Thich Nhat Hanh

(706) You are Here

Thich Nhat Hanh ရေးသားထားတဲ့ “You Are Here ဆိုတဲ့စာအုပ်ကတော့ စာဖတ်သူတွေအဖို့ လက်ရှိအခိုက်အတန့်မှာ ကောင်းမွန်စွာ နေထိုင်တတ်ရန်နဲ့ ယခုလက်ရှိအခိုက်အတန့်မှာ နေထိုင်ခြင်းက ငြိမ်းချမ်းပျော်ရွှင်မှုကို ရှာဖွေရန် အကောင်းဆုံးဖြစ်ကြောင်း လမ်းညွှန်ပြသထားတဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ စာရေးဆရာ Thich Nhat Hanh ဆိုတာကတော့ လူတစ်ဦးချင်းစီရဲ့ နေ့စဉ်ဘဝမှာ သတိပဋ္ဌာန်တရားတွေကို ပြုစုပျိုးထောင်ဖို့ အထောက်အကူဖြစ်စေရန်အတွက် လက်တွေ့ကျတဲ့ လမ်းညွှန်မှုတွေကို သင်ကြားပြသပေးနေတဲ့သူတစ်ယောက်ပါ။ ဒီစာအုပ်မှာဆိုရင်တော့ အခိုက်အတန့်တိုင်းမှာထားရှိသင့်တဲ့ စိတ်အခြေအနေ အရေးကြီးပုံနဲ့ စစ်မှန်တဲ့ပျော်ရွှင်မှု၊ ရောင့်ရဲမှုကို ဘယ်လိုရရှိနိုင်မလဲဆိုတာတွေကို လမ်းညွှန်ပြသထားတဲ့ စာအုပ်ကောင်းတစ်အုပ်ဖြစ်တာကြောင့် စာဖတ်သူတွေအနေနဲ့ ကိုယ့်ရဲ့ အတွေး၊ ခံစားချက်တွေနဲ့ ပတ်ဝန်းကျင်ကို ပိုမိုသိရှိနားလည်လာစေပြီး ကူညီပေးဖို့အတွက် ကျင့်စဉ်တွေ၊ အသက်ရှူလေ့ကျင့်ခန်းတွေနဲ့ တရားထိုင်နည်းတွေကိုလဲ လေ့လာလိုတဲ့ဆိုရင် ဖတ်သင့်တဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။

(706) You are Here Read More »

(674) The Way Out is In

Meditation ဆိုတာ Energy တခုပဲ…ကျနော်တို့ကိုးပ်သွားဖို့ကူညီပေးမယ်…။ ပစ္စုပ္ပန်ကိုပြန်ရောက်အောင်ကူညီပေးတယ်…။Linguistic နဲ့ Metaphor တွေမှာ အရမ်းအားသာတဲ့ဆရာတော်ရေးသားထားတဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်…။လူတွေဟာ သုခ ဒုက္ခ တွေနဲ့ပတ်သက်ပြီး Motivation ရတဲ့ပုံစံဟာမတူညီကြပါဘူး…။ ကိုယ်ဟာ ဘယ်လိုလူမျိုးလဲ…။အေးချမ်းမှုဆိုတာ ဘာလဲ…။တရားရှာရင် ခန္ဓာတွေ့တဲ့အကြောင်းတွေကို စိတ်ဝင်စားဖွယ် ပြောပြထားတဲ့ insider note ဖြစ်ပါတယ်…။

(674) The Way Out is In Read More »

(666) How to Fight

“How to Fight” စာအုပ်မှာဆိုရင် Thich Nhat Hanh ဟာ Mindfulness ဖြစ်ခြင်းကို အသုံးချပြီး ကျွန်တော်တို့ ဘဝရဲ့ ပဋိပက္ခ၊ စိန်ခေါ်မှုတွေအကြောင်း သိမြင်နိုင်ပုံကို ရှာဖွေဖော်ထုတ်သွားခဲ့ပါတယ်။ စာအုပ်ထဲမှာဆိုရင် အမြတ်ဒေါသ၊ ရန်လိုမှုတွေကို အပြုသဘောဆောင်တဲ့  တုံ့ပြန်မှုတွေအဖြစ်ပြောင်းလဲနိုင်ပုံကို လမ်းပြပေးသွားခဲ့ပါတယ်။ Mindfulness ကို ကျင့်ကြံခြင်းတွေကနေ စာဖတ်သူတွေဟာ စာနာစိတ်၊ နားလည်မှု၊ လိုက်ဖက်ညီမှုတွေကို နေ့စဉ်ဘဝဆက်ဆံရေးတွေမှာ တည်ဆောက်နိုင်စေမှာ ဖြစ်ပါတယ်။ 

(666) How to Fight Read More »

(664) No mud, No Lotus

Thich Nhat Hanh ရေးသားထားတဲ့ No Mud, No Lotus ဆိုတဲ့ စာအုပ်ကတော့ ဒုက္ခရဲ့ သဘောတရားတွေနဲ့ ၎င်းရဲ့ ဝမ်းမြောက်မှု၊ ငြိမ်းချမ်းမှုနဲ့ ဉာဏ်အလင်းအဖြစ်ကို ဘယ်လို ပြောင်းလဲနိုင်မလဲဆိုတာကို ဖော်ပြထားတဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ ထင်ရှားကျော်ကြားတဲ့ ဗုဒ္ဓဘာသာဘုန်းကြီးနှင့် ဓမ္မရေးရာခေါင်းဆောင်တစ် ဦးဖြစ်တဲ့ Thich Nhat Hanh ကတော့ လူတစ်ဦးချင်းစီရဲ့ ဒုက္ခတွေကို ကျော်လွှားဖို့အတွက် လမ်းကြောင်းရှာရန်အတွက်နဲ့ ကောင်းမွန်စွာ ဖြတ်ကျော်နိုင်ရန်အတွက် အသိပညာတွေနဲ့ အလေ့အကျင့်တွေကို ဒီစာအုပ်မှာ မျှဝေထားပါတယ်။ ဒီစာအုပ်မှာဆိုရင်တော့ လူတစ်ဦးချင်းစီရဲ့ ဆင်းရဲဒုက္ခတွေကို ပြောင်းလဲနိုင်ဖို့ ကူညီပေးရန် လက်တွေ့ကျတဲ့ ထိုးထွင်းသိမြင်မှုနှင့် သတိပဋ္ဌာန်ကျင့်စဉ်တွေကို ဖော်ပြထားတဲ့အတွက် မိတ်ဆွေတို့ရဲ့ ဘဝမှာ ပိုရွှင်လန်းပြီး၊ အဓိပ္ပါယ်ရှိတဲ့ ဘဝဆီကို ကောင်းမွန်စွာ ဦးတည်နိုင်စေမှာပါ။

(664) No mud, No Lotus Read More »

(662) The Art of Communicating

လူတွေနဲ့ ပေါင်းသင်းဆက်ဆံနေရတဲ့အပေါ်မှာ စိတ်ကျေနပ်မှုရှိနေရဲ့လား?ဒါမှမဟုတ်ကိုယ့်ကိုယ်ကို ပေါင်းသင်းဆက်ဆံရေးတွေလုပ်နေတဲ့အပေါ်မှာ ပိုကောင်းတဲ့ better version ကို ရဖို့ ကြိုးစားနေတဲ့သူလား?ဒါဆိုရင်တော့ ဆရာတော် Thich Nhat Hanh  ရေးသားထားတဲ့ ဒီစာအုပ်လေးကို recommendပေးပါရစေ…။ ဒီစာအုပ်လေးကို ဆရာတော် Thich Nhat Hanh ရေးသားခဲ့တာဖြစ်ပြီးတော့ တကယ့် အဆီအနှစ်တွေပါဝင်နေတယ်လို့ ပြောလို့ရပါတယ်…။ဆရာတော် Thich Nhat Hanh ဟာဆိုရင် mindfulness တွေ… Zen ကျင့်စဉ်တွေနဲ့ပတ်သက်ပြီး နာမည်ကြီးတဲ့ ဆရာတော်တစ်ပါးဖြစ်ပါတယ်… ဆရာတော်အနေနဲ့ Mindfulness and meditation တွေနဲ့ပတ်သက်ပြီး စာအုပ်ပေါင်းများစွာကို ရေးသားခဲ့ပြီးလည်းဖြစ်ပါတယ်…။ဒီစာအုပ်ထဲမှာကတော့ Mindful Listening နဲ့ mindful speaking ရဲ့အရေးပါပုံ…၊ deeper connections ရှိဖို့ လိုအပ်ပုံ…၊ လူနှစ်ယောက်ကြားမှာ နားလည်မှုတွေရှိဖို့လိုတဲ့အကြောင်းတွေကို

(662) The Art of Communicating Read More »

(657) The Miracle of Mindfulness

Thich Nhat Hanh ရေးသားထားတဲ့ “The Miracle of Mindfulness” ဆိုတဲ့ စာအုပ်လေးကတော့ စာဖတ်သူတွေကို သတိပဋ္ဌာန်ကျင့်စဉ်နဲ့ မိတ်ဆက်ပေးနိုင်တဲ့ ဂန္တဝင်စာအုပ်ဖြစ်ပြီး နေ့စဉ်ဘ၀မှာ သတိပဋ္ဌာန်ဖြစ်တည်နိုင်ဖို့အတွက် လက်တွေ့ကျတဲ့ နည်းစနစ်တွေကို ဖော်ပြထားတဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ စာရေးဆရာ Thich Nhat Hanh ကတော့ ပစ္စုပ္ပန်အခိုက်အတန့်မှာ ဘယ်လိုနေထိုင်ရမယ်ဆိုတာကို လမ်းညွှန်ပေးနိုင်ပြီး၊ ငြိမ်းချမ်းမှုနဲ့ အသိတရားကို ပြုစုပျိုးထောင်ပေးနိုင်တဲ့ ကျော်ကြားတဲ့ ဆရာတစ်ဦးဖြစ်တစ်ဦးဖြစ်ပါတယ်။ ဒီစာအုပ်မှာဆိုရင်တော့ လမ်းလျှောက်ခြင်း၊ အသက်ရှုခြင်း၊ အစာစားခြင်းနှင့် ပန်းကန်ဆေးခြင်း စတဲ့ နေ့စဉ်လှုပ်ရှားမှုတွေမှာ သတိပဋ္ဌာန်လေ့ကျင့်နည်းတွေကို လက်တွေ့လေ့ကျင့်ခန်းတွေနဲ့ လမ်းညွှန်ချက်တွေဖော်ပြထားပါတယ်။ ဒီစာအုပ်လေးကတော့ လက်ရှိအခိုက်အတန့်ကို အာရုံစိုက်ပြီး၊ လှုပ်ရှားမှုတစ်ခုစီတိုင်းမှာ အပြည့်အဝပါဝင်နိုင်ဖို့အတွက်၊ ဘဝကို ပိုမိုနက်ရှိုင်းစွာ ပျော်ရွှင်စွာခံစားနိုင်စေဖို့အတွက် ရောင့်ရဲမှုနဲ့ ငြိမ်းချမ်းမှုကို ရှာဖွေနိုင်ဖို့အတွက် လမ်းညွှန်ပေးထားတဲ့

(657) The Miracle of Mindfulness Read More »

Toe Tet's Logo