(455) Numbers Don’t Lie
Bill Gatesကိုယ်တိုင် ဖတ်ဖို့ recommendလုပ်ထားတဲ့ Numbers Don’t Lieစာအုပ်ထဲမှာ ဘက်မလိုက်တဲ့အမှန်တရားလို့သတ်မှတ်တဲ့ dataတွေဖြစ်တဲ့ numberကိန်းဂဏန်းတွေက လူတွေရဲ့ဘဝတွေမှာအပြောင်းအလဲတွေဖြစ်လာဖို့ ဘယ်လောက်ထိအရေးပါတယ်ဆိုတာကို တွက်ချက်ရေးသားပြသွားတာပဲဖြစ်ပါတယ်။ Egypt Pyramidတွေကိုတည်ဆောက်ဖို့ လူပေါင်းသိန်းချီလိုအပ်မယ်လို့ လူတွေထင်ခဲ့ပေမဲ့ တကယ်တမ်းကျတော့ လူထောင်ဂဏန်းနဲ့ပဲ နှစ်အနည်းငယ်တွင်းမှာဆောက်နိုင်ခဲ့တယ်ဆိုတာကို Numbers Don’t Lie စာအုပ်ထဲမှာ ကိန်းဂဏန်းတွေနဲ့ သက်သေပြထားပါတယ်။ ကမ္ဘာ့အပျော်ရွှင်ဆုံးနိုင်ငံတွေ ဘာကြောင့်အပျော်ရွှင်ဆုံးဖြစ်နေရသလဲ? ဘာကြောင့်တချို့သော ဆင်းရဲတဲ့နိုင်ငံတွေက ချမ်းသာသောနိုင်ငံတွေထက် ပိုပျော်ရွှင်နေရသလဲ? နိုင်ငံတစ်နိုင်ငံရဲ့ လူနေမှုအဆင့်အတန်း, စားဝတ်နေရေး, စီးပွားရေးတိုးတက်မှုအခြေအနေ စတဲ့ ဘဝရဲ့အရေးကြီးတဲ့အစိတ်အပိုင်းတွေကို ကိန်းဂဏန်းပြောင်းလဲမှုတွေက ဘယ်လောက်ထိအရေးပါသွားသလဲဆိုတာကို မြင်ရစေမယ့် စာအုပ်တစ်အုပ်ပဲဖြစ်ပါတယ်။ Life is all about perspective. ဘဝဆိုတာ ကိုယ်နေတတ်ရင်နေတတ်သလို ပျော်စရာကြီးပါလိုပြောကြပေမဲ့ ဒီစာအုပ်ကိုဖတ်သွားပြီးနောက်မှာ ကိုယ်ဘယ်လိုနေနေ ဘယ်လိုမြင်မြင် တချို့သော လုံးဝမပြောင်းလဲတဲ့ …