(385) Big ideas for Curious Minds
ကလေးငယ်တွေဟာ သဘာဝအလျောက် အတွေးအခေါ်ပညာရှင်လေးတွေ ဖြစ်ကြတယ်။ ဘယ်သူ့ရဲ့ တိုက်တွန်းမှုမှမပါဘဲ အချိန်၊ ရှင်သန်မှု၊ ပျော်ရွှင်မှု စတာတွေရဲ့ အဓိပ္ပာယ်အပေါ် ကြီးမားတဲ့ မေးခွန်းတွေထုတ်တတ်ကြတယ်။ ဒါပေမယ့် အချိန်အများစုမှာ အသက်ကြီးလာတာနဲ့အမျှ ဒီစူးစမ်းလေ့လာလိုစိတ်၊ မေးခွန်းထုတ်လိုစိတ်တွေလည်း ပျောက်ကွယ်သွားတတ်ကြတယ်။ ဒါကြောင့် “Big Ideas for Curious Minds” စာအုပ်ဟာ ကလေးဘဝတုန်းက ရှိခဲ့တဲ့ စူးစမ်းလေ့လာလိုစိတ်ကို သမိုင်းတစ်လျှောက် စိတ်ဝင်စားစရာ အကောင်းဆုံး Ideas တွေနဲ့ ပြန်လည်နှိုးဆွပေးမှာ ဖြစ်ပါတယ်။ ဒီစာအုပ်ဟာ ခုနှစ်ပေါင်းများစွာက ကမ္ဘာတစ်ဝန်းမှာ တည်ရှိခဲ့တဲ့ အတွေးအခေါ်ပညာများစွာကို မိတ်ဆက်သွားပြီး၊ ဘာကြောင့်ယနေ့အချိန်အထိ အသုံးဝင်နေကြောင်းကို လေ့လာနိုင်မှာ ဖြစ်ပါတယ်။