(425) Living in the light
Shakti Gawain ရဲ့ “Living in the Light” စာအုပ်ဟာဆိုရင် လူပေါင်းများစွာကို ဘဝနေထိုင်မှု နည်းစနစ်အသစ်တစ်ခုအတွက် ပြတ်သား၊ ညင်သာတဲ့ လမ်းပြမှုကို ပေးစွမ်းသွားမှာဖြစ်ပါတယ်။ အဖြေကတော့ ကျွန်တော်တို့ ကိုယ်တိုင်ရဲ့ နယ်ပယ်မျိုးစုံကို သိမြင်နားလည်ခြင်းကလာပါတယ်။ “Living in the Light” စာအုပ်ဟာ တိုးတက်မှု၊ ပြီးပြည့်စုံမှု၊ သိမြင်နားလည်မှုတွေအတွက် လမ်းပြမြေပုံတစ်ခုပဲ ဖြစ်ပါတယ်။ စာအုပ်ထဲက ကျန်းမာရေး၊ ဆက်ဆံရေး၊ တီထွင်ဖန်တီးမှု၊ ငွေရေးကြေးရေး စတာတွေနဲ့ဆိုင်တဲ့ ရိုးရှင်းပြီး၊ စွမ်းအားပြင်းတဲ့ နည်းစနစ်တွေကို နေ့စဉ်ဘဝမှာ လက်တွေ့အသုံးချနိုင်စေမှာဖြစ်ပါတယ်။