(63) Business Model Innovation Factory
Business Model ကိုဆန်းသစ်ပြောင်းလဲနေဖို့ဟာ လုပ်ငန်းရှင်တိုင်းအတွက် အရေးပါတဲ့ မဟာဗျူဟာတစ်ခု ဖြစ်လာပါတယ်။ Blockbuster ကုမ္ပဏီရဲ့အကြီးအကဲတွေဟာ Netflix ပေါ်လာတာကို သိမြင်နေခဲ့ပေမယ့် သူတို့ရဲ့ Business Model ဟောင်းကြီးကိုသာ ဖက်တွယ်နေတာကြောင့် ရှယ်ယာတန်ဖိုးပေါင်းများစွာ ဆုံးရှုံးခဲ့ရပါတယ်။ Business Model နဲ့ လူနေမှုစနစ်တွေကို ရှာဖွေဖော်ထုတ်၊ စမ်းစစ်နေတဲ့ စမ်းသပ်ခန်းကြီးတစ်ခုဖြစ်တဲ့ Business Innovation Factory(BIF) ရဲ့ အကြီးအကဲနဲ့ တည်ထောင်သူ စာရေးဆရာ Saul Kaplan ဟာ လုပ်ငန်းအဖွဲ့အစည်းတွေဟာ အပြောင်းအလဲမြန်တဲ့ ကမ္ဘာကြီးမှာ ယှဥ်ပြိုင်နိုင်ဖို့အတွက် Business Model တွေကို အမြဲဆန်းသစ်ပြောင်းလဲ နေရမယ်လို့ စာအုပ်ထဲမှာ ရေးသားထားပါတယ်။ အရင်တုန်းက CEO တွေဟာ Business Model တစ်ခုတည်းကိုသာ သူတို့ရဲ့ရာထူးသက်တမ်း တစ်လျှောက်ကို …