(676) Decision Box

နေ့စဉ်ဘ၀မှာ ဆုံးဖြတ်ချက်တွေချမှတ်ရတဲ့အခါမှာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကို ဘယ်လိုချမှတ်ရမလဲ၊ ပိုပြီးထိရောက်ကောင်းမွန်အောင် အလုပ်တွေကို ဘယ်လိုဆောင်ရွက်ရမလဲဆိုတာ သိဖို့လိုပါတယ်။The Decision Book ဆိုတဲ့ စာအုပ်လေးကတော့ Mikael Krogerus နဲ့ Roman Tschappeler ရေးသားထားပြီး၊ နေ့စဉ်ဘ၀မှာ ရှင်သန်လှုပ်ရှားနေရတဲ့တလျှောက် ချမှတ်ရတဲ့ ဆုံးဖြတ်ချက်တွေကို နည်းလမ်းမှန်ကန်စွာ ချမှတ်နိုင်ဖို့ လမ်းညွှန်ထားတဲ့ စာအုပ်လေး တစ်အုပ်ဖြစ်ပါတယ်။တကယ်လို့မိတ်ဆွေအနေနဲ့ presentation တွေအတွက် စီစဉ်ဆောင်ရွက်လိုရင်ဘဲဖြစ်ဖြစ်၊ တစ်စုံတစ်ဦးရဲ့ စီးပွားရေးအကြံဉာဏ်တွေကို လေ့လာစမ်းစစ်လိုရင်ဘဲဖြစ်ဖြစ်၊ ကိုယ့်အကြောင်းကိုယ် ပိုပြီးသိလိုရင်ဘဲဖြစ်ဖြစ် ဒီစာအုပ်လေးက အသုံးဝင်တဲ့ visual tools တွေနဲ့အတူ ဖော်ပြရှင်းလင်းထားပြီး၊ ပြဿနာတွေကိုရှင်းလင်းစေကာ ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်ဆီ ဦးတည်နိုင်အောင် ကူညီပေးပါလိမ့်မယ်။

(676) Decision Box Read More »