fbpx

Ryan Levesque

(180) Choose The Book

စီးပွားရေးလုပ်ငန်းသစ်တွေ ကျရှုံးကြတဲ့ အကြီးမားဆုံး အကြောင်းအရင်းက ဘယ်လုပ်ငန်းကို စတင်ရမလဲဆိုတဲ့ မေးခွန်းကြောင့်ဖြစ်တယ်။ ဒီနေရာမှာ ရှေးရိုးဆွဲ အယူအဆတွေက မှားနေလေ့ရှိတယ်။ ‘What’ ဆိုတဲ့ ဘယ်အရာကို ရောင်းချမလဲ၊ ဘယ်အရာကို တည်ဆောက်မလဲဆိုတဲ့ မေးခွန်းထက် ‘Who’ ဆိုတဲ့ ဘယ်သူတွေကို ရောင်းချမှာလဲဆိုတာ အရင်မေးဖို့လိုတယ်။ ‘What’ က ယုတ္တိရှိတဲ့ မေးခွန်းဆိုပေမယ့် ‘Who’ ကတော့ အရာအားလုံး တည်ဆောက်ဖို့ အခြေခံအုတ်မြစ် ဖြစ်ပါတယ်။ ဒီစာအုပ်က ထိုအကြောင်းအရာတွေကို ရေးသားထားတဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ သင့်ရဲ့ ကိုယ်ပိုင်လုပ်ငန်းစတင်ချင်တဲ့ အိပ်မက်တွေရှိရင်၊ သင့်ရဲ့ Boss က သင်ကိုယ်တိုင်ဖြစ်လာချင်ရင်၊ သင့်နည်းအတိုင်း သင်လုပ်ချင်ပေမယ့် ပထမ‌ခြေလှမ်းစတင်ဖို့ ကြောက်နေရင် ဒီစာအုပ်က သင့်အတွက်ဖြစ်စေမှာပါ။

Ask

(6) Ask

လူတွေရဲ့အကြိုက်ကို သိချင်ရင် မှန်ကန်တဲ့မေးခွန်းတွေ မေးဖို့လိုပါတယ်။ Ask စာအုပ်ဟာဆိုရင် ကိုယ့်ရဲ့အလားအလာရှိတဲ့ ဝယ်ယူသူနဲ့ ဖောက်သည်တွေ စဥ်းစားနေတဲ့ အရာတွေကို အထင်အမြင်နဲ့ပဲ ကောက်ချက်မချသင့်ကြောင်း ပြောပြထားပါတယ်။ စာအုပ်ထဲမှာပါဝင်တဲ့ Ask Formula ဟာ မတူညီတဲ့လုပ်ငန်းနယ်ပယ် ၂၃ခုမှာ မီလီယံဒေါ်လာ စီးပွားရေးလုပ်ငန်းတွေ တည်ထောင်နိုင်စေခဲ့ပြီး အရောင်းပိုင်းမှာလည်း ဒေါ်လာ 100 မီလီယံကျော် ရရှိစေခဲ့ပါတယ်။ Ask Formula ဟာ လူတွေဘာကိုဝယ်ချင်သလဲ? ဒီအရာကို ဘယ်လိုပို့ဆောင်ပေးနိုင်မလဲ? ဆိုတဲ့အရာတွေကို အဖြေရှာဖို့ အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။ စာအုပ်ထဲမှာဆိုရင် ကျွမ်းကျင်တဲ့ Online Marketer တစ်ယောက်ဖြစ်သူ စာရေးဆရာ Ryan Levesque ရဲ့ Customer Survey ကိုအခြေခံပြီး Sale Funnels System တွေတည်ဆောက်နိုင်ပုံကို လေ့လာနိုင်မှာပဲဖြစ်ပါတယ်။ …

(6) Ask Read More »

Toe Tet's Logo