fbpx

Author Name: Robert Greene

(439) The Daily Laws

“The Daily Laws” စာအုပ်ကို လေ့လာဖို့ မိနစ်အနည်းငယ်သာကြာပြီး၊ သင်ခန်းစာတိုင်းမှာ နှစ်တစ်နှစ်ရဲ့ နေ့ရက်တိုင်းအတွက် တိကျတဲ့ အသိပညာစာမျက်နှာတစ်ခုကို ပေးထားပါတယ်။ နေ့ရက်တိုင်းမှာ နေ့စဉ် Laws တွေပါရှိတာကြောင့် ဘဝတိုက်ပွဲတွေအတွက် စာဖတ်သူတွေ လျစ်လျူရှုမရတဲ့ လမ်းညွှန်ချက်တစ်ခု ဖြစ်စေမှာပါ။ လတိုင်းအတွက် မတူညီတဲ့ အဓိကအကြောင်းအရာတွေဖြစ်တဲ့ ပါဝါ၊ သွေးဆောင်မှု၊ ဗျူဟာ၊ လူ့သဘောသဘာဝ၊ အဆိပ်သင့်တဲ့သူတွေ၊ ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်မှု၊ ကျွမ်းကျင်မှု၊ စိတ်ပညာ၊ ခေါင်းဆောင်မှု၊ တီထွင်ဖန်တီးနိုင်မှု စတာတွေကို စုံလင်စွာ ထည့်သွင်းထားပါတယ်။

(5) The Art of Seduction

ရဲရင့်တင့်တယ်ပြီး တီထွင်ဆန်းသစ်တဲ့ လွှမ်းမိုးခြင်းနည်းဥပဒေသတွေပါဝင်တဲ့ `The 48 Laws of Power´ စာအုပ်ရဲ့ စာရေးဆရာ Robert Greene ဟာ အခုတစ်ခါမှာလည်း သမိုင်း​ကြောင်းတွေကို လေ့လာပြီး သွေးဆောင်ဖြားယောင်းခြင်းရဲ့ သဘောတရားတွေကို ရေးသားခဲ့ပါတယ်။ `The Art of Seduction´ စာအုပ်ဟာ Freud, Ovid, Kierkegaard နဲ့ Einstein တို့လိုအတွေးအခေါ်ပညာရှင်တွေရဲ့ အကြောင်းတွေ၊ သမိုင်းမှာ အကျွမ်းကျင်ဆုံး သွေးဆောင်ဖြားယောင်းသူတွေရဲ့ အောင်မြင်မှုတွေကို ပေါင်းစပ်ရေးသားထားပါတယ်။ ဒီစာအုပ်မှာဆိုရင် သွေးဆောင်ဖြားယောင်းသူတွေရဲ့ စိတ်ထဲထိဝင်ရောက်ပြီး သူတို့အသုံးပြုခဲ့တဲ့ နည်းဗျူဟာတွေ၊ အောင်မြင်မှု၊ ကျရှုံးမှုတွေအကြောင်းကို ရေးသားထားခဲ့ပါတယ်။ စာအုပ်ထဲမှာပါဝင်တဲ့ နည်းလမ်း ၂၄ခုဟာ စာဖတ်သူတွေကို သွေးဆောင်ဖြားယောင်းပုံ၊ ဉာဏ်များပုံ၊ လွှမ်းမိုးမှုရယူနိုင်ပုံ အဆင့်ဆင့်ကို လမ်းပြပေးနိုင်မှာဖြစ်ပါတယ်။ အရေးကြီးဆုံးအချက်တွေကိုသာ စနစ်တကျစုစည်းထားတဲ့ …

(5) The Art of Seduction Read More »

Toe Tet's Logo