(524) Intelligent Thinking
ကိစ္စတစ်ခုခုမှာ ရွေးချယ်မှုတွေမှန်မှန်ကန်ကန် နဲ့အကောင်းဆုံးလုပ်ဆောင်နိုင်ဖို့ ရောက်တတ်ရာရာတွေးနေတာတွေရပ်ပီး ညဏ်ရှိရှိနဲ့အဲ့ဒီ့အကြောင်းအရာကို ခရေစေ့တွင်းကျ နားလည်အောင်အရင်လုပ်ဖို့လိုပါတယ်။ ကိုယ့်ကိုကိုယ်တွေးခေါ်မှုလမ်းစဉ်အဟောင်းတွေထဲကနေ ရုန်းထွက်လို့မရဘူးလို့ ခံစားနေရပါသလား? အခွင့်အလမ်းကောင်းတွေကိုလက်လွတ်ဆုံးရှုံးရတာမျိုးဖြစ်နေလား? သင့်မှာရည်မှန်းချက်တွေရှိနေပေမယ့်ဘာဖြစ်လို့အမြဲလိုလိုကိုယ်ပိုင်ပြဿနာတွေကိုဖြေရှင်းရတာမျိုးတွေ့မှာ အခက်တွေ့နေရတာလဲဆိုတာမျိုးစဉ်းစားဖူးလား? အမြဲလိုလိုဆိုးရွားတယ့်ရွေးချယ်မှုတွေကိုဘဲ ထပ်ခါထပ်ခါလုပ်နေမိနေပြီလား? သင်သာသင့်ရဲ့အတွေးအခေါ်ပုံစံကို ထိန်းချုပ်မထားဘဲ ကိုယ့်ပုံစံနဲ့ကိုယ်လွတ်လွတ်လပ်လပ်တွေးခိုင်းလျှင် သင်ရဲ့ဘဝဟာဘယ်လောက်တောင်ပြောင်းလဲသွားမယ်လို့ထင်ထားလဲ? ဒါမှမဟုတ် သင်သာ Leonardo da Vinci တို့ Einsten တို့လိုမျိုး ဒါမှမဟုတ် ယခုခေတ် စီးပွားရေးဂုရုကြီး Elon Musk တို့ Warren Buffett တို့လိုမျိုး ထိထိရောက်ရောက် ဖြစ်တယ့်နည်းလမ်း တွေကိုသာသင်ယူလေ့လာနိုင်မယ်ဆိုလျှင် ဘာတွေဖြစ်လာမယ်လို့စဉ်းစားမိလဲ? ဒီစာအုပ်ထဲမှာ – ကျွန်တော်တို့ဦးနှောက်ကဘယ်လိုမျိုးလည်ပတ်နေလဲ ဆိုတာနဲ့ ကျွန်တော်တို့စိတ်ထဲမှာ တွေးခေါ်မှုဆိုင်ရာလုပ်ငန်းတွေက ဘယ်လောက်တောင်တိတိကျကျလည်ပတ်နေလဲဆိုတာတွေ – Elon Musk ကသူ့ကိုသူ အင်တာနက်မီလီယံနာသူဌေးကြီးဘဝကနေ အာကာသဒုံးပျံယာဉ် စက်ရုံပိုင်ရှင် ဖြစ်လာတယ့်အထိ …