(685) Work the System
Sam Carpenter ရေးသားထားတဲ့ Work the System ဆိုတဲ့ စာအုပ်ကတော့ ကိုယ်ဖြတ်သန်းနေတဲ့ ဘဝတစ်လျှောက်မှာ ကိုယ်လုပ်ကိုင်နေတဲ့ အလုပ်နဲ့ အပြန်အလှန်ဆက်သွယ်မှုတွေရှိတဲ့အခါ အလုပ်လုပ်ကိုင်ရတာ လွယ်ကူရိုးရှင်းပြီး စွမ်းဆောင်ရည်ပိုကောင်းစေနိုင်ဖို့အတွက် အကူအညီဖြစ်စေတဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ တကယ်လို့ မိတ်ဆွေက လုပ်ငန်းတာဝန်တွေ ချောမွေ့စွာလုပ်ဆောင်ဖို့အတွက် ထိရောက်မှုရှိပြီး အမှားအယွင်းတွေကို လျော့ချနိုင်တဲ့ အကောင်းဆုံးစနစ်တစ်ခုကို ပုံဖော်လိုတယ်ဆိုရင်၊ ကောင်းမွန်တဲ့ ရလဒ်တွေကိုရဖို့ စည်းကမ်းတွေ၊ အာရုံစူးစိုက်မှုတွေနဲ့၊ ဇွဲရှိမှုတွေ၊ စိတ်သဘောထားတွေကို ကောင်းစွာအသုံးပြုတတ်လိုတယ်ဆိုရင် ဖတ်သင့်တဲ့ စာအုပ်ကောင်းတစ်အုပ်ဘဲဖြစ်ပါတယ်။ “Work the System” ဆိုတဲ့ စာအုပ်ကတော့ စွန့်ဦးတီထွင်သူတွေ၊ စီးပွားရေးခေါင်းဆောင်တွေနဲ့ မိမိရဲ့လုပ်ငန်းခွင်နှင့်ဘဝတွေကို စီမံခန့်ခွဲတဲ့နေရာမှာ စနစ်တကျနဲ့ ထိထိရောက်ရောက် မြှင့်တင်လိုသူတိုင်းအတွက် ၎င်းတို့ရဲ့ ပန်းတိုင်တွေမှာ အောင်မြင်စေရန် ကူညီပေးနိုင်တဲ့ စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။