ့ကျင့်ရေးစခန်းမှာ သင်ယူခဲ့ရတဲ့ နည်းဥပဒေသ ဆယ်မျိုးကို “Make Your Bed” စာအုပ်ထဲမှာ မျှဝေသွားခဲ့ပါတယ်။ ဒီနည်းဥပဒေသတွေဟာ ရေတပ်မှာရော၊ သူ့ရဲ့ဘဝတစ်လျှောက်မှာပါ ကြုံတွေ့လာသမျှ စိန်ခေါ်မှုတွေကို အနိုင်ယူနိုင်စေခဲ့တယ်။ ဒါကြောင့် စာဖတ်သူတွေလည်း ဒီအခြေခံကျတဲ့ သင်ခန်းစာတွေကို အသုံးချပြီး၊ ကိုယ့်ဘဝကို အပြောင်းအလဲ လုပ်နိုင်ပုံကို ရှင်းပြသွားခဲ့ပါတယ်။ စာအုပ်ထဲမှာဆိုရင် McRaven ရဲ့ ဘဝတစ်လျှောက် ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေ၊ သူ့ရဲ့ရေတပ်မှာ တာဝန်ထမ်းဆောင်ချိန်တုန်းက ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေကို ပြတ်သားမှု၊ ရဲစွမ်းသတ္တိအပြည့်နဲ့ ချမှတ်နိုင်ကြတဲ့ သူတွေကို တွေ့ကြုံခဲ့ပုံတွေကို ရေးသားထားပါတယ်။ ဒီအကြောင်းအရာတွေကို စာရေးဆရာက အတုယူစရာ၊ အားတက်စရာဖြစ်အောင် စာအုပ်ထဲမှာ ပြောပြနိုင်ခဲ့တာကြောင့် စာဖတ်သူတွေကို ဘဝရဲ့ အဆိုးဆုံး အချိန်တွေမှာတောင် …