(405) Leaders eat last
လူတိုင်းက အလုပ်သွားဖို့ အားတက်သရော နိုးထလာနေကြတဲ့ ကမ္ဘာကြီးတစ်ခုကို စိတ်ကူးယဉ်ကြည့်ပါ။ အဲ့ဒီကမ္ဘာကြီးမှာ လူတိုင်းက ကိုယ့်ကို တစ်နေ့တာလုံး ယုံကြည်သလို၊ တန်ဖိုးထားသလို ခံစားရမယ်၊ အိမ်ကို စိတ်ကျေနပ်စွာပြန်လာရမယ်။ ဒီအတွေးတွေက ထူးဆန်းတယ် ထင်ရနိုင်တယ်။ ဒါပေမယ့် ဒီနေ့ခေတ်မှာ အောင်မြင်တဲ့ လုပ်ငန်းအဖွဲ့အစည်းများစွာက အတော်ဆုံးခေါင်းဆောင်တွေဟာ ဝန်ထမ်းတွေ အတူတကွ ပူးပေါင်းပြီး၊ ထူးချွန်တဲ့ အလုပ်တွေ ပြီးမြောက်နိုင်ကြတဲ့ ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးနိုင်နေပြီ ဖြစ်ပါတယ်။ ဒါကို Simon Sinek ရဲ့ “Leaders Eat Last” စာအုပ်ထဲမှာ အတော်ဆုံး Leaders တွေက စွန့်လွှတ်အနစ်နာခံကြပုံကို ဥပမာများစွာနဲ့ စိတ်ဝင်စားစရာ ရေးပြသွားမှာ ဖြစ်ပါတယ်။