(434) Stillness is The Key
အတော်ဆုံး ခေါင်းဆောင်တွေ၊ အနုပညာရှင်တွေ၊ အမြော်အမြင်ရှိသူတွေမှာ တူညီတဲ့ အရည်အသွေးတစ်ခုရှိတယ်။ အဲ့ဒါကတော့ သူတို့ရဲ့စိတ်ကို ထိန်းချုပ်နိုင်တာပဲ။ အကောင်းဆုံး အတွေးအခေါ်တွေ ရရှိဖို့ သွေးဆောင်မှုတွေကို ရှောင်ရှားကြတယ်။ ပျော်ရွှင်မှုကို ရရှိဖို့ မှန်တဲ့အလုပ်ကို လုပ်ကြတယ်။ Ryan Holiday က ဒါကို အရှုပ်အထွေးတွေကြားမှာ တည်ငြိမ်နိုင်ခြင်းလို့ ခေါ်ဆိုသွားခဲ့တယ်။ “Stillness is The Key” စာအုပ်ထဲမှာဆိုရင် ဒီရှေးကျတဲ့ ဘဝနေထိုင်ပုံကို ရရှိဖို့ ရေးသားသွားခဲ့တယ်။ သမိုင်းရဲ့ အတော်ဆုံး အတွေးအခေါ်ပညာရှင်တွေဖြစ်တဲ့ Confucius, Seneca, Marcus Aurelius နဲ့ Thich Nhat Hanh တို့ကို သင်ခန်းစာယူပြီး၊ ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်ဖို့၊ အာရုံစူးစိုက်မှုမြင့်ဖို့ နည်းလမ်းတွေကို ပြောပြသွားမှာပါ။