(444) The Rules of Work

တချို့လူတွေက သူတို့ရဲ့အလုပ်မှာ ကျွမ်းကျင်ကြတယ်။ သူတို့က အမြဲတမ်း သင့်တော်တာကို ပြောတယ်၊ မှန်တဲ့ အလုပ်ကိုလုပ်တယ်။ စကားဝိုင်းတိုင်းမှာ သူတို့အကြောင်းက မပါမဖြစ်ပဲ။ လူတိုင်းက သူတို့ကို ကြိုက်နှစ်သက်ပြီး၊ ရာထူးတိုးလည်း မြန်ကြတယ်။ သူတို့ကို ကြည့်ရင် အလွန်အကျွံအားစိုက်ထုတ်ပုံမပေါ်ဘဲ ဒါတွေအားလုံးကို ပြုလုပ်နိုင်တယ်။  သူတို့ရဲ့ လျှို့ဝှက်ချက်က အလုပ်ရဲ့ စည်းမျဉ်းတွေကို သိမြင်ပြီး၊ ဒီစည်းမျဉ်းတွေကို လိုက်နာကြလို့ပဲ။ ကိုယ်ကိုယ်တိုင်လည်း သူတို့လို အောင်မြင်မှုတွေရရှိချင်ရင်တော့ “The Rules of Work” က သင့်ကို ကူညီနိုင်ပါလိမ့်မယ်။