(58) Expert Secrets
ဒီစာအုပ်ကတော့ Russell Brunson ရေးခဲ့တဲ့ ကမ္ဘာကျော်စာအုပ်တစ်အုပ်ပဲ ဖြစ်ပါတယ်။ Russell Brunson ဟာ စွန့်ဦးတီထွင်သူ ပေါင်းများစွာကို သူတို့ရဲ့ message ကို စျေးကွက်ထဲကို ရောက်ဖို့ ကူညီပေးနေတဲ့ ClickFunnels software company ရဲ့ co founder နဲ့ CEO ဖြစ်ပါတယ်။ ဒါ့အပြင် သူ့မှာ စွန့်ဦးတီထွင်ပေါင်း တစ်သန်း Follower ရှိပြီး သူ့စာအုပ်ပေါင်း သိန်းပေါင်းများစွာကို ရောင်းချနိုင်ခဲ့တဲ့ သူတစ်ယောက် ဖြစ်ပါတယ်။ ဒီစာအုပ်ထဲမှာဆိုရင် စာရေးဆရာက သက်ဆိုင်ရာ နယ်ပယ်မှာ Charismatic expert ဖြစ်အောင် ဘယ်လိုလုပ်မလဲ၊ customer တွေနဲ့ ယုံကြည်မှုတစ်ခုကို ဘယ်လိုတည်ဆောက်မလဲ၊ ဝင်ငွေရဖို့ ဘယ်လို communicate လုပ်မလဲဆိုတာကို အဓိကဖော်ပြထားပါတယ်။ ဒါ့အပြင် …