(352) Building a second brain
သမိုင်းတလျှောက်မှာ ပထမဆုံးအနေနဲ့ ကျွန်တော်တို့ ကမ္ဘာကြီးရဲ့ သတင်းအချက်အလက်များစွာကို အဆက်မပြတ် ရယူလာနိုင်တယ်။ ဒါကြောင့် လေ့လာဖို့၊ ကိုယ့်ကိုယ်ကို တိုးတက်အောင်လုပ်ဖို့ အခုထက် ပိုကောင်းတဲ့ အချိန်မရှိနိုင်တော့ဘူး။ ဒါပေမယ့် တစ်ချိန်တည်းမှာ လူတွေဟာ ဒီအချက်အလက်၊ အသိပညာများစွာအတွက် အားတက်ရမယ့်အစား၊ လုံလုံလောက်လောက် မှတ်မိဖို့အတွက် စိုးရိမ်ပူပန် ရုန်းကန်လာရတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့ စာရေးဆရာ Tiago Forte က သူ့ရဲ့ “Building a Second Brain” စာအုပ်မှာ ကိုယ်တွေ့ကြုံဖြတ်သန်းခဲ့သမျှ Ideas တွေ၊ သင်ခန်းစာ၊ မှတ်ဉာဏ်တွေကို အလွယ်တကူ သိမ်းဆည်း ပြန်အသုံးချနိုင်ဖို့ System တစ်ခု တည်ဆောက်ပုံကို ပြောပြသွားခဲ့တယ်။ သင့် Ideas တွေရဲ့ ဖြစ်နိုင်ခြေတွေကို ရှာဖွေဖို့၊ သင့်ရဲ့ အသိပညာတွေကို …